ကွမ်မိုယဲ့ (管謨業) (၁၉၅၅ ဖေဖော်ဝါရီ ၁၇ - ) သည် ကလောင်အမည် မိုယန် (莫言 တရုတ်အသံထွက် မော့ယဲန်) ဖြင့် တရုတ်ပြည်၏ ကျေးလက်ဘဝကို သရုပ်ဖော်သည့် ဝတ္ထုများ ရေးသားသည့် တရုတ်စာရေးဆရာ တစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ် တွင် နိုဗယ်စာပေဆုကို ဆွတ်ခူးခဲ့သည်။ သူသည် နိုဗယ်စာပေဆုကို ရရှိသည့် ပထမဦးဆုံးသော တရုတ်နိုင်ငံသားဖြစ်သည်။ သူ့အရင် နိုဘယ်စာပေဆုရရှိခဲ့သည့် တရုတ်လူမျိုးမှာ ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည့် ကောင်းရှင်ကျဲန့် (高行健) ဖြစ်သည်။ တရုတ်နိုင်ငံ ကျန်းစူးပြည်နယ်သား ကောင်းရှင်ကျဲန့်သည် ၁၉၉၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

မိုယန် (၂၀၀၈ ခုနှစ်တွင် ရိုက်ကူးသည်)

ဘဝအကျဉ်း ပြင်ဆင်ရန်

မိုယန်သည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကောင်းမီခရိုင်ဇာတိ ဖြစ်ပြီး လယ်ယာဖြင့် အသက်မွေးသူ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ မိုယန်သည် ယဉ်ကျေးမှု တော်လှန်ရေး (၁၉၆၆ - ၁၉၇၆) ကာလအတွင်း ပညာရေးကို ခေတ္တရပ်ဆိုင်းကာ ရေနံထုတ်စက်ရုံတွင် အလုပ်ဝင်ခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေးပြီးနောက် လွတ်မြောက်ရေးတပ်အတွင်း စစ်မှုထမ်းခဲ့သည်။[၁] စစ်မှုထမ်းနေစဉ်အတွင်း ၁၉၈၁ ခုနှစ်မှစ၍ စာစရေးခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် သူ၏ ပထမဦးဆုံးသော ဝတ္ထုတို ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။[၂] ၁၉၉၁ ခုနှစ်တွင် ပေကျင်း ဆရာအတတ်တင် တက္ကသိုလ်မှ မဟာဘွဲ့ကို ရရှိခဲ့သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wee၊ Sui-Lee။ "China's Mo Yan feeds off suffering to win Nobel literature prize"၊ Reuters၊ 11 October 2012။ 11 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 12 October 2012။ 
  2. Williford, James (Jan/Feb 2011). "Mo Yan 101". Humanities 32 (1).