အရှင်မဓုပိဏ္ဍိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်မဓုပိဏ္ဍိကထေရ် သည် တောထဲ၌ မြတ်စွာဘုရားကို ဖူးမြင်ခဲ့၏။ ထို့နောက် ဈာန်ဝင်စားရာမှ ထလာသော မြတ်စွာဘုရားအား ပျားရည်လှူဒါန်းကာ ရှိခိုး၏။ [၁]

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် ဗောဓိပင်ကို ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် သုံးဆယ့်လေးကမ္ဘာထက်တွင်လည်း “သုဒဿန” အမည်ဖြင့် စကြဝတေးမင်း လေးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဓုပိဏ္ဍိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်