မီခေး ပရိုခိုရော့ဗ်

ဘီလျံနာ လုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ အားကစားအသင်းပိုင်ရှင်

မီခေးပရိုခိုရော့ဗ် (Mikhail Prokhorov) (၁၉၆၅ခုနှစ်၊ မေလ ၃ရက်နေ့တွင်မွေးဖွား) သည် ရုရှားစွန့်ဦးတီထွင် ဘီလျံနာတစ်ဦး ဖြစ်ပြီး နယူးဂျာဆီနက်တ်စ် (New Jersey Nets) ပိုင်ရှင်လည်းဖြစ်သည်။

မီခေး ပရိုခိုရော့ဗ်
Prokhorov in September 2013
မွေးဖွားMikhail Dmitrievitch Prokhorov
(1965-05-03) ၃ မေ၊ ၁၉၆၅ (အသက် ၅၈)
မော်စကို, Russian SFSR, ဆိုဗီယက်ယူနီယံ
ဌာနေမော်စကို ရုရှား
နိုင်ငံသားရုရှား
မိခင်ကျောင်းMoscow Finance Institute
အလုပ်အကိုင်Businessman-Politician
ကျော်ကြားမှုအရင်းခံOwner of the ONEXIM Group and the Brooklyn Nets
ကြွယ်ဝမှုDecrease US$8.1 billion (December 2015)[၁]
အရပ်၆ ft ၈ in (၂.၀၃ m)[၂]
နိုင်ငံရေးပါတီCommunist Party of the Soviet Union
(1988–1991)
Right Cause (political party)
(June–September 2011)
Civic Platform (2012-2015)
အိမ်ထောင်ဖက်(များ)None
လက်မှတ်

သူသည် မော်စကို ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျုဒ်မှ ဘွဲ့ရပြီးနောက် ဘဏ္ဍာရေးဌာန တွင်အလုပ်လုပ်ရင်း အဖိုးတန် သတ္ထုများနှင့် ပတ်သတ်သော ရုရှား၏ထိပ်တန်း စက်မှုလုပ်ငန်းရှင် ဖြစ်ရန်ကြိုးစားခဲ့သည်။ နိုရီးလ် နစ်ကယ် ကို သူစီမံခန့်ခွဲစဉ်က ထိုကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး နစ်ကယ်(Nickel) နှင့် ပယ်လဒီယံ(Palladium) ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။ ယခုအခါတွင် သူသည် ပေါ်လီယက်စ် ဂိုးလ်ဒ်- Polyus Gold (ရုရှား၏ အကြီးဆုံး ရွှေထုတ်လုပ်မှုလုပ်ငန်း) ၏ နာယက နှင့် အိုနက်စ်စင်မ် အဖွဲ့ (ONEXIM Group)၏ ဥက္ကဋ္ဌတို့ ဖြစ်လာသည်။ သူသည် ရုရှားနိုင်ငံ၏ ဒုတိယမြောက်အချမ်းသာဆုံးဖြစ်သည်။ ဖော့ဘ်စ်မဂ္ဂဇင်းအရ သူသည် ၃၉ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၁၃.၄ ဘီလျံခန့် ပိုင်ဆိုင်သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၈၉ခုနှစ်တွင်ပရိုခိုရော့ဗ်သည် ရုရှားနိုင်ငံအစိုးရပိုင်ကျောင်းဖြစ်သော စီးပွားရေးတက္ကသိုလ်(ထိုစဉ်က မော်စကိုစီးပွားရေးတက္ကသိုလ်ဟုခေါ်တွင်) မှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ ၁၉၈၉ခုနှစ်မှ ၁၉၉၂ခုနှစ်အထိ နိုင်ငံတကာအီကိုနော်မစ်ကော်ပိုရေးရှင်းဘဏ် (International Bank for Economic Cooperation)၏ စီမံခန့်ခွဲရေးရာထူးတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။များမကြာမီပင် နိုင်ငံတကာဘဏ္ဍာရေးကုမ္ပဏီ( the International Finance Company) ၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အသက် ၂၈နှစ်အရွယ် ၁၉၉၃ခုနှစ်၊ ကွန်မြူနစ်ဝါဒကျဆုံးချိန်တွင် ရုရှားနိုင်ငံ၌ အစိုးရပိုင်စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ်အကြီးအကျယ်ပြောင်းလဲနေချိန်တွင် အိုနက်စ်စင်မ်ဘဏ်(ထိုဘဏ်တွင်ဘုတ် အဖွဲ့ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူး)မှနော်ရယ် နစ်ကယ်အား ဝယ်ယူခြင်းကို ဗလာဒီမာ ပိုတန်းနင်နှင့်အတူ ကူညီ ပေးခဲ့သည်။

