ဘရိုမင်း
ဘရိုမင်း(Bromine) (ဓာတုသင်္ကေတ-Br)သည် သာမန်အပူချိန်တွင် နီညိုရောင်အရည်ဖြစ်သည်။ ၎င်းသည် အသက်ရှူကျပ်စေသည့် နှစ်လိုဖွယ်မကောင်းသော အနံ့ရှိသည်။ Bromine သည် သတ္တုမဟုတ်သော ဒြပ်စင်ဖြစ်ပြီး စံအပူချိန်နှင့် စံဖိအား တွင် အငွေ့ပျံပြီး၊ အနီရောင်အငွေ့အဖြစ် သို့ပြောင်းလဲပြီး chlorine ကဲ့သို့ စူးရှမွန်းကျပ်သော အနံ့ ထွက်လာသည်။ Bromine သည် chlorine နှင့် fluorine တို့ထက် တက်ကြွမှုအားနဲသော်လည်း၊ iodine ထက် တက်ကြွမှုအားကောင်းကာ၊ အခြားသော halogens များနှင့် ဆင်တူသည်။ ၎င်းသည် organic ပျော်ရည် များနှင့် ရေထဲတွင် ပျော်ဝင်နိုင်သည်။
အသုံးပြုခြင်း
ဘရိုင်မင်း(Bromine) ကို စက်ရုံများတွင် organobromo ဒြပ်ပေါင်း ပြုလုပ်ရန် အသုံးပြုကြသည်။ အဓိကအားဖြင့် ပတ်ဝန်းကျင်မှ dibromoethane ခေါ် gasoline ဆိုသောဓါတ်ဆီ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ အခြားသော organobromines များကို ပိုးမွှားများ နှိမ်နင်းရာတွင်လည်းကောင်း၊ မီးသတ်ကရိယာများတွင် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာများတွင် လည်းကောင်း အသုံးပြုသည်။ ထို့အပြင် ရေသန့်စင်ရာတွင် လည်းကောင်း၊ ဆေးဝါးများတွင်လည်းကောင်း၊ ဓါတ်ပုံလုပ်ငန်းတွင် လည်းကောင်း ဟင်းသီးဟင်းရွက် များမှ ဆီထုပ်လုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
ဘရိုမင်း(Bromine)သည် သဘာဝဒြပ်စင်တခုဖြစ်ပြီး များစွာသော organic ပစ္စည်းများထဲတွင် တွေ့နိုင်ပါသည်။ လွန်ခဲ့သော နှစ်များစွာမှ စတင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ organic bromines များကို လေ့လာခဲ့ကြသည်။ သဘာဝကြောင့် bromine ခဲများ ပျံ့နှံ့ခြင်းမှ bromine ဆားကိုဖြစ်ပေါ်စေသည်။ ပင်လယ်ရေမှ bromine ဆားများကို ထုပ်ယူနိုင်သည်။ တစ်နှစ်တွင် bromine ဆား ၃၀၀.၀၀၀ တန် အထက် ထုတ်ယူကြပြီး၊ အများဆုံးထုတ်ယူသော နိုင်ငံများမှာ US, Istrael နှင့် UK တို့ဖြစ်သည်။ Anglesey နှင်. Wales ကမ်းခြေများတွင် အများဆုံး ထုတ်လုပ်နိုင်သည်။
ကျန်းမာရေးအပေါ် သက်ရောက်မှု
ဘရိုမင်း(Bromine)အရည်သည် လူတို့၏ အသားမျှင်များကို တဖြည်းဖြည်းစားနိုင်ပြီး၊ အငွေ့သည် မျက်လုံးများနှင့် လည်ချောင်းအတွင်းသို့ ဝင်ရောက်နိုင်သည်။ Bromine ငွေ့သည်လူ၏ အသက်ရှူမှုကို ခက်ခဲစေနိုင်သည်။ လူတို့သည် organic bromine များကို အစားစာများမှ သော်လည်းကောင်း၊ အသက်ရှူနေစဉ် သော်လည်းကောင်း၊ အရေပြားမှတဆင့် စုပ်ယူနိုင်သည်။ Organic bromine များကို sprays အဖြစ်နှင့် ပိုးမွှားများကို သတ်ရာတွင် လည်းကောင်း၊ အခြားကပ်ရောဂါများကို နှိမ်နင်းရာတွင် လည်းကောင်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြီးမားသော တိရိစ္ဆာန်များ နှင့် လူတို့အတွက် လည်း များစွာအဆိပ် ဖြစ်စေနိုင်သည်။ အကြီးမားဆုံးသော ကျန်းမာရေး သက်ရောက်မှု တစ်ခုမှာ bromine ပါဝင်သော organic contaminants များကြောင့် အာရုံကြောစနစ်များနှင့် မျိုးဆက်ပြန့်ပွားခြင်းကို ပျက်စီးစေသည်။ သို့သော် organic bromines များသည် အစာအိမ်၊ ကျောက်ကပ်၊ အဆုပ်၊ သုတ်ရည် တို့ကို ပျက်စီးစေပြီး အစာအိမ်နှင့် အစာချေမှု တို့ကို ထိခိုက် စေသည်။ Ethylene နှင့် bromine ကဲ့သို့သော organic bromine များသည် cancer ရောဂါကိုဖြစ်စေနိုင်သည်။ Inorganic bromines များကို သဘာဝတွင်တွေ့နိုင်ပြီး လူတို့၏ ခန္ဓာကိုယ် ထဲတွင် နှစ်ပေါင်းများစွာ တည်ရှိနိုင်သည်။ ၄င်းတို့သည် အစားအစာနှင့် သောက်သုံးရေတို့မှ တဆင့် ဝင်ရောက်ကာ အာရုံကြော နှင့် လည်ချောင်းကို ပျက်စီးစေသည်။
ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ
Organic bromines များသည် microorganisms များကို ဖျက်စီးသောကြောင့် ၄င်းတို့အား disinfecting and protecting agents အဖြစ် မကြာခဏ အသုံးပြုကြသည်။ စိုက်ပျိုးရေးတွင် ၄င်းတို့အား greenhouse အဖြစ် အသုံးပြုသောအခါ ရေဖြင့် လွယ်ကူစွာသန့်စင်နိုင်သည်။ Organic bromine များသည် နို့တိုက်သတ္တဝါ များကို ပျက်စီးစေပြီး အထူးသဖြင့် ၄င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ အထူးခြားဆုံးမှာ အာရုံဖျက်စီးခြင်းနှင့် DNA ဖျက်စီးခြင်းတို့ဖြစ်ပြီး ကင်ဆာဖြစ်ပွါးမှုကို ကြီးထွားစေသည်။ Organic bromine တို့သည် စားသောက်များနှင့် အသက်ရှူခြင်းမှတဆင့် အရေပြား အတွင်းသို့ ဝင်ရောက်ကြသည်။ Organic bromine များသည် ဆွေးမြည့်ပျက်စီးရန် အလွန်ခဲယဉ်းပြီး၊ ၄င်းတို့ ပြိုကွဲ ပျက်စီးသော အခါ inorganic bromine များအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့နှင့် ထိတွေ့မိသောအခါ အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သည်။ inorganic bromine ဖြစ်ပြီးနောက် ကျွဲနွားသတ္တဝါတို့၏ အစားအစာအဖြစ် အဆုံးသတ်သည်။ ထို့ကြောင့် ထောင်ပေါင်းများစွာသော နွား နှင့် ဝက်တို့သည် သေဆုံးကြသည်။ ၄င်းသတ္တဝါတို့တွင် symptons ကဲ့သို့သော အသဲရောဂါများ၊ ကြီးထွားမှုနှေးခြင်းများ၊ ခုခံအားကျဆင်းခြင်းများ၊ နို့ထွက်နှုန်း နည်းခြင်းများနှင့် မျိုးပွားမှုမရှိခြင်းများကို ဖြစ်ပေါ်စေပါသည်။[၁]
ကိုးကား
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုဝေဟင်ထွန်းမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||
Read in another language
This page is available in 108 languages
- Afrikaans
- አማርኛ
- Aragonés
- العربية
- Azərbaycanca
- Беларуская
- Беларуская (тарашкевіца)
- Български
- বাংলা
- Brezhoneg
- Bosanski
- Català
- Cebuano
- کوردی
- Corsu
- Česky
- Чӑвашла
- Cymraeg
- Dansk
- Deutsch
- Ελληνικά
- English
- Esperanto
- Español
- Eesti
- Euskara
- فارسی
- Suomi
- Français
- Nordfriisk
- Furlan
- Gaeilge
- Galego
- ગુજરાતી
- Gaelg
- Hak-kâ-fa
- עברית
- हिन्दी
- Fiji Hindi
- Hrvatski
- Kreyòl ayisyen
- Magyar
- Հայերեն
- Interlingua
- Bahasa Indonesia
- Ido
- Íslenska
- Italiano
- 日本語
- Lojban
- Basa Jawa
- ქართული
- Қазақша
- ಕನ್ನಡ
- 한국어
- Коми
- Latina
- Lëtzebuergesch
- Ligure
- Lietuvių
- Latviešu
- Māori
- Македонски
- മലയാളം
- मराठी
- Кырык мары
- Bahasa Melayu
- Plattdüütsch
- Nederlands
- Norsk nynorsk
- Norsk bokmål
- Occitan
- ଓଡ଼ିଆ
- ਪੰਜਾਬੀ
- Polski
- پنجابی
- Português
- Runa Simi
- Română
- Русский
- Srpskohrvatski / српскохрватски
- Simple English
- Slovenčina
- Slovenščina
- Shqip
- Српски / srpski
- Seeltersk
- Svenska
- Kiswahili
- தமிழ்
- తెలుగు
- Тоҷикӣ
- ไทย
- Tagalog
- Türkçe
- Татарча/tatarça
- ئۇيغۇرچە / Uyghurche
- Українська
- Oʻzbekcha
- Vepsän kel’
- Tiếng Việt
- Winaray
- Хальмг
- ייִדיש
- Yorùbá
- 中文
- Bân-lâm-gú
- 粵語