ပေါလ် စခိုး

(ပေါလ်စခိုး မှ ပြန်ညွှန်းထားသည်)

ပေါလ် အေရွန် စခိုး (Paul Scholes) ( ၁၉၇၄ နိုဝင်ဘာ ၁၆ မွေး) သည် အနားယူသွားသော အင်္ဂလိပ် ဘောလုံးသမား တစ်ယောက် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ်တွင် အလယ်တန်း ကစားသမား တစ်ဦး အဖြစ် ကစားခဲ့သည်။ သူသည် သူ၏ ဘောလုံးသမား သက်တမ်း တလျှောက်လုံးကို မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်းတစ်ခုတည်းတွင်သာ ကုန်ဆုံးခဲ့သည်။

ပေါလ် စခိုး
ကိုယ်ရေးအချက်အလက်များ
အရပ်အမြင့် ၅ ပေ ၇ လက်မခွဲ
ကစားသည့်နေရာ အလယ်တန်း (အနားယူ)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မန်ချက်စတာ ယူနိုက်တက်
လူငယ်ဘဝကလပ်များ
၁၉၉၁-၁၉၉၄ မန်ချက်စတာ ယူနိုက်တက်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၄၄-၂၀၁၁ မန်ချက်စတာ ယူနိုက်တက်
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၇-၂၀၀၄ အင်္ဂလန်ဘောလုံးအသင်း

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ပေါလ်စခိုးကို ဆဲလ်ဖို့ဒ်တွင် မွေးပြီး နောက်ပိုင်းတွင် လန်လေ သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတွင် ခရစ်ကက် နှင့် ဘောလုံး နှစ်ခုစလုံးတွင် ထူးချွန်သည်။ သူ၏ ကျောင်းရှိ ကင်းထောက် တစ်ဦးက သူ့အား သတိထားမိပြီးသွားသည့် နောက်တွင် အသက် ၁၄ နှစ် အရွယ်မှ စ၍ မန်ချက်စတာ ယူနိုက်တက်၌ လေ့ကျင့်ကစားစေခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ဖလား ၃ လုံးရသော ရာသီတွင် အဓိက နေရာမှ ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နှင့် အတူ ပရီးမီးယားလိဂ်ဖလား ၁၀ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တွင် ဒုတိယ တံဆိပ်တို့ ရရှိခဲ့ဖူးသည်။

စခိုးသည် အင်္ဂလန်နိုင်ငံ အသင်းတွင် ၁၉၉၇ မှ ၂၀၀၄ ခုနှစ် အထိ ပါဝင်ကစားခဲ့ပြီး ၁၉၉၈ နှင့် ၂၀၀၂ ကမ္ဘာ့ဖလား အပြင် ယူရို ၂၀၀၀ နှင့် ယူရို ၂၀၀၄ တို့တွင် ပါဝင်ကစားခဲ့သည်။ ကစားပွဲအားလုံးတွင် အဝါကဒ် ၁၂၀ ကျော် ထိဖူးပြီး အနီကဒ်ပြ၍ အထုတ်ခံရသည်မှာ ၁၀ ကြိမ် ရှိသည်။

စခိုးသည် မန်ချက်စတာ ယူနိုက်တက်နှင့် အတူပွဲပေါင်း ၆၅၀ ကျော် ကစားခဲ့သဖြင့် မန်ယူနှင့် ကစားသော ဘောလုံးသမားများတွင် စတုတ္ထမြောက် အများဆုံး ပွဲကစားသူဖြစ်သည်။ သူသည် ၃၁ မေလ ၂၀၁၁ တွင် အနားယူရန် တရားဝင်ကြေညာခဲ့သည်။