မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

မြန်မာနိုင်ငံ၏ရုပ်သံလွှင့်လုပ်ငန်း

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရုပ်သံလွှင့်လုပ်ငန်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်းဖြစ်သည်။ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းကို ၁၉၈၀ ခုနှစ်၊ ဇွန်လတွင် စတင်စမ်းသပ်ခဲ့ပြီး နိုဝင်ဘာလ (၁)ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားအမည်ဖြင့် NTSC စနစ်ကို အသုံးပြု၍ ပုံမှန်ထုတ်လွှင့်ခဲ့သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ခဲ့ရာ ယခုအခါ ထပ်ဆင့်လွှင့်စက်ရုံပေါင်း (၂၃၁)ရုံ ရှိပြီဖြစ်သည်။[၃]

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်သုံးစွဲသည့် MRTV တံဆိပ်အသစ်
စတင်ခြင်း၁၅ ဖေဖော်ဝါရီ ၁၉၄၆ (၁၉၄၆-၀၂-၁၅)[၁] (ရေဒီယို)
ဇွန် ၁၉၇၉ (ရုပ်သံလိုင်း)[၂]
ရုပ်ပုံအမျိုးအစား16:9 1080i
4:3 480i
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာ
ထုတ်လွှင့်သည့် ဧရိယာမြန်မာနိုင်ငံတစ်ဝန်း
ဌာနချုပ်များနေပြည်တော်
ညီအစ်မရုပ်သံလိုင်း(များ)
  • MRTV NEWS
  • MRTV Parliament
  • MRTV NRC
  • MRTV Farmers
  • MRTV Sports
ဖမ်းယူရရှိနိုင်မှု
မြေပြင်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
(မြန်မာ)
Channel 1 (MRTV HD)
Channel 2 (MRTV News HD)
Channel 3 (MRTV Parliament)
Channel 4 (MRTV NRC HD)
Channel 5 (MRTV Farmer)
Channel 6 (MRTV Sport)
ဂြိုဟ်တု
Thaicom 6 78.5°E3711/H/15000 (HD)
စကိုင်းနက်
(မြန်မာ)
Channel 2
ကန်နယ်လ်ပလပ်စ်
(မြန်မာ)
Channel 60
အွန်လိုင်းမီဒီယာ
MRTV LivestreamWatch Live

သမိုင်းကြောင်း ပြင်ဆင်ရန်

မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းကို လွတ်လပ်ရေးမရမီ ၁၉၃၆ ခုနှစ်တွင် စတင်ပြီး ၁၉၃၇ ခုနှစ်၌ ရန်ကုန်မြို့၊ မင်္ဂလာဒုံ (ဝါယာလက်) တွင်စမ်းသပ်အသံလွှင့်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ယခု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဗဟိုကြေးနန်းရုံးကြီး အောက်ထပ်ရှိ အခန်းအချို့ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လွှင့်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဖိုက်ချ်လမ်း (ယခင်ရှမ်းလမ်း၊ ယခုဗဟိုလမ်း)ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၊ အမှတ်(၄)နှစ်ထပ်တိုက် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး) မှ အသံလွှင့်ခဲ့သည်။ ဖိုက်ချ်လမ်း (ယခုအခေါ် ဗဟိုလမ်း) အသံလွှင့်ရုံထက် နေရာပိုမိုကျယ်ဝန်းသော ကမ္ဘာအေးစေတီလမ်းရှိ ချင်းချောင်းနန်းတော်နေရာ (အနုပညာဦးစီးဌာနရုံး အဆောက်အအုံပရဝုဏ်) သို့ ရွှေ့ပြောင်းအသံလွှင့်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို All Burma Broadcasting Station (ခေါ်) ရန်ကုန်မြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန ဟုခေါ်တွင်ခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လဆန်းမှ မေလဆန်းအထိ ရန်ကုန်မြို့၊ ပတ်လမ်း (ယခုနတ်မောက်လမ်း) ရှိ အဆောက်အအုံနေရာ (ယခုဂျာမနီသံရုံး) နေရာတွင် မြန်မာ့တော်လှန်ရေး တပ်မတော်အသံလွှင့်ဌာန အမည်ဖြင့် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော တော်လှန်ရေးရဲဘော်များက လျှို့ဝှက်တည်ဆောက်ကာ အသံလွှင့်ခဲ့သည်။ မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ဟိန္ဒူစတန်နီ ဘာသာများဖြင့် အသံလွှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မေလဆန်း၌ ရန်ကုန်မြို့ ရွှေတောင်ကြားရပ် လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) ရှိ နှစ်ထပ်တိုက်ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လုပ်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို Rangoon Radio (ခေါ်) ရန်ကုန်ရေဒီယို ဟု အမည်ပေး အသံလွှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် “ရန်ကုန်ရေဒီယို” မှ Burma Broadcasting Service (BBS) (ခေါ်) ဗမာ့အသံ အမည်သို့ နာမည်ပြောင်းလဲ အသံလွှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် လောင်းဝစ္စလမ်း (ယခုအင်းလျားမြိုင်လမ်း) အသံလွှင့်ရုံမှ ဝင်ဒါမီယာကရက်ဆင့် (ယခုပန်းဝါလမ်း) အသံလွှင့်ရုံသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ဝင်ဒါမီယာအသံလွှင့်ရုံဟု ခေါ်တွင်ခဲ့သည်။

၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဗမာ့အသံ အမည်မှ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏ ကိုယ်စားပြုရာ မြန်မာ့အသံ အမည်သို့ နာမည်ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဝင်ဒါမီယာ အသံလွှင့်ရုံမှ ပြည်လမ်း “မြန်မာ့အသံ” အသံလွှင့်ရုံသစ်ကြီးသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်အရ အသံလွှင့်ဌာနခွဲ ညွှန်ကြားရေးဝန်ရုံး အမည်မှ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန အမည်သို့ ပြောင်းလဲခေါ်တွင်ကာ ပြန်ကြားရေးဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ရောင်စုံရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဤဌာနကို ဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းကာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန Myanma Television and Radio Department (MTRD) ဟု အမည်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန အမည်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Myanma Radio and Television (MRTV) ဟုပြောင်းလဲဖွဲ့စည်း ခေါ်ဆိုခဲ့သည်။

၂၀ဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ထုတ်လွှင့်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား (MRTV) အစီအစဉ်အား ၁၉၈၀ ခုနှစ်၊ ဇွန်လတွင်လည်းကောင်း၊ MRTV-3 အစီအစဉ်အား ၂၀ဝ၁ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင်လည်းကောင်း၊MRTV-4 အစီအစဉ်အား ၂၀ဝ၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ MRTV-3 အစီအစဉ်အား အသွင်သဏ္ဌာန်ရော အနှစ်သာရပါပြောင်းလဲ၍ Myanmar International Television (MITV) အစီအစဉ်အဖြစ် ၂၀၁၀ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှစ၍ ဂြိုဟ်တုများထပ်မံငှားရမ်းပြီး ကမ္ဘာ့နိုင်ငံပေါင်း(၂၂၄) နိုင်ငံများသို့ လည်းကောင်း၊ ပိတောက်‌မြေအသံလွှင့် အစီအစဉ်အား ၂၀ဝ၇ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်မှစတင်၍လည်းကောင်း၊ ဒေသဆိုင်ရာ FM များအား ၂၀ဝ၈ ခုနှစ်၊ ဧပြီ (၁၇) ရက်နေ့မှ စတင်၍လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိသည်။ [၄]

