ပေါင်ချိန်

တရုတ် မြို့တော်ဝန်

ပေါင်ချိန် (Bao Zheng၊ 包拯၊ ၅ မတ် ၉၉၉ - ၂၀ မေ ၁၀၆၂)၊ ပေါင်ဂုန် (Bao Gong၊ 包公၊ "ပေါင်လူကြီးမင်း") သည် တရုတ်ပြည်တွင် ဆုန်မင်းဆက်၏ ဧကရာဇ်တစ်ပါးဖြစ်သော ရန်ဇုန်မင်း (Emperor Renzong) အုပ်စိုးစဉ်အခါက မင်းမှုထမ်း အစိုးရအရာရှိတစ်ဦး ဖြစ်သည်။ အစိုးရဘက်ဆိုင်ရာတွင် နှစ်ဆယ့်ငါးနှစ်တာ တာဝန်ထမ်းဆောင်မှုအတောအတွင်း သူ၏ ဦးလေးအရင်းအား ပြစ်ဒဏ်ချမှတ်စီရင်ခဲ့ခြင်း၊ ဧကရာဇ်ဘုရင် ရန်ဇုန် နှစ်သက်သော ကိုယ်လုပ်တော်တစ်ဦး၏ ဦးလေးအား သံသယရှိ၍ စွပ်စွဲခြင်းနှင့် အာဏာရှိ အထက်တန်းစားမိသားစုများအား ပြစ်ဒဏ်ပေးခဲ့ခြင်းစသည့် လုပ်ရပ်များကြောင့် ထူးကဲသော ရိုးသားဖြောင့်မတ်မှုနှင့် ကိုယ့်ကျင့်သိက္ခာတို့ဖြင့် ပေါင်သည် အပြောင်းအလဲမရှိ နာမည်ကျော်ကြားခဲ့သည်။ သူသည် ၁၀၅၇ ခုနှစ်မှ ၁၀၅၈ ခုနှစ်အထိ ပြည်သူလူထု၏ မတရားခံရမှု မကျေနပ်ချက်များကို ပိုကောင်းကောင်းကြားနိုင်ရန် ပြောင်းလဲမှုများကို သူအစပျိုးခဲ့သည့် ဆုန်နိုင်ငံမြို့တော် ခိုင်ဖွန်းတွင် ပြည်နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းက သူ့အား ဒဏ္ဍာရီဟုထင်ရလောက်အောင် သမိုင်းတွင်သော ဂန္ထဝင်ပုဂ္ဂိုလ်ကျော် ဖြစ်စေခဲ့သည်။ သာမန်ပြည်သူတို့အား အကျင့်ပျက်ခြစားမှုရန်မှ ရှောင်ရှားနိုင်ရန် ကူညီခဲ့ခြင်းကြောင့် သူသည် လေးစားသမှုဖြင့် ဂုဏ်ပြုချီးမြှောက်သော ပြည့်သူ့တရားရှင် ပေါင်လူကြီးမင်း (Justice Bao၊ 包青天) ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့လေသည်။

ပေါင်ချိန်
Bao Zheng
အင်အားသုံးခု၏ ရုပ်ပြပုံများမှ (၁၆၀၉ ခုနှစ်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(၉၉၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-0၅)၅ မတ်၊ ၀၉၉၉
ဟက်ဖိုင် (Hefei)၊ ဆုန်အင်ပါယာ (Song Empire) (ယနေ့ခေတ်တွင် အန်ဟူ (Anhui) မှ ဟက်ဖိုင် အနီးရှိ ဖိုင်ဒုန်စီရင်စု (Feidong County) အတွင်း)
ကွယ်လွန်၂၀ မေ၊ ၁၀၆၂(၁၀၆၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၂၀) (အသက် ၆၃)
ခိုင်ဖွန်း (Kaifeng)၊ ဆုန်အင်ပါယာ (ယနေ့ခေတ်တွင် ဟီနန် (Henan) မှ ခိုင်ဖွန်းအတွင်း)
သင်္ဂြိုဟ်ရာနေရာလူယန် ခရိုင် (Luyang District)၊ အန်ဟူရှိ ဟက်ဖိုင်မှ အုတ်ဂူအဆောက်အအုံ 31°51′27.17″N 117°17′56.39″E / 31.8575472°N 117.2989972°E / 31.8575472; 117.2989972
ကြင်ဖော်(များ)
  • ဇျန် အမျိုးသမီး (Lady Zhang) (張氏)
  • ဒုန် အမျိုးသမီး (Lady Dong) (董氏)
သားသမီး
  • ပေါင်ရီ (Bao Yi) (包繶)၊ သား
  • ပေါင် ရှောန် (Bao Shou) (包綬)၊ သား

ယနေ့ခေတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တွင်မူ ပေါင်ချိန်သည် တရားမျှတမှု၏ အမှတ်သင်္ကေတအဖြစ်ပင် ဂုဏ်ပြုခံနေရပြီ ဖြစ်သည်။ အဓိကအားဖြင့် သူ၏ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန် ရေးသားထားသော ဂုန်အန် (Gong'an) နှင့် ဝူရှိယား (Wuxia) ဇာတ်လမ်းများသည် အမျိုးမျိုးအဖုံဖုံ စာပေအစုံသို့ ရောက်ရှိလာပြီး ပြည်သူများအကြား အထူးရေပန်းစားခဲ့သည်။ ခေတ်ရေစီးကြောင်းပေါ်မှ တရုတ်ဒဏ္ဍာရီများတွင်မူ သူ့သည် တရားသူကြီးဆောင်း ဒေါက်ချာဦးထုပ် ဝတ်ထားပြီး နဖူးပေါ်တွင် လခြမ်းပုံအမှတ်အသားရှိသည်ဟု ဖော်ပြပါရှိသည်။ အချို့သော တရုတ်ပြည်နယ်များတွင် တရားရှင်ပေါင်ကို သဘောကောင်းသည့် စစ်မက်နတ်ဘုရား ဂုရန် ဂုန် (Guan Gong) နှင့် တန်းတူထားကာ နတ်အဖြစ်ကိုးကွယ်ကြပေသည်။

ကိုးကား ပြင်ဆင်ရန်