ပဲဒက်ရွာ၊ သရက်ချောင်းမြို့နယ်
ပဲဒက်ရွာ(အင်္ဂလိပ်: Pedet)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၃၁၃ ဖြစ်သည်။ အာစီအမျိုးအစား ပေ ၃၀၀ ရှည်သော ပဲဒက်တံတားကို ၂၀၁၇ တွင် တည်ဆောက်ပြီး၊ ကားသွား၍ ရသည်။ အထက်တန်းကျောင်းရှိပြီး၊ ဆရာ/မ ၃၀ နီးပါး၊ ကျောင်းသား/သူ ၆၀၀ ကျော် ရှိသည်။ ပဲဒက်တိုက်နယ်ဆေးရုံသည် ကုတင် ၁၆ လုံး ဆန့်သည်။ ကျေးလက်ကျန်းမာရေးဌာန ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၁၉၉၊ စုစုပေါင်း ၅၈၆၉ ဦးနေထိုင်သည်။ [၁]
ကိုးကား ပြင်ဆင်ရန်
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |