ရမ်

ကြံရည်မှပေါင်းခံရရှိသည့် အရက်အဖျော်ယမကာ

ရမ်(RUM)ဆိုသည်မှာ မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုး ဖြစ်သည်။ ရမ်ကို ကြံသကာနှင့် ကြံ၏ ဘေးထွက်ပစ္စည်းများမှ တဆင့် ကစော်ဖောက်ခြင်းနှင့် အရက်ပေါင်းချွေးခံနည်းတို့ကို အသုံးပြု၍ ချက်လုပ်ကြသည်။ ကမ္ဘာပေါ်တွင် ရမ် ထုတ်လုပ်မှု အများဆုံး ရှိသော နေရာမှာ ကာရစ်ဘီယန် ဒေသတဝိုက်တွင် ဖြစ်သည်။ တခြားဒေသများဖြစ်သော ဖီဂျီနှင့် ဩစတြေးလျ တို့တွင်လည်း ရမ်ကို ချက်လုပ်ကြသည်။

ရမ်
ဖန်ခွက်ထဲတွင်ထည့်ထားသော ရွှေအိုရောင် ရမ်
အမျိုးအစားပေါင်းခံ ယမကာ
စတင်ရောင်းချသည့်နေ့၁၇ ရာစု
အယ်လ်ကိုဟောပမာဏ40–80%
Alcohol proof80–160°
အရောင်အဆင်းClear, brown, black, red or golden
ရနံ့Sweet to dry
ပါဝင်ပစ္စည်းကြံ molasses or ကြံရည်; တဆေး; ရေ
မူကွဲများrhum agricole, ron miel, tafia
ဆက်စပ်ထုတ်ကုန်cachaça, charanda, clairin, grogue, grog, Seco Herrerano
ဂျမေကာမှ ရမ်အရက်

မြန်မာနိုင်ငံနှင့် ရမ်အရက် ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ရမ်အရက်သည် ဆိုရှယ်လစ်ခေတ်ကတည်းကပင် ထင်ရှားသော အဖျော်ယမကာ တစ်မျိုးဖြစ်သည်။ ထိုစဉ်က မြန်မာ့ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းက မန္တလေးရမ် နှင့် အာမီရမ် ဟူ၍ အရက် နှစ်မျိုးကိုသာ ထုတ်လုပ်ပြီး နိုင်ငံအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချခဲ့သည်။ အာမီရမ်သည် စစ်တပ်တွင် သုံးရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သဖြင့် ကွီနိုင်း ဟုခေါ်သော ငှက်ဖျားဆေး ပါဝင်သည်ဟု ပြောကြသည်။ ငှက်ဖျားဆေးကြောင့် အာမီရမ်သည် မန္တလေးရမ်နှင့် နှိုင်းယှဉ်ပါက အနံ့နှင့် အရသာ ပို၍ ဆိုးရွားသည်။

တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလာပြီးသည့် နောက်တွင် ရန်ကုန်ရမ်၊ မြန်မာရမ် စသည်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ချက်လုပ်သော ရမ် အရက်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။