နော်ရယ် နစ်ကယ်လ် ပြင်ဆင်ရန်

ပရိုခိုရော့ဗ်သည် နော်ရယ် ကို အသုံးမကျသော ကုမ္ပဏီစုကြီးအဖြစ်မှ ကမ္ဘာ့ အကြီးဆုံးနှင့် အမြတ်အများဆုံးရ သဘာဝအရင်းအမြစ်သယံဇာတ ကော်ပိုရေးရှင်း တစ်ခုအဖြစ်သို့ ရောက်အောင်ပြုပြင် ပြောင်းလဲ နိုင်ခဲ့သည့် အတွက်အသိအမှတ်ပြုခံခဲ့ရသည်။ ကုမ္ပဏီမှ သတ္ထုတူးဖော်ရေးနှင့်မဆိုင်သော ပစ္စည်းများကို ရောင်းချပြီးနောက် အရင်းအနှီးကြီးပြီး ရှုပ်ထွေးသော ခေတ်သစ်စီးပွားရေးတစ်ခုကို စတင်ခဲ့သည်။ ထိုစွန့်စားရသည့် စီးပွားရေးလုပ်ငန်းလုပ်ရန်လိုအပ်သည်က အေးခဲနေသောအာတိတ်ဒေသ ကိုဖြတ်ကျော်၍ သတ္ထုများကို သယ်ဆောင်နိုင်ရန်အတွက် ရေခဲခွဲသင်္ဘောများ ပင်ဖြစ်သည်။

ပရိုခိုရော့ဗ် သည် ရေခဲခွဲသင်္ဘောများ၏ အကူအညီ မလိုသည့် Finnish ဖင်းနစ်ရှ် ကုန်တင်သင်္ဘောများကို တီထွင်ရာတွင် ရင်းနှီး မြှုပ်နှံခဲ့သည်။ နော်ရယ် နစ်ကယ်ကုမ္ပဏီသည် ဆိုက်ဗေးရီးယန်းမြို့တွင်လည်း ထိုနာမည်နှင့်ပင် ရုံးချုပ်ဖွင့်ထားသည်။ အခြေအနေတွင်ရှိရာ ပရိုခိုရော့ဗ်သည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်းရေးတွင် အလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့သည်။ ရုရှား၏အကြီးဆုံးရွှေထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် ပိုလီယက်စ်ဂိုးလ်ဒ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် နော်ရယ် နစ်ကယ် ရွှေတူးဖော်ရေးမှရရှိသော အကျိုးအမြတ် ဒေါ်လာ ၈.၅သန်းကို ရင်းနှီးခဲ့သည်။ သူသည် ပိုလီယက်စ်ဂိုးလ်ဒ်ဘုတ်အဖွဲ့၏ နာယကတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် ပရိုခိုရော့ဗ်သည် နော်ရယ် ၏စီအီးအိုအဖြစ်မှနုတ်ထွက်ခဲ့သည်။ သူနှင့် ကြာရှည်လက်တွဲခဲ့သော လုပ်ငန်းဖော် ဗလဒီမာပိုတနင်နှင့် ပိုင်ဆိုင်မှုများကို ခွဲဝေတော့မည် ဟုကြေညာ ခဲ့သည်။ နှစ်ဦးပိုင် Interros အင်ထရိုစ် ကုမ္ပဏီအုပ်စုကြီးမှ ပိုင်ဆိုင်မှုများကို ခွဲဝေရာတွင် ကာလရှည်ကြာစွာ ညှိနှိုင်းမှုများပြုလုပ် ခဲ့ရသည်။

