Terminalia chebula
A leafless T. chebula tree
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Combretaceae
မျိုးစု: Terminalia
မျိုးစိတ်:
T. chebula
ဒွိနာမ
Terminalia chebula
Synonyms[၁]
  • Buceras chebula (Retz.) Lyons
  • Combretum argyrophyllum K.Schum.
  • Myrobalanus chebula (Retz.) Gaertn.
  • Myrobalanus gangetica (Roxb.) Kostel.
  • Myrobalanus tomentella Kuntze
  • Terminalia acutae

Walp.

  • Terminalia argyrophylla King & Prain
  • Terminalia gangetica Roxb.
  • Terminalia parviflora Thwaites
  • Terminalia reticulata Roth
  • Terminalia tomentella Kurz
  • Terminalia zeylanica Van Heurck & Müll. Arg.

ဖန်ခါးပင်သည် အရိပ်ကောင်းသော အပင်ကြီးမျိုးဖြစ်ပြီး Combretaceae မျိုးရင်းတွင် ပါဝင်သည်။ အရသာဖန်ခါးသော အသီးလုံးငယ်များ သီးသည့် ပင်စောက် တစ်မျိုးလည်းဖြစ်သည်။[၂] Haritaki သို့မဟုတ် Harar, Harida, Black Myrobalan, Chebulic Myrobalan[၂] စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ပုံသဏ္ဌာန် ပြင်ဆင်ရန်

အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ ရွက်ကြောများ ထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အဝါဖျော့ရောင် ဖြစ်သည်။

အပင် ပြင်ဆင်ရန်

ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။

အရွက် ပြင်ဆင်ရန်

ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျောမျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ဝိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် ကျယ်ပြန့် သည်။ ရွက်ညွန့် ကတ္တီပါညို အရောင်ရှိ သည်။ ရွက်ကြောများ ထင်ရှား သည်။

အပွင့် ပြင်ဆင်ရန်

ပွင့်ညှာ မဲ့ ပန်းခိုင် ပေါ်တွင် အဖြူ သို့မဟုတ် အဝါရောင် ပန်းပွင့်လေးများ ပွင့်၏။ ပွင့်ဖတ် မရှိ ပွင့်ချပ် နှင့် ပွင့်သော ပန်းပွင့် ဖြစ်သည်။ ကဆုန်လ မှ ဝါဆို ဝါခေါင် လအတွင်း ဖူးပွင့် သည်။

အသီး ပြင်ဆင်ရန်

တစ်စေ့ သီး ဖြစ်သည်။ အသား ထူ၍ အရသာ ဖန်သည်။ ပြာသို တပို့တွဲ လတွင် အသီး ရင့်မှည့် သည်။

တွေ့နိုင်သောနေရာများ ပြင်ဆင်ရန်

များသောအားဖြင့် မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။

အသုံးဝင်ပုံ ပြင်ဆင်ရန်

ဖန်ခါးသီးကို အသီး၊ အခေါက်၊ အစေ့အားလုံးကို အသုံးပြုနိုင်သည်။

အာနိသင် ပြင်ဆင်ရန်

မြန်မာ ဆေးကျမ်းများ အလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ဝမ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။

အသီး ပြင်ဆင်ရန်

  • ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏။
  • ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီကို ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာ စေသည်။
  • ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ်ပြီး ထို ရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိ နာကျင်ကိုက်ခဲခြင်း ပျောက်၏။
  • ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်သည်။
  • အသီး ကို ဝမ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။

အစေ့ ပြင်ဆင်ရန်

  • ဝက်ခြံ အမြစ် မထွက်သော် ဖန်ခါးသီးစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်း ရ၏။

အရွက် ပြင်ဆင်ရန်

  • ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ဝမ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
  • မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။

အခေါက် ပြင်ဆင်ရန်

  • အခေါက် ကို ပြုတ်သောက်သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
  • ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. The Plant List: A Working List of All Plant Species။ 11 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2015 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ http://www.mmspelling.info/?p=48528[လင့်ခ်သေ]
  3. http://arogyamonline.com/commodity/materials/?raw=116[လင့်ခ်သေ]