မိုင်မို

ရေဒီယိုလှိုင်းအတွက် အင်တာနာများကို တခုထက်မက အသုံးပြုခြင်းဖြင့် လိုင်းခွဲပိုရရှိရန် သို့မ

မိုင်မို (MIMO သို့ multiple-input and multiple-output) သည် ရေဒီယို ဆက်သွယ်ရေး နည်းပညာ အသုံးနှုန်းတစ်ခုဖြစ်သည်။ ရေဒီယိုလှိုင်း ထုတ်လွှင့်စက် (Transmitter) နှင့် ရေဒီယိုလှိုင်း ဖမ်းစက် (Receiver) နှစ်ခု စလုံးတွင် အင်တင်နာ အများအပြားကို တပ်ဆင် အသုံးပြုခြင်းဖြင့် ဆက်သွယ်မှု၏ အရည်အသွေးကို ပိုမို ကောင်းမွန်လာစေသည်။ စမတ် အင်တင်နာ နည်းပညာတွင် ပါဝင်သော နည်းလမ်း တစ်မျိုးလည်း ဖြစ်သည်။ သတိပြုရန်မှာ မိုင်မို ရှိ အဝင်လမ်း(input) နှင့် အထွက်လမ်း(output) ဟူသော အသုံးအနှုန်းမှာ ဆစ်ဂနယ်ကို သယ်ဆောင်လာသော ရေဒီယိုချန်နယ် ကိုသာ ရည်ညွှန်းခြင်း ဖြစ်ပြီး ကိရိယာတွင် ရှိသော အင်တင်နာများကို ရည်ညွှန်းခြင်း မဟုတ်ပါ။

SISO, SIMO, MISO နှင့် MIMO ကို သရုပ်ပြပုံ။ အဝင်လမ်း(input) နှင့် အထွက်လမ်း(output) ဟူသော အသုံးအနှုန်းမှာ ဆစ်ဂနယ်ကို သယ်ဆောင်လာသော ရေဒီယိုချန်နယ် ကိုသာ ရည်ညွှန်းခြင်း ဖြစ်ပြီး ကိရိယာတွင် ရှိသော အင်တင်နာများကို ရည်ညွှန်းခြင်း မဟုတ်ပါ။

မိုင်မိုနည်းပညာသည် ဘန်းဝစ်ဒ် နှင့် ပါဝါကို တိုးမြှင့်ရန် မလိုပဲ ဒေတာ ထုတ်လွှတ်မှုနှုန်းနှင့် ဆက်သွယ်မှု အကွာအဝေးကို သိသိသာသာ တိုးမြှင့်နိုင်သဖြင့် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် အလေးပေးအာရုံစိုက်ခြင်း ခံရသည်။ ထိုသို့ တိုးမြှင့်နိုင်ရသည့် အကြောင်းမှာ စပက်ထရယ် အဖစ်ရှန်စီ (spectral efficiency ) ပိုမိုများပြားသည်က တစ်ကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်း၏ စိတ်ချအားထားရမှုနှင့် လမ်းကြောင်း အပို အများအပြား ရှိမှု တို့ကြောင့် မှေးမှိန်ပျောက်ကွယ်ခြင်း ကို လျှော့ချနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့သော ဂုဏ်သတ္တိများကြောင့် မိုင်မိုသည် IEEE 802.11n (ဝိုင်ဖိုင်)၊ 4G ၊ 3GPP Long Term Evolution၊ ဝိုင်မက် ( WiMAX ) နှင့် အိတ်ချ်အက်စ်ပီအေ ပလပ်စ် စသည့်ခေတ်သစ် ကြိုးမဲ့ဆက်သွယ်ရေး စံနှုန်းများ၏ အဓိက အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။