အရှင်ဖလဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဖုဿမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဖုဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်ဖလဒါယကထေရ် သည် ဟိမဝန္တာတောင်တွင် နေထိုင်၏။ တစ်နေ့သောအခါ မြတ်စွာဘုရားအား ဖူးမြင်ရသဖြင့် သစ်သီးတို့ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား သစ်သီးလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဖလဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်