(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “မိမိစကားကို လေး စားကြည်ဖြူ၊ နာယူကြကုန်သော မိတ်ဆွေ၊ အဆွေခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို ဗုဒ္ဓ, ဓမ္မ, သံဃ အဝေစ္စပသာဒ သမာဓိသံဝတ္တနိက အရိယကန္တသီလ-ဟူသောသောတာပတ္တိမဂ်ဉာဏ်ရကြောင်း တရားလေးပါးတို့ကိုဆောက်တည်စေအပ်၊ သက်ဝင်စေအပ်၊ စွဲမြဲစွာ တည်နေစေအပ်သောအားဖြင့် ချီးမြှောက်ကြရမည်”ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “အထက်သုတ် ဒေသနာတော်အတိုင်း မိမိစကားကို လေးစားကြည်ဖြူ နာယူကြကုန် မိတ်ဆွေ၊ အဆွေခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို အပါယ်လေးပါးသို့ မရောက်စေနိုင်သော ယင်းသောတာပတ္တိ မဂ်တရားလေးပါးတို့ကို မဟာဘုတ်လေးပါးတို့ သဘာဝပြောင်းလဲလျှင် ပြောင်းလဲနိုင်သော်လည်း လုံးဝပြောင်းလဲမှုမရှိအောင် ဆောက်တည်စေအပ်၊ သက်ဝင်စေအပ်၊ စွဲမြဲတည်အောင် ချီးမြှောက်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၃၁၇-၈။ သံ၊မြန်၊၃၊၃၁၉။ သံ၊ဋ္ဌ၊၃၊၃၁၆။ သံ၊ဋီ၊၂၊၅၃၂-၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၂-ရာဇကာရာမဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -သံ၊၃၊၃၁၈။ သံ၊မြန်၊၃၊၃၁၉-၃၂၀။ သံ၊ဋ္ဌ၊၃၊၃၁၆-၇။ သံ၊ဋီ၊၂၊၅၃၃။ -သံယုတ္တနိကာယ ... သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