Sesbania sesban
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးဇာတ်: Sesbanieae
မျိုးစု: Sesbania
မျိုးစိတ်:
S. sesban
ဒွိနာမ
Sesbania sesban

ပုံသဏ္ဌာန် : အပင်-- ချုံယောင် ပင်လတ် မျိုးဖြစ်၏။ အမြင့် ၆ ပေ မှ ၁၅ ပေ အထိ မြင့်သည်။ အကိုင်း အခက် များသန်မာ ၍ ဝေဆာစွာ ထွက်၏။ အရွက်-- ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ အလျား ၃ လက်မ မှ ၆ လက်မ ထိ ရှည်သည်။ ရွက်မြွှာများ ၂၀-၄၀ ထိ ပါရှိ၍ မျက်နှာချင်း ဆိုင်ထွက်သည်။ ရွက်ပြား ပြောင်ချော၍ ရွက်နား ညီပြီး လှံဖျားပုံ ရှည်မျောမျောပုံ ရှိ၏။ အပွင့်-- ကြားထွက် ပန်းခိုင် တွင် ပွင့်၏။ အနီပွင့်၊ အဝါပွင့် နှစ်မျိုး ရှိ၏။ အပွင့် အရေ အတွက် နည်းပါးသည်။ အသီး-- သီးတောင့်ရှည် ဖြစ်သည်။ ၃ လက်မ မှ ၆ လက်မ ထိ ရှည်၏။ အနည်းငယ် လိမ်ပြီး တွဲလျားကျ နေ၏။ အသီးတောင့် တစ်တောင့်လျှင် အစေ့ ၁၅ စေ့ မှ ၂၀ စေ့ ထိ ပါရှိ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ်၊ အခေါက်၊ အစေ့၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား ချောင်းမြောင်း အင်းအိုင် နှင့် လယ်တော ယာတော များတွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ-- သဘာ၀ အလျောက် ပေါက်ရောက်၏။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်းများ အလို အရ ရေသကျည်း အမြစ်သည် ပူ၏။ ခါး၏။ ဝမ်းဗိုက် တင်းရောင်ခြင်းကို ပျောက်စေ၏။ ရောဂါပိုး တို့ကို နိုင်နင်း၏။ အအေးပပ်ခြင်း၊ သရက်ရွက် ရောင်ခြင်းတို့မှ ကင်းဝေးအောင် ပြုနိုင်၏။ အခေါက်သည် တွန့်ရှုံ့ စေတတ်၏။ ဓာတ်သက် စေ၏။ အစေ့သည် ကျောက်ကြီး ရောဂါကို ကာကွယ် နိုင်၏။ အရွက် သည်အေး၏။ ကိုယ်လက် ဖောရောင်နာ၊မျက်စိနာ၊အဆိပ်သင့် နာတို့ကို နိုင်၏။ အသုံးပြုပုံ- အမြစ်-- ၁။ အမြစ်ကို အကျိတ် ရောဂါ၊ အဖျားရောဂါ၊ အနာပေါက် ရောဂါ၊ဆီးချိုရောဂါ၊ သွေးမကောင်း ၍ကိုယ်ပေါ်တွင် အဖြူ အနီ ကွက်များ ပေါ်ခြင်းနှင့် လည်ချောင်း ရောဂါ တို့အတွက် ဆေးဖော်စပ် အသုံးပြု၏။ ၂။ ကင်းဆိပ် ဖြေဆေး အဖြစ်လည်း သုံး၏။ အခေါက်--၁။ အခေါက် ကြိတ်ညှစ်ရည် ကို အရေပြား ရောဂါ ရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။ အစေ့-- ၁။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။ ၂။ အစေ့ကို မီးယပ်သွေး မှန်ဆေး၊အသည်းရောင်၊အဆုတ်ရောင် ရောဂါ ကုဆေး အဖြစ်လည်း ဖော်စပ် သုံး၏။ အရွက်-- ၁။ အရွက်ကို အဆိပ်သင့် ခြင်းနှင့် ကိုယ်လက် ဖောရောင်သော အနာ၊ မျက်စိနာ များအတွက် အသုံးပြု ရ၏။ ၂။ ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။ ၃။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် အရွက်ကို ပြုတ်သောက် ရ၏။ ၄။ အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။ ၅။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=113[လင့်ခ်သေ]