မြန်မာ့ရုပ်မြင်သံကြား ပြင်ဆင်ရန်

မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို ၂၀၁၃ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စ၍ နေ့စဉ် နံနက် (၀၆:၀၀)မှ တိုးချဲ့ ထုတ်လွှင့်လျက်ရှိသည်။ ပြန်ကြားပေးခြင်း ၆၀%၊ ပညာပေးခြင်း ၂၀%နှင့် ဖျော်ဖြေပေးခြင်း ၂၀% ဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည်။ ပြန်ကြားပေးခြင်းအနေဖြင့် သတင်းအစီအစဉ်ကို နေ့စဉ်နံနက်(၀၇:၀၀)၊ ည (၂၁:၀၀)နာရီထိ တစ်နာရီခြားတစ်ခါ ထုတ်လွှင့်ပေးပြီး တစ်ပတ်အတွင်း သတင်းအဖြစ် အပတ်စဉ် စနေနေ့တိုင်း နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ထုတ်လွှင့်ပေးလျက်ရှိသည်။ ပညာပေးခြင်းအနေဖြင့် ပညာရေးသင်ခန်းစာပို့ချချက်များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာပေးအစီအစဉ်များ၊ ကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိပြီး ဖျော်ဖြေပေးခြင်းအနေဖြင့် တေးဂီတအစီအစဉ်များ၊ ဇာတ်/အငြိမ့်၊ မြန်မာရုပ်ရှင်/ဗီဒီယို/ဇာတ်လမ်းများ၊ နိုင်ငံခြား ရုပ်ရှင်/ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသလျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများ၊ နေ့ထူးနေ့မြတ်များ၊ ဘောလုံးပွဲများကိုလည်း အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိသည်။ ၂၀၁၃ခုနှစ် ​စက်တင်ဘာ ၁၅ရက်​​နေ့တွင် DVB-T2 Multi Channel Playout System ဖြင့်စတင်တိုးချဲ့ထုတ်လွှင့်ခဲ့ပြီး MRTV, MITV, လွှတ်​တော်ရုပ်သံလိုင်း (Hluttaw Channel), တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC), ​​တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmers Channel), MRTV Sports, မြန်မာ့အသံ​ရေဒီယို စသဖြင့် ရုပ်သံလိုင်း၈လိုင်း ​ရေဒီယို၄လိုင်း တို့ကိုစတင်တိုးချဲ့ထုတ်လွှင့်ခဲ့သည်။ ၂၀၁၅ခုနှစ်​ ​ဖေ​ဖော်ဝါရီ ၁၅ရက်​နေ့တွင် ရုပ်သံလိုင်း၁၄လိုင်းအထိတိုးချဲ့ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ခုနှစ် မတ် ၂၄ရက်တွင် ရုပ်သံလိုင်းသစ် ၅လိုင်းထပ်မံတိုးချဲ့ထုတ်လွှင့်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် ရုပ်သံလိုင်း ၁၈လိုင်းအား ထပ်ဆင့်လွှင့်စက်ရုံများမှ မနက်၆နာရီက​နေ ည၁၂နာရီအထိ ထုတ်လွှင့်​​ပေးလျက်ရှိသည်။ [၃]

Myanmar International Television ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း

မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း (mitv) ရုပ်သံလိုင်း သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ သိရှိစေရန်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ပြီး ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။