ထိုသို့ပြုလုပ်ခဲ့ရာတွင် ၂၀၀၉ခုနှစ်တွင် နှစ်ဦးပိုင်အဖြစ် JSC open investments (ဂျေအက်စ်စီ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့်ပြုထားသော ဖွံ့ဖြိုးရေးကုမ္ပဏီ) တစ်ခုသာ ဝေခွဲကျန်တော့သည်။မော်စကို၏ မတည်ငြိမ်သည့် အိမ်ခြံမြေဈေးကွက်တွင် ထိုကုမ္ပဏီ၏ တန်ဖိုးကို သတ်မှတ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

ONEXIM Group ပြင်ဆင်ရန်

၂၀၀၇ခုနှစ်မေလတွင် အင်တရိုစ်ကို စွန့်ခွာရန်ဆုံးဖြစ်ချက်ချပြီးနောက် အိုနက်(စ်)စင်မ် ဂရု(ပ်) တွင် ဒေါ်လာ ၁၇ဘီလျံတန်ဖိုးရှိသော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့သည်။ အင်ထရိုစ် နှင့်လမ်းခွဲလိုက်သောအခါ အခြားကုမ္ပဏီများသည် ဘက်သို့သူ၏စိတ်ဝင်စားမှုကို ခံခဲ့ရသည်။ထို့ကြောင့် အိုနက်စ်စင်မ်မှလည်း ရင်းနှီးမြှုပ်နှံမှု ပုံစံကို ပြောင်းခဲ့သည်။ ၂၀၀၈ခုနှစ် ဧပြီလတွင် ပရိုခိုရော့ဗ်သည် သူ့ပိုင်ဆိုင်မှုများထဲတွင် တန်ဖိုးအရှိဆုံးဖြစ်သော နော်ရယ် နစ်ကယ်ကုမ္ပဏီ၏ ၂၅%အပါအဝင် ရှယ်ယာ၂ခုကို ဘီလျံနာ တစ်ဦးဖြစ်သူ အိုလက်ဂ် ဒါရီပါစကာမှထိန်းချုပ်ထားသော အခြားသတ္ထုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ယူနိုက်တက် ကုမ္ပဏီ RUSAL သို့ ရောင်းချခဲ့သည်။ ထိုပိုင်ဆိုင်မှုများကို ငွေသားဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိသော ရူဆယ်လ်စတော့၁၄%နှင့်လက်ငင်း လဲလှယ်ခဲ့ပြီး ဒေါ်လာ ၂ဘီလျံ ထပ်မံပေးချေရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းက ပရိုဟော့ဗ်ကို ကြီးကျယ်သော အောင်မြင်မှုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူရှယ်ယာများကို ရောင်းချပြီးနောက် ၃လခန့်အကြာတွင်ရုရှားကုမ္ပဏီအများစု၏တန်ဖိုးကို ထက်ဝက်ခန့် လျော့ကျစေခဲ့သော စံချိန်တင်စတော့ဈေးကွက်ပြိုလဲမှု ဖြစ်ပေါ်ခဲ့ရာ နော်ရယ်ကုမ္ပဏီလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ပရိုခိုရော့ဗ် သည် ယင်းအကြပ်အတည်းတွင် အချိန်မီငွေကြေးစိုက်ထုတ် ဖြေရှင်းပေးနိုင်သည့် အလွန့်အလွန်ရှားပါးသည့် လုပ်ငန်းရှင်များထဲတွင် တစ်ယောက်အနေဖြင့် ထွက်ပေါ်ခဲ့သည်။ သို့သော် ၎င်း၏ကျန်ရှိနေသေးသော အခြားသော ကုမ်ပဏီများမှ လုပ်ငန်းများ( ရူဆဲလ်နှင့် အခြားရင်းနှီးမြှပ်နှံမှုများ အပါအဝင် ) ၏တန်ဖိုးမှာထိုးကျ နေသောကြောင့် ၎င်း၏ကြွယ်ဝချမ်းသာမှုများကို ထိခိုက်စေခဲ့သည်။ ရူဆဲလ်မှပေးရန် ကျန်နေသော အရစ်ကျငွေကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။

၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်သော ရန်းနာ့ဆန့်စ် ထံမှ ၅၀%သော ချေးငွေကို ရရှိခဲ့သည်။ သတင်းများအရထိုဘဏ်သည် ငွေသားလက်ငင်းပေးချေနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဆိုကြသည်။ အိုနက်စ်စင်မ်သည် အသေးစားဘဏ်လုပ်ငန်း တစ်ခုကိုလည်း ဝယ်ယူခဲ့ပြီးနောက် ပရိုခိုရော့ဗ် ၉၀ခုနှစ်များက အလုပ်လုပ်ခဲ့သောဘဏ်ကို အမှတ်ရသောအားဖြင့် အိုင်အက်ဖ်စီ (IFC) ဟု နာမည်ပြောင်းခဲ့သည်။ အိုနက်စ်စင်မ်ဂရု(ပ်)၏ဌာနခွဲတစ်ခုသည် နာနိုတက္ကနိုလိုဂျီ အဆင့်မြင့်နည်းပညာစီမံကိန်းဖြစ်သည့် ဝှိုက် အယ်လ်အီးဒီများကို ပစ်မှတ်ထားရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း နှင့် ဆေးပညာရပ်သုံးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် အလွန်သေးငယ်သော ဖွဲ့စည်းတည်ဆောက် ပုံရှိသော အရာများထုတ်လုပ်ခြင်း ကိုအဓိက ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့သည်။

ထိုစီမံကိန်း အောင်မြင်မှုကြောင့် ၂၀၀၈ခုနှစ်တွင် အိုနက်စ်စင်မ်မှ အော့ပ်တာဂန်(Optagan) ကိုဝယ်ယူခဲ့သည်။ ၂၀၀၇ခုနှစ် ဇွန်လတွင် နာနိုတက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးချုပ် မီခေး ဖရက်ဒ်ကော့ဗ် (Prime Minister Mikhail Fradkov) က နာနိုနည်းပညာဝန်ကြီးဌာနကို အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပရိုခိုရော့ဗ် သည် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥက္ကဋ္ဌမှာ လက်ထောက်ဝန်ကြီးချုပ် ဆာဂီအိုင်ဗန်နော့ဗ် ဖြစ်သည်။ အခြားနာမည်ကြီးသော ပူးပေါင်းလုပ်ဆောင်မှုတစ်ခုမှာ JV! ဂျေဗွီ မီဒီယာအဖွဲ့နှင့် ဖြစ်သည်။

ထိုမီဒီယာကို ဦးဆောင်သူနှင့် တည်ထောင်သူမှာ ကွန်မာဆန့် ဗလာဒီမာ ယက်ကော့ဗ်လက်ဗ် (Kommersant Vladimir Yakovlev) ဖြစ်ပြီး ထိုမီဒီယာမှ အောင်မြင်ကျော်ကြားသောလူချမ်းသာ အသိုင်းအဝိုင်း(ကိန်းကြီးခန်းကြီးနိုင်သူများနှင့် ရုရှားစွန့်ဦးတီထွင်သူများကိုဆိုလို) ကိုသာ ပစ်မှတ်ထားသည့် ဈေးနှုန်းမြင့် မဂ္ဂဇင်းနှစ်စောင်ကို ထုတ်စေခဲ့သည်။ ၂၀၀၉ခုနှစ် ဇူလိုင်လတွင် အာဘီစီ အင်ဖော်မေးရှင်း စစ်(စ်)စတမ်(စ)ရှယ်ယာဝင်များမှ အိုနက်စ်စင်ဂရု(ပ)ရှိပရိုခိုရော့ဗ်ထံသို့ ကုမ္ပဏီ၏နောက်ဆုံးထုတ်လုပ်လိုက်သော အစုရှယ်ယာသစ်များ၏ ၅၁%ကို ဒေါ်လာ သန်း၈၀(တဝက်တိတိကို အာဘီစီမှ အကြွေးဆပ်ရမည်ဖြစ်သည်)ဖြင့် ရောင်းချရန် သဘောတူညီမှုရခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အပြီးသတ်စာချုပ်ချုပ်ဆို နိုင်ခဲ့သည်။

