မောင်အုန်းသောင်း(မကွေး)သည် ကဗျာဆရာ နှင့် စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ ပြည်မြန်မာဂျာနယ် တွင် "အရိုးဆုံးဟာသများ" နှင့် "ပြောစမှတ်တွင်ရစ်တာလေးတွေ" တို့ကို ပင်တိုင်ရေးသားခဲ့သည်။ သုတစွယ်စုံမဂ္ဂဇင်းအာရောဂျံမဂ္ဂဇင်း၊ တို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ကလောင်အမည်ခွဲမှာ အုန်းခြိမ့်သောင်း ဖြစ်သည်။

ဖိုင်:Burmese writer maung ohn thaung magway.jpg

ရရှိခဲ့သောစာပေဆုများ ပြင်ဆင်ရန်

၁။ "ပန်းတစ်ထောင်ရဲ့ဝတ်ရည်အိမ်ကဗျာများ" ဖြင့် ၁၉၉၈ စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် တတိယဆု
၂။ "ပန်းတွေဝှက်တဲ့အိပ်မက်အိမ်ကဗျာများ" ဖြင့် ၂၀၀၆ စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် ဒုတိယဆု