ဘီလီ အိုင်းလစ်ရှ် ပိုင်းရိတ်ထ် ဘဲအာ့ထ် အိုကော်နယ် ( /ˈlɪʃ/ EYE-lish ; [၁] ဒီဇင်ဘာ 18, 2001 တွင်မွေးဖွားသည်) သည်အမေရိကန်အဆိုတော်နှင့်တေးရေးဆရာဖြစ်သည်။ သူသည် သူ၏အစ်ကို ဖင်းနီးယပ်စ် အိုကော်နဲလ် ရေးသားထုတ်လုပ်သည့် သူ၏ပထမဆုံးတေးသီချင်း " Ocean Eyes " ဖြင့် 2015 ခုနှစ်တွင် လူအများ၏ သတိထားမှုကို ခံလာရသည်။ သူသည် သူ့အစ်မကိုနှင့်အတူ သီချင်းများ၊ လိုက်ဖ်ရှိုးများကို ‌ျော်ဖြေခဲ့သည်။ 2017 တွင်သူမသည်သူမ၏ပွဲဦးထွက် Extended play (EP), Don't Smile at Me အယ်လ်ဘမ်ကို ထုတ်ဝေခဲ့သည်။ ထိုအယ်လ်ဘမ်မှာ အောင်မြင်မှုရခဲ့ပြီး အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် ဩစတြေးလျအပါအဝင် နိုင်ငံအများအပြားရှိ top 15 of record chart တွင် ပါဝင်ခဲ့သည်။

ဘီလီ အိုင်းလစ်ရှ်
Artist has bright eyes and a big smile, jet black hair, wearing many necklaces and a punky top
၂၀၂၃ ခုနှစ်တွင် တွေ့ရသော ဘီလီအိုင်းလစ်ရှ်
မွေးဖွားBillie Eilish Pirate Baird O'Connell
(2001-12-18) ဒီဇင်ဘာ ၁၈၊ ၂၀၀၁ (အသက် ၂၂)
Los Angeles, California, U.S.
အလုပ်အကိုင်
  • Singer
  • songwriter
  • actress
တက်ကြွလှုပ်ရှားနှစ်များ2015–present
ဆွေမျိုးသားချင်းFinneas O'Connell (brother)
Brian Baird (uncle)
ရရှိသည့်ဆုများFull list
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာ
  • Vocals
  • guitar
  • piano
  • ukulele
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်billieeilish.com
လက်မှတ်
  1. Pop Rock Music Guide: A Brief History of Pop Rock - 2023 - MasterClass (February 8, 2022)။ October 2, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 6, 2023 တွင် ပြန်စစ်ပြီး။

ဘီလီအိုင်းလစ်ရှ်၏ပထမဆုံးစတူဒီယိုအယ်လ်ဘမ် ဖြစ်သော When We All Fall Asleep, Where Do We Go? (2019) သည် US Billboard 200 နှင့် UK အယ်လ်ဘမ်ဇယားထိပ် တွင် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည် ထိုအယ်လ်ဘမ်သည် အဲဒီနှစ်၏ အရောင်းရဆုံး အယ်လ်ဘမ်များထဲမှ တစ်ခုဖြစ်သည်။ US Billboard Hot 100 တွင် နံပါတ်တစ်ဖြစ်ခဲ့သော သူ၏ ပဉ္စမမြောက် Single "Bad Guy" မှာလာ်း အထူး‌ အောင်မြင်မှုရခဲ့သည်။ ထို့ကြောင့် သူသည် chart-topping single သီချင်းကို ထုတ်လုပ်သီဆိုနိုင်ခဲ့သည့် ပထမဆုံး ၂၁ရာစုတွင်မွေးဖွားသော အဆိုတော်ဖြစ်ခဲ့သည်။ သူမ၏ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်သည့် Happier Than Ever (2021) သည် နိုင်ငံပေါင်း 25 နိုင်ငံတွင် ဇယားထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ သူသည် စိတ်ကူးယဉ်ရုပ်ရှင် Barbie (2023) အတွက် What Was I Made For? ကို ရေးသားဖျော်ဖြေခဲ့သည်။

Eilish သည် ဂရမ်မီဆုကိုးဆု ၊ အမေရိကန်တေးဂီတဆု နှစ်ဆု၊ ဂင်းနစ်ကမ္ဘာ့စံချိန် နှစ်ခု၊ MTV ဗီဒီယိုတေးဂီတဆု သုံးဆု၊ Brit ဆု သုံးဆု၊ ရွှေကမ္ဘာလုံးဆု နှစ်ဆုနှင့် အကယ်ဒမီဆု နှစ်ဆုအပါအဝင် ဂုဏ်ထူးဆောင်များစွာကို ရရှိထားသည်။ သူမသည် — တစ်နှစ်တာ၏စံချိန် ၊ တစ်နှစ်တာ၏အယ်လ်ဘမ် ၊ တစ်နှစ်တာ၏သီချင်း ၊ နှင့် တစ်နှစ်တည်းတွင် အကောင်းဆုံးအနုပညာရှင်အသစ် — စသည့် နယ်ပယ်လေးမျိုးလုံးတွင် ဂရမ်မီဆုရသည့် အသက်အငယ်ဆုံး အနုပညာရှင် ဖြစ်သည်။ အိုင်းလစ်ရှ်သည် ၂၁ ရာစုတွင် မွေးဖွားသည့် အနုပညာရှင်များထဲမှ ပထမဆုံးအဖြစ် Academy award ရသောသူဖြစ်သည်။ [၂] [၃] သူမသည် 2022 ခုနှစ် ဒီဇင်ဘာလတွင် BBC 100 Women ထဲမှာ တစ်ဦးအဖြစ် ဂုဏ်ပြုခံရသည်။ [၄]

  1. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    Savage၊ Mark။ "Billie Eilish: Is she pop's best new hope?"၊ BBC News၊ July 15, 2017။ Archived from the original on July 21, 2018။ ""...It's eye-lish, like eyelash with a lish."" 
  2. Knolle၊ Sharon (March 27, 2022)။ Billie Eilish Becomes First Oscar Winner Born in 21st Century With 'No Time to Die'။ March 11, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 28, 2023 တွင် ပြန်စစ်ပြီး။
  3. MSN။ October 29, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-03-11 တွင် ပြန်စစ်ပြီး။
  4. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "BBC 100 Women 2022: Who is on the list this year?"။ Archived from the original on December 10, 2022။