Digital terrestrial television ပြင်ဆင်ရန်

ချန်နယ် နံပါတ် ရုပ်ထွတ်အရည်အသွေး EPG name ထုတ်လွှင့်သောအစီအစဉ် မှတ်ချက်
MRTV MUX 1
1 1080i 16:9 MRTV HD ပင်မ မြန်မာ့ရုပ်မြင့်သံကြား အစီအစဉ်
2 1080i 16:9 MRTV NEWS HD MRTV News Channel ရုပ်သံအစီအစဉ်
3 480i 16:9 MRTV HLUTTAW မြန်မာ့ရုပ်မြင်သံကြား ပါလီမန်ချန်နယ် အစီအစဉ် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် ကျင်းပပုံများအား တိုက်ရိုက်ထုတ်လွှင့်မှု
4 1080i 16:9 MRTV NRC HD မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အစီအစဉ်
5 480i 16:9 HTV (MRTV Farmer) Htv Channel နှင့် MRTV Farmers ရုပ်သံအစီအစဉ်
6 480i 16:9 HTV Sports (MRTV Sports) Htv Sports နှင့် MRTV Sports ရုပ်သံအစီအစဉ်
7 480i 16:9 MITV မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း အစီအစဉ်
8 480i 16:9 EDU မြန်မာ့ပညာရေးရုပ်သံ အစီအစဉ်
9 480i 16:9 M Entertainment Channel M Entertainment Channel ရုပ်သံအစီအစဉ်
10 480i 16:9 MRTV-4 MRTV-4 ရုပ်သံအစီအစဉ်
11 480i 16:9 Channel-7 Channel 7 ရုပ်သံအစိစဉ်
12 480i 16:9 5-Plus 5 Plus ရုပ်သံအစီအစဉ်
13 480i 16:9 MNTV MNTV ရုပ်သံအစီအစဉ်
14 480i 16:9 Channel-9 Channel 9 ရုပ်သံအစီအစဉ်
15 480i 16:9 MWD မြဝတီရုပ်မြင်သံကြား အစီအစဉ်
16 480i 4:3 Channel K Channel K ရုပ်သံအစီအစဉ်
17 480i 4:3 YTV YTV ရုပ်သံအစီအစဉ်
18 480i 16:9 Fortune TV Fortune TV ရုပ်သံအစီအစဉ်
19 Audio only Myanma Radio ပင်မ မြန်မာ့အသံရေဒီယို အစီအစဉ်
20 Audio only Upper Tineyinthar မြန်မာ့အသံ အထက်ပိုင်းတိုင်းရင်းသားဘာသာ အစီအစဉ်
21 Audio only Lower Tineyinthar မြန်မာ့အသံ အောက်ပိုင်းတိုင်းရင်းသားဘာသာ အစီအစဉ်
22 Audio only Test Radio Test
23 Audio only MRI Channel Myanmar Radio International Programming
24 Audio only Tha Pyay သပြေရေဒီယို အစီအစဉ်
ထပ်ဆင့်လွှင့်စက်ရုံ Transmitter Site Frequancy Channel လွှင့်အား
နေပြည်တော် မြန်မာ့အသဲနှင့်ရုပ်မြင်သံကြား ဌာနချုပ်၊ တပ်ကုန်းမြို့နယ် E21 474 MHz 3KW
နေပြည်တော် ပျဉ်းမနား E30 546 MHz 3KW
ရန်ကုန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလွှင့်စင်တာ၊ ဟံသာဝတီအဝိုင်းအနီး၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ် E31 554 MHz 3KW
မန္တလေး
စစ်ကိုင်း
စစ်ကိုင်းတောင် E31 554 MHz 3KW
မုံရွာ ဗောဓိတစ်ထောင် E30 546 MHz 3KW
ရေဦး ? E24 498 MHz 3KW
ကလေး ကနေဒီတောင် E25 506 MHz 3KW
ကန့်ဘလူ ? E27 522 MHz 1KW
ဟုမ္မလင်း ? E30 546 MHz 300W
ကျောက်ပန်းတောင်း ပုပ္ပါးတောင် E27 522 MHz 3KW
ပြင်ဦးလွင် ? E30 546 MHz 600W
မိတ္ထီလာ MPT Exchange ရုံးအနီး၊ ရန်ကုန်-မန္တလေး လမ်းဟောင်း E30 546 MHz 3KW
မင်းဘူး
မကွေး
မင်းဘူး E27 522 MHz 3KW
ပခုက္ကူ ဆုကြီးပန်တောင်ကျောင်းတိုက်နှင့် သာသနာ့ပါလရိပ်သာအနီး၊ အမှတ်၁၁ ရပ်ကွတ် E32 562 MHz 3KW
တောင်တွင်းကြီး ? E27 522 MHz 1KW
ပုသိမ် မငြိမ်းလှကုန်းရပ်ကွတ် E30 546 MHz 3KW
ကျောင်းကုန်း ? E27 522 MHz 3KW
ဘိုကလေး ? E27 522 MHz 3KW
ပဲခူး ? E30 546 MHz 3KW
တောင်ငူ ? E27 522 MHz 3KW
ပြည် ရွှေဆံတော်ဘုရားကြီးအနီး၊ မင်းကြီးတောင် E26 514 MHz 3KW
ထားဝယ် ? E27 522 MHz 1KW
မြိတ် ? E27 522 MHz 3KW
တောင်ကြီး ရွှေဘုန်းပွင့်ဘုရားနှင့် တောင်ကြီး View Point အနီး E27 522 MHz 3KW
လားရှိုး သာသနာ ၂၅၀၀ပြည့်စေတီ အနီး E27 522 MHz 1KW
ကျိုင်းတုန် လွိုင်မွေတောင် E27 522 MHz 300W
စစ်တွေ ရန်ကုန်-စစ်တွေ လမ်းမကြီး E27 522 MHz 3KW
မော်လမြိုင် မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံးအနီး၊ တောင်ရိုးတန်းလမ်း E27 522 MHz 3KW
ဘီးလင်း ? E29 538 MHz 3KW
ဘားအံ လှကညှင်ပန်းခြံအနီး၊ လှကညှင်လမ်း E30 546 MHz 3KW
မြစ်ကြီးနား ? E27 522 MHz 1KW
ဗန်းမော် ? E27 522 MHz 1KW
ဟားခါး ? E21 474 MHz 500W
လွိုင်ကော် ? E24 498 MHz 1KW

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Kyaw Kyaw Htun and Win Lwin. "Myanmar Country Report". ASEAN Mass Communication Studies and Research Center. Retrieved on 2008-12-24.  Archived 7 November 2012 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 7 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2015 တွင် ပြန်စစ်ပြီး။မော်ကွန်းတင်ပြီးမိတ္တူ။ 7 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2015 တွင် ပြန်စစ်ပြီး။
  2. Thant Myint-U (2006)။ The River of Lost Footsteps--Histories of Burma။ Farrar, Straus and Giroux။ p. 371ISBN 978-0-374-16342-6
  3. ၃.၀ ၃.၁ MRTV Transmission။ MRTV။ ၂၀၁၄-၁၀-၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. About MRTV။ 7 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၀ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ် ပြင်ဆင်ရန်