ရှရှားစီးပွားရေးလုပ်ငန်းရှင် မီခေးလ် မာရာတိုဗစ်ချ် ဖရစ်ဒ်မန်း ကို ၁၉၆၄ ဧပြီ ၂၁ နေ့တွင် ယူကရိန်းနိုင်ငံ၊ lviv တွင် မွေးဖွားခဲ့သည်။ ရှရှားနိုင်ငံ၏ အသက်အငယ်ဆုံး နိုင်ငံရေးအာဏာချုပ်ကိုင်ထားသူ တစ်ယောက် ဖြစ်သည်။ ၂၀၁ဝ တွင် Forbes မှ Mikhail Maratovich Fridman ပိုင်ဆိုင်မှုပမာဏကို ဒေါ်လာ ၁၂.၇ ဘီလျံ ဟု အကဲဖြတ် သတ်မှတ်ခဲ့ကြသည်။ ၂၀၁ဝ Forbes စာရင်းအရ လက်ရှိတွင် သူသည် ဒေါ်လာ ၁၂.၇ ဘီလျံခန့်ပိုင်ဆိုင်ပြီး ရှရှားနိုင်ငံတွင် တတိယ အချမ်းသာဆုံးနှင့် ကမ္ဘာ့ အဆင့် ၄၅ ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

မီခေးလ် ဖရစ်ဒ်မန်း
မီခေးလ် ဖရစ်ဒ်မန်း
မွေးသက္ကရာဇ် (1964-04-21) ၂၁ ဧပြီ၊ ၁၉၆၄ (အသက် ၅၉)
ယူကရိန်းနိုင်ငံ၊ လဗ်ဗစ်
လူမျိုး ရုရှား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလျံ
သားသမီး ၂ယောက်

Alfa Group ပြင်ဆင်ရန်

ဖရစ်ဒ်မန်း သည် Peter Aven နှင့်အတူ အယ်ဖာဘဏ်လုပ်ငန်း (၁၉၉၁ တွင် ဖွင့်လှစ်ခဲ့သည်)၊ အယ်ဖာ စီးပွားရေးရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ Tyumen ရေနံနှင့် အိမ်ဆောက်ပစ်စည်း (ဘိလပ်မြေ၊ သစ်၊ ဖန်ထည်၊ မှန်ထည်) များ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း စသည်တို့နှင့်အတူ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းနှင့် ကုန်တိုက်အခွဲ တစ်ခုကိုပါ ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိသော Alfa Group Consortium အမည်ရှိ အကျိုးတူစီးပွားရေး အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။ လက်ဖက်ခြောက်နှင့် သကြားထုတ်လုပ်သည့် စက်ရုံများကို အဓိက ပိုင်ဆိုင်လုပ်ကိုင်ကြသူများ လည်း ဖြစ်ကြသည်။

၂၀၀၃ ခုနှစ်တွင် အယ်လ်ဖာ အဖွဲ့အစည်း၏ လုပ်ငန်းခွဲတခုဖြစ်သော Tyumen ရေနံလုပ်ငန်း၏ ၅၀%ကို BP သို့ ဒေါ်လာ ၆.၁၅ ဘီလျံဖြင့် ရောင်းချခဲ့ပြီး ထိုလုပ်ငန်းသည် လက်ရှိ ရှရှားကုမ္ပဏီများထဲတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။

အစောပိုင်း နိုင်ငံရေး အလုပ်အကိုင် ပြင်ဆင်ရန်

၂၀၀၅ တွင် နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့တွင် ရှရှား ကိုယ်စားလှယ် Sergei Karaganov နေရာကို ဆက်လက်ထမ်းဆောင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် ၂၀၀၅ ခုနှစ်ကတည်းက Public Chamber of Russia အဖွဲ့၏ အဖွဲ့ဝင်တယောက်ဖြစ်သည်။ ရှရှားနှင့် ဥရောပရှိ ဂျူးလူမျိုး ဦးဆောင်ရေးလှုပ်ရှားမှုကို တက်ကြွစွာ ထောက်ခံအားပေးသူတယောက် ဖြစ်သည်။ ၁၉၉၆ တွင် Russian Jewish Congress တည်ထောင်သူများတွင် တယောက်အပါအဝင်ဖြစ်ခဲ့ပြီး လက်ရှိတွင် Russian Jewish Congress နိုင်ငံရေးအာဏာချုပ်ကိုင်ထားသည့် အမြဲတမ်းပါတီနေရာတွင် တာဝန်ယူထားသည်။ ဂျူးလူမျိုးဘဝတိုးတက်ဖွံ့ဖြိုးရေး၊ ကွာဟချက်များအား ပြန်လည်တိုးမြှင့်ပေးရေး၊နှင့် ဥရောပတွင် ပြေလည်အောင် ညှိနှိုင်းရေးတို့အတွက် အဓိကထားဆောင်ရွက်သော ကိုယ်ကျိုးမဖက်သည့် အဖွဲ့အစည်းတခုဖြစ်သော European Jewish အဖွဲ့သို့ငွေကြေးနှင့် ပစ္စည်းအများအပြားထောက်ပံလှူဒါန်းခဲ့သည်။