ပရိုခိုရော့ဗ်သည် သတ္ထုတူးဖော်ရေးနှင့် သတ္ထုဗေဒလုပ်ငန်းများ(ပေါ်လီယက်စ်ဂိုလ်းဒ်၊ ရပ်(စ်)ဆဲလ် အစုစပ်ရှယ်ယာဝင်)၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (အိုင်အက်ဖ်စီဘဏ်၊ ဆိုဂလက်စီ(Soglassye) အာမခံကုမ္ပဏီ၊ ရန်းနာ့ဆန့်စ်၏၅၀%)၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (ကွာဒရာ၏ ရှယ်ယာဝင်)၊ နာနိုနည်းပညာ၊ မီဒီယာလုပ်ငန်း(ဂျေဗွီ) နှင့် အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများ (အလွတ်ရင်းနှီးမြှုပ်နှံမှုများ) စသည့်စီးပွားရေး လုပ်ငန်းများတွင် စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အားကစားနှင့် ထောက်ပံ့ခဲ့မှုများ ပြင်ဆင်ရန်

၂၀၀၄ခုနှစ် မတ်လတွင် ရိုးရာယဉ်ကျေးမှုထွန်းကားရေးဆိုင်ရာ ဖောင်ဒေးရှင်း (မီခေးပရိုခိုရော့ဗ် ဖောင်ဒေးရှင်း၏ အစိတ်အပိုင်း) ကိုတည်ထောင်ခဲ့သည်။ ထိုဖောင်ဒေးရှင်းကို ရုရှားနိုင်ငံ၏ အထင်ကရစာအုပ်ထုတ်ဝေသူဖြစ်သော သူ၏အစ်မမှ ဦးဆောင်သည်။ သူသည် CSKA Moscow စီအက်စ်ကေအေ မော်စကို၏ ဘတ်စကတ်ဘော၊ဟော်ကီနှင့် ဘောလုံးအသင်းများကို ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ထို့ပြင်သူသည် ရုရှားအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ပရိုခိုရော့ဗ်သည် ယခုအခါ ရုရှားဘိုင်သလွန်ယူနီယံ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည်။ ၂၀၀၉ခုနှစ် စက်တင်ဘာလတွင် နေရှင်နယ်ဘတ်စကတ်ဘောအဖွဲ့(National Basketball Association)ရှိ နယူးဂျာစီနက်စ် (New Jersey Nets) အသင်း၏ အဓိကရှယ်ယာများကို နှင့် ဘရွတ်ကလင်း (Brooklyn)တွင် တည်ဆောက်မည့် အားကစားကွင်းသစ်စီမံကိန်းတစ်ဝက်ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။

ထိုအသင်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း၂၅၀ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ ပထမဆုံး မြောက်အမေရိကားနိုင်ငံသားမဟုတ်သူ အရပ်အရှည်ဆုံး(၆ပေ၈လက်မ) အန်ဘီအေ အသင်းပိုင်ရှင် ဖြစ်လာသည်။ ၂၀၁၀ခုနှစ် မေလ ၁၁ရက်နေ့တွင် နက်စ်ကို ပရိုခိုရော့ဗ်မှ ဝယ်ယူပြီးဖြစ်ကြောင်း အန်ဘီအေမှ ကြေညာခဲ့သည်။ ပရိုခိုရော့ဗ်သည် အသင်း၏အဓိကပိုင်ရှင် ဖြစ်လာပြီး ရှယ်ယာ ၈၀%ကိုပိုင်ဆိုင်သည်။ နက်စ်၏ အားကစားကွင်းသစ်ဖြစ်သော ဘာကလေ(စ)စင်တာ၏ ၄၅%ကိုလည်းပိုင်ဆိုင်သူ ဖြစ်လာသည်။

