ဗီအိတ်ဇ်ဝါ့ခ် (အင်္ဂလိပ်: VxWorks) သည် အချိန်နှင့် တပြေးညီ လှုပ်ရှားထိန်းချုပ်နိုင်သော စက်လည်ပတ်ရေးစနစ် တစ်မျိုး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလာမီဒါရှိ ဝင်းရေးဗား စစ်စတမ် မှ ထုတ်လုပ်ရောင်းချသည်။ အင်တဲလ် ကော်ပိုရေးရှင်းမှ ဝင်းရေးဗား စစ်စတမ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ဝယ်ယူ ပေါင်းစည်းခဲ့သည်။

VxWorks
VxWorks 7 Boot up Screen
ဖန်တီးသူWind River Systems (a wholly owned subsidiary of Intel Corporation)
အိုအက်စ်အဖွဲ့ဝင်Real-time operating systems
လက်ရှိအခြေအနေCurrent
ကနဦးဖြန့်ချီခြင်း၁၉၈၇; ၃၇ နှစ် အကြာက (၁၉၈၇)
နောက်ဆုံးဖြန့်ချီခြင်း7 / မတ် ၂၀၁၄; ၁၀ နှစ် အကြာက (၂၀၁၄-၀၃)
ဈေးကွက်ပစ်မှတ်Embedded systems
ပလက်ဖောင်းများx86 (including Intel Quark), x86-64, MIPS, PowerPC, SH-4, ARM
ကာနဲလ် အမျိုးအစားMonolithic
လိုင်စင်Proprietary
ဝက်ဘ်ဆိုဒ်windriver.com/products/vxworks/

ဗီအိတ်ဇ်ဝါ့ခ်ကို ဌာပနာစနစ်(embedded systems) များတွင် အသုံးပြုရန် အတွက် ဒီဇိုင်းပြုလုပ်ထားသည်။ ဗီအိတ်ဇ်ဝါ့ခ် စနစ် များကို လင်းနပ်စ်ယူးနစ်စ် နှင့် မိုက်ခရိုဆော့ဖ်ဝင်းဒိုးများပေါ်တွင် ရေးသား ပြုပြင် တည်းဖြတ်ပြီးမှ သုံးစွဲနိုင်သည်။ ဗီအိတ်ဇ်ဝါ့ခ် စနစ်များကို မိမိဘာသာ သီးသန့်ရပ်တည် လှုပ်ရှားသော စနစ်များ (ဥပမာ - အဆင့်မြင့် ကင်မရာ စနစ်) တွင် ထည့်သွင်း၍ သီးခြား စက်လည်ပတ်ရေးစနစ် အဖြစ် သုံးစွဲကြသည်။