Justicia adhatoda
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Acanthaceae
မျိုးဇာတ်: Justicieae
မျိုးစု: Justicia
မျိုးစိတ်:
J. adhatoda
ဒွိနာမ
Justicia adhatoda
Synonyms[၁]
  • Adeloda serrata Raf.
  • Adhatoda pubescens Moench
  • Adhatoda vasica Nees
  • Dianthera latifolia Salisb.
  • Ecbolium adhatoda (L.) Kuntze
  • Gendarussa adhadota (L.) Steud.

ပုံသဏ္ဌာန် : အမြဲစိမ်း ချုံပင်ပျော့မျိုးဖြစ်သည်။ အရွက်သည် ဘဲဥပုံ၊ လှံစွပ်ပုံ ရှိသည်။ အပေါ်မျက်နှာပြင်သည် အစိမ်းရင့်ရောင်ဖြစ်၍ အောက်ဘက် မျက်နှာပြင်သည် အစိမ်းရောင်ဖျော့သည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်း သွယ်သည်။ ကြားထွက်ပန်းခိုင်မျိုး ဖြစ်သည်။ အဖြူရောင် အပွင့်များ ပွင့်၍ အခွံလယ်အက်ကွဲသီး ဖြစ်သည်။ အပင် ချုံပင် မျိုးဖြစ် သည် ။ အမြင့် ၄ ပေ မှ ၈ ပေထိ မြင့်သည်။ ညိုခြောက်ခြောက် အရောင်ရှိသော အကိုင်းအခက်များစွာ ဖြာပြီး အမွှေးနု ကလေးများ ရှိသည်။ အရွက် နှစ်ရွက်စီ ရွက်ဆိုင် အလှည့်ကျ ထွက်၏ ။ အကိုင်း ၏ အဖျားပိုင်း တွင် စုထွက်သည်။ ရွက်ထိပ် ချွန်သည်။ အလျား ၄ လက်မ မှ ၈ လက် မ ထိရှည်၏ ။ ရွက်ကြော ထင်ရှား ၏ ။ အပေါ် မျက်နှာပြင် ချော မွတ်ပြီး အောက်မျက်နှာပြင် တွင် အမွှေးနု ကလေးများ ရှိ၏ ။ ရွက်နား ချော၍ လှိုင်းအနည်းငယ် ရှိသည်။ အပွင့် အဖြူ အနီ ၂ မျိုး ရှိ၏ ။ သီတင်းကျွတ် ၊ တန်ဆောင်မုန်း တွင် ပွင့်၏ ။ အသီး အသီးတွင် အစေ့ ၄ စေ့ ပါသည်။ အမွှေးနုများ ဖုံးလွှမ်း နေသည်။ တပို့တွဲလတွင် အသီးမှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အရွက်၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ရှမ်းပြည်နယ် နှင့် ပြင်ဦးလွင် တို့တွင် အများဆုံး တွေ့ရသည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ မုရားကြီး ရွက်သည် ဖန် ခါး၏ ၊ အေး၏ ၊ လေကိုပွား စေ၏ ၊ အသံကို ကောင်းစေ၏ ၊ နာကို လည်းကောင်း ၊ သွေးကျ သွေးအန် သော အနာကို လည်းကောင်း ၊ ပန်းနာ ၊ ရှူနာ တို့ကို လည်းကောင်း ပယ်နိုင်၏ ။ မုရားကြီး ရွက်သည် တေဇောဓာတ်နှင့် ယှဉ်သော ချောင်းဆိုး နာကို လည်းကောင်း အောက်သို့ သွေးသက်သော အနာကို လည်းကောင်း ၊ ခံတွင်း ညှီနံ့ မကောင်းခြင်းကို လည်းကောင်း ၊ လက်ဝဲ ခြေ ရောင်ရမ်း သော အနာ ကို လည်းကောင်း ပယ်နိုင်၏ ။ အသုံးပြုပုံ- အပွင့် အရွက် ၁ ။ အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်းခန့် အရည်ညှစ်၍ သကြားခဲ သို့မဟုတ် ပျားရည် သင့်တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် သွေးကျ ရောဂါ ပျောက်၏ ။ အရွက် ၂ ။ ကြစုသီးကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက်စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန်သွေးကျရောဂါ ပျောက်၏။ ၃ ။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက်စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့်ရောဂါ ပျောက်၏ ။ ၄ ။ မုရားကြီးရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။ ၅ ။ မုရားကြီးရွက်ကို မျက်စိရောဂါ ပျောက်ဆေးအဖြစ် ဖော်စပ် အသုံးပြု၏ ။ ၆ ။ အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။ ၇ ။ မုရားကြီးရွက် လတ်တဆုပ်စာကို ရေသုံး ခွက် တစ်ခွက်တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။ ၈ ။ မုရားကြီး ရွက်နုကို ကြိတ်၍ရသော အရည်အား ဝိုင်အရက်နှင့်သော်လည်းကောင်း ၊ ပျားရည်နှင့်သော်လည်းကောင်း သောက်သော် ကြက်ညှာချောင်းဆိုး ရောဂါ ပျောက်၏။ အမြစ် ၁ ။ မုရားကြီးအမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာရင်ကျပ် နှင့် ချောင်းဆိုးရောဂါ ပျောက်၏။ ၂ ။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ၏။ ၃ ။ မုရားကြီးအမြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Justicia adhatoda L.Plants of the World Online။ Royal Botanic Gardens, Kew။ 2019-01-26 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. http://arogyamonline.com/commodity/materials/?raw=96[လင့်ခ်သေ]