ဘယဘေရဝသုတ်ကို ဇာဏုဿာဏိပုဏ္ဏားကို အကြောင်းပြု၍ ဘုရားမြတ်စွာသည် ဟောကြားတော် မူခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာကြောင်း ဘုရားမြတ်စွာက ဤသုတ်၌ ရှင်းလင်းဖော်ပြခဲ့သည်။[၁]


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဇာဏုဿောဏိ ပုဏ္ဏား၏ မေးလျှောက်ချက်အရ ဘုရားရှင်သို့အတုလိုက်၍ ရဟန်းပြုကြသော ပုဂ္ဂိုလ်များ၊ အရညဝနပတ္ထ ပန္တသေနာသန၌ သီတင်းသုံးပုံ၊ တောရကျောင်းတို့၌ နေရန် မသင့်သောတရားနှင့် သင့်လျော်သော ၁၆-မျိုး၊ ဘယဘေရဝကို ပယ်ဖျောက်ပုံ၊ မိမိသည် ဗဟုဇနဟိတ၊ ဗဟုဇနသုခ၊ လောကာနုကမ္ပ၊ ဒေဝမနုဿာနံ အတ္ထ ဟိတ သုခ အကျိုးငှာ အသမ္မောဟဓမ္မဖြစ်ပုံ၊ ပဋိပတ်လုပ်ငန်း စတင်အားထုတ်ပုံ၊ ရူပစတုတ္ထဈာန် ရပုံ၊ ဝိဇ္ဇာသုံးပါးကို ရရှိတော်မူပုံ၊ အရညဝနပတ္ထ ပန္တသေနာသနတို့ကို မှီဝဲတော်မူခြင်း အကြောင်းနှစ်မျိုးတို့ကို အကျယ်တဝင့် အသီးအသီး ရှင်းလင်း၍ ဟောကြားတော်မူပါသည်။

ဇာဏုဿောဏိပုဏ္ဏားက မြတ်စွာဘုရားရှင်သည် ပစ္ဆိမဇနတာ အနုကမ္ပိကရူပ ဖြစ်ပါပေသည်ဟုလျှောက်ထားပြီး ဥပါသကာအဖြစ်ခံယူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၂၀-၈။ မ၊မြန်၊၁၊၂၂-၂၃။ မ၊ဋ္ဌ၊၁၊၁၁၃-၁၄၁။ မ၊ဋီ၊၁၊၂၀၅-၂၄၁။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသက၊ ၁-မူလပရိယာယဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