ဗုံ ၃၁-လုံးတို့ အမည်များ ပြင်ဆင်ရန်

သတ္တဝါတို့ နေရာဘုံ ၃၁-ကို အကြောင်းပြုကာ ဆိုင်းဝိုင်း၌ ဗုံ ၃၁-လုံးကို ပြုလုပ်စီမံကြောင်းနှင့် မှတ်သားမိဘူး၏၊ ဤ၌ လေတူရိယာ၏ သံမှန် ၂၁-ပေါက်ကို မူလအခြေခံထား၍ ဆိုင်းဝိုင်း၌ ဗုံ ၂၁-လုံး သွင်းစီကာ ဝိုင်းအပြင်၌ ၁၀-လုံးထားလျက် ပေါင်း ၃၁-လုံးဟု မှတ်ရာသည်၊ ၎င်းတို့အမည်များမှာ-

(၁) တပေါက်ကဲမှ (၇) ၇-ပေါက်ကဲ အထိ ၇-လုံး၊

(၈) တေးလုံး၊ (၉) တျောလုံး၊ (၁၀) ဒူးလုံး၊ (၁၁) ဒုန်းလုံး၊ ၎င်း ၄-လုံးကို ပကတိ ၄-လုံးခေါ်၏၊

ဤ ၄-လုံးကိုပင် ဗယ်ညာအားဖြင့် (၁၂) ဗယ်တေး၊ (၁၃) ညာတေး၊ (၁၄) ဗယ်တျော၊ (၁၅) ညာတျော၊ (၁၆) ဗယ်ဒူး၊ (၁၇) ညာဒူး၊ (၁၈) ဗယ်ဒုန်း၊ (၁၉) ညာဒုန်းအားဖြင့် ၈-လုံး ပြထားပြီးနောက်

(၂၀) အံထပ် သံမှန်၊ (၂၁) မြင်းစိုင်း၊ ၎င်း ၂၁-လုံးကို ဆိုင်းဝိုင်း၌ သွင်း၍တီးစဉ်၊

ဝေဘန်ဉာဏ် ကျယ်လာပြန်ကာ ဘုံ ၃၁-နှင့် အသံတူပြုပြီး ၆-လုံးပတ်, စည်တို, စခွန့်, ပတ်မကြီး, ပတ်တော, ဤ ဆယ်လုံးကို ထွင်ပြန်၍ ပေါင်း ဗုံ ၃၁-လုံး ဖြစ်လာသည် ဟူ၏။