အငြင်းပွားဖွယ်ရာကိစ္စများ ပြင်ဆင်ရန်

၂၀၀၇ခုနှစ် ဇန်နဝါရီလတွင် ရုရှားသူဌေးတစ်စုနှင့်ပြင်သစ်တောင်တန်းရှိ ကွက်ချီဗဲလ်အပန်းဖြေစခန်း၌ ခရစ်စမတ်ပါတီကျင်းပရာတွင် ပြည့်တန်ဆာများကို စီစဉ်ပေးခဲ့သည်ဟူသော စွဲချက်ဖြင့် ထိန်းသိမ်းခံခဲ့ ရသည်။ ၄ရက်ကြာပြီးနောက်တွင်မူ စွဲချက်အတင်မခံရပဲ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင်မူ စွဲချက်မှ တရားဝင်ကင်းရှင်းခွင့်ရပြီး တရားရုံးမှ ထိုစွဲချက်ကို ပယ်ဖျက်ပေးခဲ့သည်။ သူ၏ ဘလော့တွင်မူ ပြင်သစ်အာဏာပိုင်များမှ တောင်းပန်ခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၁၀ခုနှစ် မတ်လဆန်းထုတ် သတင်းစာများတွင် ပရိုခိုရော့ဗ် ၂၀၀၈ခုနှစ်ကတည်းကဒေါ်လာ သန်းပေါင်း ၃၆၀တန်ဖိုးရှိ ပြင်သစ်နိုင်ငံ ရီဗဲရားရှိ ဗီလာ လီယိုပိုလ်ဒါ ကိုဝယ်ယူရန် ပေးထားသော စရံငွေ ဒေါ်လာ ၃၆သန်းကို လက်လွှတ်ဆုံးရှုံးရန် ဖိအားပေးခံရသည် ဟူသော သတင်းများကို သတင်း ခေါင်းစီးများ အဖြစ်ဖော်ပြကြသည်။ ပြင်သစ်နိုင်ငံ အိမ်ခြံမြေဥပဒေအရ ပမာဏစာချုပ်ချူပ်ဆိုပြီးလျှင် စရံငွေကို သတ်မှတ်ရက် ရ ရက်အတွင်း၌သာ ပြန်လည်ထုတ်ယူခွင့် ရှိရာပြင်သစ်နိုင်ငံ နီးစ် တရားရုံးမှ စရံငွေ ဒေါ်လာ ၃၆သန်းနှင့် အတိုး ဒေါ်လာ၁သန်းကို ဗီလာပိုင်ရှင်ဖြစ်သူ ကွယ်လွန်သူ ဘီလျံနာ အက်ဒ်မွန်ဆာဖရာ၏ ဇနီး အသက်ရ၁နှစ် အရွယ်ရှိ လော်ရာ ဆာဖရာကို ပိုင်ဆိုင်ခွင့်ပေးသည် ဟု အမိန့်ချမှတ်ခဲ့သည်။

ရရှိခဲ့သောဂုဏ်ပြုဆုများ ပြင်ဆင်ရန်

၂၀၀၆ခုနှစ် ဩဂုတ်လတွင် the Order of Friendship ဆုကို ရရှိခဲ့သည်။ ထိုဆုကို ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်မှ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ၏ စီးပွားရေးဦးမော့လာစေရန် အရေးပါသော ကူညီထောက်ပံ့မှုများပေးခဲ့သူဖြစ်သော ကြောင့်ထိုဆုဖြင့် ဂုဏ်ပြုခံရခြင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်