ပြည်သူ့ကာကွယ်ရေးတပ်မတော်

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်ပြည်သူ့တပ်မတော်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (အင်္ဂလိပ်: People's Defense Force (PDF)) သည် မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ မေလ ၅ ရက်တွင် ဖွဲ့စည်းလိုက်သော တရားဝင်ပြည်သူ့တပ်မတော်ဖြစ်ပြီး[၃] ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားသည်။[၄]

People's Defense Force
ပြည်သူ့ကာကွယ်ရေးတပ်မတော်
မြန်မာပြည်တွင်းတိုက်ပွဲတွင် ပါဝင်
ပြည်သူ့ကာကွယ်ရေးတပ်၏အလံ (ဂျပန်ခေတ်တော်လှန်ရေးအလံနှင့်ဆင်တူသည်)
ပြည်သူ့ကာကွယ်ရေးတပ်၏အလံ
(ဂျပန်ခေတ်တော်လှန်ရေးအလံနှင့်ဆင်တူသည်)
လှုပ်ရှားမေလ ၅ရက် ၂၀၂၁ ခုနှစ်
ခံယူချက်
  • စစ်အာဏာရှင်စနစ်ကျဆုံးရေး
  • ဖက်ဒရယ်ဒီမိုကရေစီရရှိနိုင်ရေး
  • ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် ပူးပေါင်းပါဝင်ရေး
အဖွဲ့များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တည်ထောင်သူအမျိုးသားညီညွတ်ရေးအစိုးရ
ဦးဆောင်သူဦးမန်းဝင်းခိုင်သန်း(ပြည်ထောင်စုဝန်ကြီးချုပ်) [စစ်သေနာပတိ]
စစ်ဖက်ဆိုင်ရာခေါင်းဆောင်ဦးရည်မွန် ကာကွယ်ရေးဝန်ကြီး
လှုပ်ရှားသည့် ဧရိယာမြန်မာနိုင်ငံမြန်မာနိုင်ငံအနှံအပြား
အင်အား၅၀,၀၀၀ (၂၀၂၂ ခန့်မှန်း)[၁]
တစ်စိတ်တစ်ပိုင်းကာကွယ်ရေး ဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ)
မဟာမိတ်
ပြိုင်ဘက်
တိုက်ပွဲနှင့် စစ်ပွဲများ
  • တောတွင်းတိုက်ပွဲများ၊
  • ကျေးလက်ဒေသတိုက်ပွဲများ၊
  • မြို့ပြတိုက်ပွဲများ
အဖွဲ့အစည်းများဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ
အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခံထားရသူ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၎င်းထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်မီဒီယာဖြစ်သည့် မြဝတီ (MWD) မှ PDF နှင့် NUG အား အကြမ်းဖက်သူများအဖြစ်တန်ပြန်ကြေဌာခဲ့သည် [၅]



သမိုင်းကြောင်း ပြင်ဆင်ရန်

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏  ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ၌  တရားဝင် ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်၏ အမိန့်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။[၆]

ယင်းထုတ်ပြန်ချက်၌ စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို ရယူကာ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်၍ ဖွဲ့စည်းရခြင်း၏ အခြားအကြောင်းအရင်းများကိုလည်း ဖော်ပြထားသည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုမည်သည့်ဒေသတွင် အခြေစိုက်မည်ဆိုသည့်အချက်များကိုမူ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။[၇]

ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသူလူငယ်များ ပါဝင်မည်ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်များနှင့်လည်း မဟာမိတ်ဖွဲ့ပြီး[၈] ပြည်သူကို ကာကွယ်စောင့်ရှောက်သွားရန် ရည်ရွယ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန် ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။[၇] ဖက်ဒရယ်တပ်မတော်တစ်ခုကို လျင်မြန်စွာ တည်ထောင်ရန်အတွက် ခက်ခဲသောကြောင့် ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကျွမ်းကျင်ပြောင်မြောက်သော တပ်မတော်(professional) အဖြစ် ဖွဲ့စည်းမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။[၉]

ပြည်ထောင်စုဝန်ကြီး(ကာကွယ်ရေးဝန်ကြီးဌာန)ဦးရည်မွန် က RFA နှင့်အင်တာဗျူးရာတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်အင်အား ၃၀၀၀၀ခန့် ရှိလာမည်ဟု ပြောကြားခဲ့သော်လည်း[ကိုးကားချက်လိုသည်] အင်အားအတိအကျကို ဖော်ထုတ်ပြောဆိုခြင်း မရှိပေ။[၁၀] အာဏာသိမ်းယူပြီးနောက် လအနည်းငယ်အကြာတွင် မြန်မာနိုင်ငံတဝှမ်း မြို့နယ်အချို့တွင် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြသည်။[၁၁] [၁၂] စက်တင်ဘာလတွင် Tnintharyi Defence Force (TDF) မှ အင်အား ၁၀၀ သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပူးပေါင်းပါဝင်ခဲ့သည်။ ယခုအခါတွင် PDF အင်အားကို အတိအကျမသိရသေးသော်ငြားလည်း တပ်ရင်း ၄၀၀ ကျော် ရှိသည်ဟု သိရသည်။[၁၃]


ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ပြည်သူ့ကာကွယ်ရေး တပ်မတော်၏စစ်ဦးစီးချုပ်နှင့်ဒုတိယစစ်ဦးစီးချုပ်ကို ကာကွယ်ရေးဝန်ကြီးက လွှတ်တော်သို့ အဆိုတင်သွင်းပြီး စစ်သေနာပတိ(ပြည်ထောင်စုဝန်ကြီးချုပ်) ကခန့်အပ်သည်။ စစ်ဦးစီးချုပ်မှ အဆိုတင်သွင်းသောစစ်တိုင်းမှူး၊ တပ်မမှူး(ဗိုလ်မှူးချုပ်)၊ တပ်မဟာမှူးတို့ကို ကာကွယ်ရေးဝန်ကြီးက ခန့်အပ်ပေးရသည်။

အရာရှိချုပ်များအနေဖြင့်-

  • စစ်ရေးချုပ်
  • စစ်ထောက်ချုပ်
  • စစ်ဆင်ရေးအရာရှိချုပ်
  • ထောက်လှမ်းရေးအရာရှိချုပ်
  • ပြည်သူ့လုံခြုံရေးအရာရှိချုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တို့ဖြင့် ဖွဲ့စည်းထားသည်။[၄] တိုင်းစစ်ဌာချုပ် (Division) တစ်ခုတွင် တပ်မဟာ (Brigades) သုံးခုအနည်းဆုံး ဖွဲ့စည်းပါဝင်ပြီး ဗိုလ်ချုပ်အဆင့်အရာရှိက တိုင်းမှူးအဖြစ် ကွပ်ကဲသည်။ တပ်မဟာတစ်ခုတွင် ခြေလျင်တပ်ရင်း (Battalions) သုံးရင်း၊ အမြောက်တပ်ရင်းတစ်ရင်းနှင့် အထူးကွန်မန်ဒိုတပ်ရင်းတစ်ရင်းတို့ ပါဝင်ကာ ဗိုလ်မှူးကြီးအဆင့် အရာရှိက တပ်မဟာမှူးအဖြစ် တာဝန်ယူကွပ်ကဲသည်။ တပ်ရင်းတစ်ခုတွင် တပ်ခွဲ (Company) လေးခွဲပါဝင်ပြီး ဒုဗိုလ်မှူးကြီးအဆင့် အရာရှိက တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးအဆင့် အရာရှိက ဒုတပ်ရင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူသည်။ တပ်ခွဲတစ်ခွဲတွင် တပ်စု (Platoon) သုံးခုဖြင့် ဖွဲ့စည်းကာ ဗိုလ်ကြီးအဆင့် အရာရှိက တပ်ခွဲမှူးအဖြစ် ကွပ်ကဲသည်။ တပ်စုတစ်စုတွင် တပ်စိတ် (Squad) သုံးခုဖြင့် ဖွဲ့စည်းကာ ဗိုလ်အဆင့် အရာရှိက တပ်စုမှူးအဖြစ် ကွပ်ကဲသည်။ တပ်စိတ်တစ်စိတ်တွင် အင်အား ၁၀ ဦးပါဝင်ကာ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သား ရှစ်ဦးဖြစ်ပြီး တပ်ကြပ်သည် တပ်စိတ်မှူးအဖြစ် တာဝန်ယူကွပ်ကဲသည်။[၁၄]

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar reaches a political impasse"၊ Bangkok Post၊ 7 February 2022။ 
  2. Chin National Front Signs Deal with Myanmar’s Shadow Govt (29 May 2021)။ 30 May 2021 တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းကြေညာ။ Archived 6 May 2021 at the Wayback Machine. ၅ မေ ၂၀၂၁
  4. ၄.၀ ၄.၁ ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည် (in en)။ 24 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2021 တွင် ပြန်စစ်ပြီး။
  5. https://www.moi.gov.mm/news/54936
  6. ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းထုတ်ပြန်။ Archived 6 May 2021 at the Wayback Machine. 5 မေ 2021
  7. ၇.၀ ၇.၁ "ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်ကြေညာ"၊ Myanmar Now၊ ၅ မေ ၂၀၂၁။ 6 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 6 May 2021။ 
  8. "Who are Myanmar's ethnic militias?"The Economist။ 15 April 2021။ 7 September 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 5 September 2021 တွင် ပြန်စစ်ပြီး
  9. "ပြည်သူ့ကာကွယ်ရေး တပ်မတော် အမြန် ဖွဲ့စည်းမည်"၊ The Irrawaddy News၊ ၁၆ ဧပြီ ၂၀၂၁။ 6 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 6 May 2021။ 
  10. “စစ်ကောင်စီက မြို့ပြကိုလက်မလွှတ်ရဖို့ အသည်းအသန်လုံးပန်းနေရတဲ့အခြေအနေပဲ” (3 ဒီဇင်ဘာ 2021)။ 13 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2021 တွင် ပြန်စစ်ပြီး။
  11. မိုးမောက်မြို့မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ သေဆုံး။
  12. မော်ကွန်းတင်ပြီးမိတ္တူ။ 9 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2021 တွင် ပြန်စစ်ပြီး။ ၇ မေ ၂၀၂၁။
  13. https://www.youtube.com/watch?v=0VeYO0FAEjU
  14. အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏သစ္စာဓိဌာန် (၄) ချက်၊ ရည်ရွယ်ချက်၊ အဓိကတာဝန်၊ လုပ်ငန်းတာဝန်များ၊ စစ်ဘက်ဆိုင်ရာတန်ဖိုးထားမှု၊ စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှု၊ Chain of Command စသည့် PDF နှင့်ပတ်သက်သည့် အချက်အလက်များထုတ်ပြန်။ (in en)။ 3 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်