(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “နွေလတို့၏နောက်ဆုံး ဖြစ်သော ဝါဆိုလ၌ ကောင်းကင်သို့ပျံ့နှံ့တက်နေသော မြူနုမြူကြမ်းကို အချိန် အခါမဲ့ရွာသွန်းသော မိုးကြီးသည် တခဏချင်း ကွယ်ပျောက်ငြိမ်သက်စေသကဲ့သို့ ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် အဋ္ဌင်္ဂိက အရိယမဂ်ကိုပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဖြစ်ပေါ်လာကုန် ဖြစ်ပေါ်လာကုန်သော ပါပကအကုသလဓမ္မတို့ကို တခဏချင်း ကွယ်ပျောက်ငြိမ်းအေးစေနိုင်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “သည်းထန်စွာရွာသွန်း နေသောမိုးကြီးကို ပြင်းထန်စွာတိုက်ခတ်လာသော လေမုန်တိုင်းသည် ရွာသွန်းနေစဉ် တခဏချင်း ကွယ်ပျောက်ငြိမ်သက်သွားစေနိုင်သကဲ့သို့၊ အထက်သုတ်တော်အတိုင်း အဋ္ဌင်္ဂိက အရိယာမဂ်ကိုပွားများလျှင် အကုသိုလ်တရားတို့ကို တခဏချင်းကွယ်ပျောက် ငြိမ်းအေးစေနိုင်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၄၆-၇။ သံ၊မြန်၊၃၊၄၉-၅၀။ သံ၊ဋီ၊၂၊၄၁၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၆-ဗလကရဏီယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -သံ၊၁၊၄၇။ သံ၊မြန်၊၁၊၅၀။ -သံယုတ္တနိကာယ ... နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