Alfa Group နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းခွဲတခုဖြစ်သည့် Altimo တို့သည် မြောက်မြားလှစွာသော ကုမ္ပဏီ လက်တံများ၌ အငြင်းပွားစရာ ရင်းနှီးထည့်ဝင်ငွေများနှင့် ပက်သက်၍ အခြားဆက်သွယ်ရေးလုပ်ငန်း လုပ် ကိုင်သူများထံမှ တိုက်ခိုက်မှုအမျိုးမျိုးကို ခံခဲ့ရသည်။

၂၀၀၅ခုနှစ်တွင် အငြင်းပွားဖွယ်ရာ အိမ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ပြင်ဆင်ရန်

၂၀၀၅ ဇူလိုင်တွင် နိုင်ငံတော်ပိုင်ပစ္စည်းကို ပုဂ်ဂလိကပိုင်ဆိုင်မှုအဖြစ်လွဲပြောင်းရယူမှုနှင့်ပက်သက်ပြီး နာမည်ပျက်မှု တခုတွင် ပါဝင်ပက်သက်ခဲ့သည်။ အစိုးရပိုင်ဆိုင်ထားသည့် ဇိမ်ခံ အိမ် ၂ လုံးကို ၂၀၀၃ ခုနှစ်တွင် ဈေးကွက်ပေါက်ဈေး ထက် သိသိသာသာလျော့ချထားသော ဈေးနှုန်းဖြင့် ဖရစ်ဒ်မန်း ပိုင်ဆိုင်သည့် ကုမ္ပဏီနှင့် ယခင်ရှရှားဝန်ကြီးချုပ် မီခေးလ် ကက်စ်ရန်နော့ဗ် နှင့် သူဇနီး အိုင်ရီနာ တို့ပိုင်ဆိုင်သည့် ကုမ္ပဏီများသို့ ရောင်းချခဲ့သည်။

ထိုအချိန်တွင် အခြားကုမ္ပဏီတခုက ၄၉ နှစ်စာ မြေငှားစာချုပ်တခုဖြင့် ငှားရမ်းထားခဲ့ခြင်းကြောင့် ထိုအိမ်ကို ဈေးသက် သက်သာသာဖြင့် ရရှိခဲ့ခြင်းမှာ အံဩစရာမဟုတ်ကြောင်းနှင့် (သို့သော် ထိုအိမ်ငှားစာချုပ်ကို ထိုအိမ်များကိုလေလံ တင်ရောင်းချသည့်ပွဲအပြီး တပတ်အကြာတွင် အလွန်သက်သာသော ဈေးနှုန်းဖြင့် အပြတ်ဝယ်ယူခဲ့သည်) စည်ပင်သာယာရေးအဖွဲ့ ဥပဒေရေးရာဌာနမှ ချမှတ်ထားသော ထိုအရောင်းအဝယ်နှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်များကို သူသတိမပြုမိခဲ့ကြောင်း ပြောကြားခဲ့သည်။

