လက်ဖက်သည် မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ လက်ဖက်သုပ် ကို မြန်မာလူမျိုးများနှစ်သက်စွာ စားသုံးကြသည်။ အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် လက်ဖက်သည် မပါမဖြစ် ဖြစ်သည်။ လက်ဖက်သုပ်ထဲတွင် အဓိကအားဖြင့် လက်ဖက်အပြင် ပဲအမျိုးမျိုး၊နှမ်းစေ့ စသည်တို့ပါဝင်ပြီး ခရမ်းချဉ်သီး၊ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ပြောင်းဖူးစသည်တို့ကိုလည်း ထည့်ပြီးစားသုံးနိုင်သည်။ လက်ဖက်အမျိုးအစားကို ချဉ်စပ်၊ အဆိမ့်၊ အခါး စသည့်အရသာများနှင့်လည်း စားသုံးနိုင်သည်။ ပွဲနေပွဲထိုင်သုံး လူကြီးသုပ်၊ အဖွားကြီးသုပ် မှ စ၍ လူငယ်သုပ်၊ မန္တလေးသုပ်၊ ရန်ကုန်သုပ်၊ ရှူးရှဲသုပ်၊ ချဉ်စပ်သုပ်၊ ကြက်ခြေနီသုပ် စသည်ဖြင့် လက်ဖက်သုပ် အမျိုးအစား များစွာရှိသည်။

လက်ဖက်သုပ်
အဓိကသုံးဆောင်မှုအဆာပြေ
မူရင်းနိုင်ငံမြန်မာ
ဖန်တီးသူမသိ
သုံးဆောင် အပူချိန်အအေး
အဓိက ပါဝင်ပစ္စည်းလက်ဖက်၊ အကြော်
Cookbook: လက်ဖက်သုပ်  Media: လက်ဖက်သုပ်