ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သည် ပဲခူးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးရှိသည်။

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်
High Court of the Bago Region
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်bago.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဒေါ်လွင်လွင်အေးကျော်
စတင်တာဝန်ထမ်းဆောင်၁၀ ဇွန် ၂၀၂၁

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ပဲခူးတိုင်းဒေသကြီးတရားရုံးကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၃)ဦး စုစုပေါင်း (၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သည် ပဲခူးမြို့တွင် တည်ရှိသည်။

တရားသူကြီးများ ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၄)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁-လက်ရှိ) ပြင်ဆင်ရန်

  • ဦးမောင်မောင်ရွှေ(၃၀-၃-၂၀၁၁ မှ ၁၃-၁၀-၂၀၁၉ )
  • ဦးမောင်မောင်အေး(၃၁-၁၀-၂၀၁၉ မှ ၁၀-၆-၂၀၂၁)
  • ဒေါ် လွင်လွင်အေးကျော် (၁၀-၆-၂၀၂၁ မှ လက်ရှိ)

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ကို  ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]

ခရိုင်တရားရုံးများ ပြင်ဆင်ရန်

  • ပဲခူးခရိုင်တရားရုံး
  • တောင်ငူခရိုင်တရားရုံး
  • သာယာဝတီခရိုင်တရားရုံး
  • ပြည်ခရိုင်တရားရုံး

မြို့နယ်တရားရုံးများ ပြင်ဆင်ရန်

  • ပဲခူးမြို့နယ်တရားရုံး
  • သနပ်ပင်မြို့နယ်တရားရုံး
  • ကဝမြို့နယ်တရားရုံး
  • ဝေါမြို့နယ်တရားရုံး
  • ဒိုက်ဦးမြို့နယ်တရားရုံး
  • ညောင်လေးပင်မြို့နယ်တရားရုံး
  • ကျောက်တံခါးမြို့နယ်တရားရုံး
  • ရွှေကျင်မြို့နယ်တရားရုံး
  • တောင်ငူမြို့နယ်တရားရုံး
  • ရေတာရှည်မို့နယ်တရားရုံး
  • အုတ်တွင်းမြို့နယ်တရားရုံး
  • ဖြူးမြို့နယ်တရားရုံး
  • ထန်းတပင်မြို့နယ်တရားရုံး
  • ကျောက်ကြီးမြို့နယ်တရားရုံး
  • သာယာဝတီမြို့နယ်တရားရုံး
  • လက်ပံတန်းမြို့နယ်တရားရုံး
  • မင်းလှမြို့နယ်တရားရုံး
  • မိုးညိုမြို့နယ်တရားရုံး
  • အုတ်ဖိုမြို့နယ်တရားရုံး
  • ကြို့ပင်ကောက်မြို့နယ်တရားရုံး
  • ဇီးကုန်းမြို့နယ်တရားရုံး
  • နတ်တလင်းမြို့နယ်တရားရုံး
  • ပြည်မြို့နယ်တရားရုံး
  • ပန်းတောင်းမြို့နယ်တရားရုံး
  • ပေါက်ခေါင်းမြို့နယ်တရားရုံး
  • ရွှေတောင်မြို့နယ်တရားရုံး
  • ပေါင်းတည်မြို့နယ်တရားရုံး
  • သဲကုန်းမြို့နယ်တရားရုံး


ကိုးကား ပြင်ဆင်ရန်

  1. ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