မုန်းဝန်းဗမာသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲဒေသတွင် နေထိုင်ကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က မုန်းဝန်း(တရုတ်)၊ မုန်းဝန်း(ဗုဒ္ဓ) ဟူ၍ မှတ်ပုံတင်ထုတ်ပေးခဲ့ရာမှ ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မုန်းဝန်းဗမာ ဟူ၍ ပြင်ဆင်ထုတ်ပေးရန် သမ္မတဦးသိန်းစိန်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်။[၁][၂][၃] သို့သော်လည်း လူမျိုးတစ်မျိုးအနေဖြင့် သတ်မှတ်ခြင်းမဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် မေလတွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။[၄]

ယဉ်ကျေးမှု ပြင်ဆင်ရန်

မုန်းဝန်းလူမျိုးစုများ၏ ဘာသာစကားတွင်မူ ကိုးကန့်ဘာသာစကားနှင့် အနည်းငယ်ဆင်တူသော်လည်း ကွဲပြားမှုရှိသည်။ မုန်းဝန်းဘာသာစကားကို လုံရှုစကား(龙淑话)ဟုသတ်မှတ်ပီး ကိုးကန့်ဘာသာစကားကိုမှု မာလီဘာ(麻栗坝话)စကားဟု သတ်မှတ်ကြသည်။

စာပေတွင်မှု ယူနန်တရုတ်ဘာသာကို တတ်ကျွမ်းကြပီး မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုကို ကျောင်းနေအရွယ်မှစပီး အလေးထားသင်ကြားဆောင်ရွက်ပေးနေသည့် လူမျိူးလည်းဖြစ်သည်။ ဝတ်စားဆင်ယင်မှုတွင် အမျိူးသမီးများက ဗမာလူမျိုးကဲ့သို့သော ရင်ဖုံးအင်္ကျီနှင့် ထဘီဝတ်ဆင်သည်။ အမျိုးသားများမှာ ကိုးကန့်တိုင်းရင်းသားဝတ်ဆင်သည့်ပုံနှင့် ဆင်တူသည်။ မုန်းဝန်းလူမျိုး အများစုမှာ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။


ကိုးကား ပြင်ဆင်ရန်