State Duma အဖွဲ့ဝင်နှင့် သတင်းထောက်တယောက်ဖြစ်သော ခင်ရှ်တိန်း မှ ကက်စ်ရန်နော့ဗ် သည် ဖရစ်ဒ်မန်း မှ သူအားပေးသည့်ချေးငွေဖြင့် ဇိမ်ခံအိမ်တလုံးပိုင်ဆိုင်သည့် ကုမ္ပဏီကို ဝယ်ယူခဲ့သည်။ ဖရစ်ဒ်မန်း၏ ကုမ္ပဏီသည် ဇိမ်ခံအိမ်များ လေလံတင်ရောင်းချသည့်ပွဲအပြီး တပတ်အကြာတွင် အစိုးရမှ ဦးဆောင်ပြုလုပ်သည့် Sheremetyevo နိုင်ငံတကာလေဆိပ်အား တာဝန်ယူလုပ်ကိုင်ခွင့်ကို ဈေးပြိုင်ကမ်းလှမ်းရာတွင် Kasyanov ၏ ပါဝင်ကူညီခဲ့မူကြောင့် အနိုင်ရရှိခဲ့သည် “ ဟု စွပ်စွဲ ပြောကြားခဲ့သည်။ ဖရစ်ဒ်မန်း မှ ထိုစွပ်စွဲချက်များအားလုံးကို ငြင်းပယ်ခဲ့ပြီး “ သူ၏ ကုမ္ပဏီများသည် Kasyanov သို့ဘယ်တုန်းကမှ ချေးငွေ ထုတ်ချေးခြင်းမရှိခဲ့“ ဟုကာကွယ်ပြောဆိုခဲ့သည်။

၂၀၀၆ ဇန်နဝါရီ ၁၇ နေ့တွင် မော်စကို တရားစီရင်ရေးရုံးမှ ဖရစ်ဒ်မန်း အနေဖြင့် နိုင်ငံတော်ပိုင်ဆိုင်မှုမှ ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ်ပြောင်းရာ တွင် သင့်တော်ဆီလျော်သောလုပ်ထုံးလုပ်နည်းများဖြင့် မလုပ်လျှင် ထိုဇိမ်ခံအိမ်များအား နိုင်ငံတော်သို့ပြန်လည်အပ်နှံရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ သို့သော် တရားရုံးမှ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲသည့်စာချုပ်ကို တရားဥပဒေအရ အတည်ပြုရန် တောင်းဆို ချက်ကို ငြင်းပယ်ခဲ့သည်။ ( ထိုအမှုတွင် ဖရစ်ဒ်မန်း ၏ ကုမ္ပဏီသည် ဇိမ်ခံအိမ်အတွက် ပေးဝယ်ထားသော ပိုက်ဆံ များကို ပြန်မရခဲ့ပေ ) ထိုနည်းတူ အစိုးရရှေ့နေများတွင် သူ၏ ပါဝင်ပက်သက်မှုများကိုဖော်ထုတ်ရန် ခိုင်လုံသော သက်သေအထောက် အထားများ မရှိသော ရာဇဝတ်တရားရုံးတွင် ဖရစ်ဒ်မန်း အား ပုဂ်ဂိုလ်ရေးအရ ကိုယ်တိုင်ကိုယ်ကျ တရားစွဲဆိုရန် မဖြစ်နိုင်ခဲ့ပေ။

၂၀၀၆ ဖေဖော်ဝါရီ ၂ နေ့တွင် ထိုတရားရုံးမှပင် Kasyanov အား အလားတူစီရင်ချက်မျိုးထပ်မံချမှတ်ခဲ့ပြီး သူဝယ်ယူ ထားခဲ့သော ဇိမ်ခံအိမ်ကိုလဲ ပြန်လည်ပေးအပ်ခဲ့ရသည်။ ထိုဇိမ်ခံအိမ်လေလံပွဲနှင့် ပက်သက်ပြီး တာဝန်ရှိသူများဖြစ်ကြသည့် ရှရှားအိမ်ရာမြေ ပိုင်ဆိုင်မှုဌာနမှ လက်ထောက် ဝန်ကြီးဟောင်း Nikolai Gusev နှင့် Federal State Unitary Enterprise “ VPK-Invest” မှ ဒါရိုက်တာ Ramil Gaisin တို့အား စနစ်တကျစီစဉ် ဖွဲ့စည်းထားသည့်အဖွဲ့ အစည်းတခုအနေဖြင့် နိုင်ငံတော်ပိုင် ထိမ်းသိမ်းထားသည့် အဆောက်အအုံများအား အပိုင်စီးကျူးလွန်မှု ဖြင့် စွဲချက်တင်ခဲ့သည်။ သူတို့သည် ဖမ်းဆီးခြင်းမခံရပဲ လက်ရှိတွင် ကိုယ်ပိုင်ခံဝန်ချက်ဖြင့် လွှတ်ငြိမ်းခွင့် ပြုထားသည်။ အဆိုပါတရားစွဲဆိုမှုအရ ယခုအချိန်အထိ Kasyanov အား စွဲချက်တင်ရန် လုံလောက်သော သက်သေအထောက် အထားမရှိပေ။