ဒေါ်မာလာသန်းထိုက် သည် မြန်မာသံအမတ်ကြီး တစ်ဦးဖြစ်သည်။သူသည် သံအမတ်ကြီး ဒေါ်ခင်ကြည် နောက်ပိုင်း မြန်မာ့နိုင်ငံရေးအတွင်း ဆဌမမြောက်ခန့်အပ်ခံရသည့် အမျိုးသမီးသံအမတ်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် နိုင်ငံခြားရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[၁]

H.E

မာလာသန်းထိုက်
သီရိလင်္ကာနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၇ မေ ၂၀၂၄
ယခင်လူဦးဟန်သူ
ညွှန်ကြားရေးမှူးချုပ်
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၂၀ – ၂၀၂၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
လူမျိုးမြန်မာ
အလုပ်အကိုင်သံတမန်

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် နှစ် ၃၀ ဖြတ်သန်းပြီးနောက် ၂၀၂၀ပြည့်နှစ်ထဲတွင် ယင်းဝန်ကြီးဌာန ၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ်ခံရသည်။ [၂] ဒေါ်မာလာသန်းထိုက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီအမြဲတမ်းအတွင်းဝန် ရာထူးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မှ ၂၉ ရက်နေ့အထိ လာအိုနိုင်ငံ လွန်ပရာဘန် (Luang Prabang) မြို့ ၌ ကျင်းပသော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး အား မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။[၃] သူသည် ၂၀၂၁ နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်က နှစ်နှစ်ကျော်သပိတ်မှောက်ထားသည့် အာဆီယံအစည်းအဝေးသို့ ပထမဦးဆုံး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခံရသူအဖြစ်လည်း မှတ်တမ်းဝင်သွားသည်။[၄]

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် မေလ ၇ရက်နေ့တွင် သူ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Myanmar Junta Sends Representative to ASEAN Foreign Ministers’ MeetingThe Diplomat (29 January 2024)။ 9 May 2024 တွင် ပြန်စစ်ပြီး။
  2. မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကျင်းပMyanmar Digital News (၃၁ ဇူလိုင် ၂၀၁၉)။ ၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. Myanmar’s generals barred from Asean meetings, but junta sent an official to first bloc event in 2 years in LaosSouth China Morning Post (29 Jan 2024)။ 9 May 2024 တွင် ပြန်စစ်ပြီး။
  4. နှစ်နှစ်ကျော်သပိတ်မှောက်ခဲ့တဲ့ အာဆီယံအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ်စေလွှတ်RFA Burmese (၂၉ ဇန်နဝါရီ ၂၀၂၄)။ ၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. Ambassador of Myanmar to Sri Lanka appointedMOI Myanmar (7 May 2024)။ 9 May 2024 တွင် ပြန်စစ်ပြီး။