လက်ဝဲ ညီညွတ်ရေး ကောင်စီ ကို ၁၉၄၈၊ ဇူလိုင်-၁၆ ရက်နေ့မှာ ဖွဲ့စည်း ခဲ့ပါတယ်။ ဖွဲ့စည်း ပေါ်ပေါက် လာရတဲ့ နောက်ခံအ ကြောင်းအချက်များက တော့ ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင် တောခိုရပြီး ပြည်တွင်းစစ်ကြီး စတင် ဖြစ်ပွားလာရချိန်မှာ ကွန်မြူနစ် ဆိုရှယ်လစ် ပြည်သူ့ရဲဘော် လက်ဝဲ အင်အားစုများ ညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့ နဲ့ အဲဒီအချိန်ကရှိနေတဲ့ နိုင်ငံတော် လုံခြုံရေး ကောင်စီ က ဆိုရှယ်လစ် ပြည်သူ့ရဲဘော် များ မပါဝင်တဲ့ နိုင်ငံတော်စောင့် အစိုးရ တရပ် ဖွဲ့စည်းပေးရန် တောင်းဆိုချက် အပေါ် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဧပြီ-၁၂ ရက်နေ့ ဝန်ကြီးချုပ် ဦးနု နေအိမ်မှာ ဗိုလ်လက်ျာဗိုလ်စိန်မှန်ဦးကျော်ငြိမ်းဦးဗဆွေဦးအုန်းဦးသိန်းဖေမြင့် တို့ တွေ့ဆုံ ဆွေးနွေးကြပြီး လက်ဝဲ ညီညွတ်ရေး လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြရာက တဆင့်တိုး ပေါ်ထွက်လာချက် ဖြစ်ပါတယ်။ လက်ဝဲ ညီညွတ်ရေး ကောင်စီ မပေါ်မီ မာ့က်စ် ဝါဒလေ့ လာရေးအဖွဲ့ ဖွဲ့ရန် ဆိုတဲ့အချက်အပါအဝင် နုမူ (၁၅) ချက် မေလမှာ ထွက်ပေါ် ခဲ့ပါတယ်။ နောက်ပိုင်း မှာ နုမူ နှင့် ရဲဘော်မူဆိုပြီး မူ (၂) မူ ကွဲပြား ထွက်ပေါ် လာခဲ့ပြီး ရဲဘော်ဖြူရဲဘော်ဝါ ကွဲခဲ့ရသလို ဖဆပလ အစိုးရ အတွင်း သဘောထား မတိုက်ဆိုင်မှုတွေ ဆက်တိုက် ပေါ်ပေါက် လာရချိန်မှာ နိုင်ငံရေး အကြပ်အတည်း ကို ယာယီ ထွက်ပေါက်ရှာနိုင်ဖို့ လက်ဝဲညီညွတ်ရေး ကို ကြွေးကြော်ရင်း ရလဒ် အဖြစ် လက်ဝဲ ညီညွတ်ရေး ကောင်စီ ကို ဇူလိုင်-၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါတယ်။

ဗကပ က တောတွင်း ရောက်နေရပြီ ဖြစ်တဲ့အတွက် ဗကပ ကို စတင်ဖမ်းဆီးစဉ်က ဖမ်းဆီး ရမိထားခဲ့တဲ့ ဗိုလ်ရန်အောင်ဗိုလ်သိန်းတန်ဗိုလ်အောင်မင်း တို့ကို အင်းစိန်ထောင် မှ ထုတ်ပေးပြီး လက်ဝဲ ညီညွတ်ရေး ကောင်စီ အတွင်း ထည့်သွင်း ဖွဲ့စည်းခဲ့ပါတယ်။ A

လက်ဝဲ ညီညွတ်ရေး ကောင်စီ ကို တပ်မတော်ပြည်သူ့ရဲဘော်ဆိုရှယ်လစ်ကွန်မြူနစ် တို့နဲ့ ဖွဲ့စည်း ခဲ့တာအဖြစ် ပုံဖော်ခဲ့ပါတယ်။ လက်ဝဲညီညွတ်ရေး ကောင်စီ ကို အောက်ပါ အတိုင်း ဖွဲ့စည်း ခဲ့ပါတယ်။

  1. ဗိုလ်နေဝင်း ဥက္ကဋ္ဌ - တပ်မတော်
  2. ဗိုလ်ဗစိန် - တပ်မတော်
  3. ဗိုလ်ရဲထွဋ် - တပ်မတော်
  4. ဗိုလ်စောထွန်းစိန် - တပ်မတော်
  5. ဗိုလ်ဇေယျ - တပ်မတော်
  6. ဗိုလ်မှူးအောင် - ပြည်သူ့ရဲဘော်
  7. ဗိုလ်စိန်မှန် - ပြည်သူ့ရဲဘော်
  8. ဗိုလ်မင်းခေါင် - ပြည်သူ့ရဲဘော်
  9. ဗိုလ်လရောင် - ပြည်သူ့ရဲဘော်
  10. ဗိုလ်ညွန့်မောင် - ပြည်သူ့ရဲဘော်
  11. ဗိုလ်အောင်ညွန့် - ပြည်သူ့ရဲဘော်
  12. ဗိုလ်ဘုန်းအောင် - ပြည်သူ့ရဲဘော်
  13. ဦးလှမောင် - ဆိုရှယ်လစ်ပါတီ
  14. ဦးဗဆွေ - ဆိုရှယ်လစ်ပါတီ
  15. ဦးကျော်ငြိမ်း - ဆိုရှယ်လစ်ပါတီ
  16. သခင်တင် - ဆိုရှယ်လစ်ပါတီ
  17. ဗိုလ်အောင်ကြီး - ဆိုရှယ်လစ်ပါတီ
  18. ဗိုလ်သိန်းတန် - ကွန်မြူနစ်
  19. ဗိုလ်အောင်မင်း - ကွန်မြူနစ်
  20. ဗိုလ်ရန်အောင် - ကွန်မြူနစ်
  21. ဦးသိန်းဖေမြင့် - အတွင်းရေးမှူး ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။

လက်ဝဲ ညီညွတ်ရေး ကောင်စီ ဟာ ဖွဲ့စည်းပြီး လပိုင်း အတွင်းမှာပဲ အာဏာရ အစိုးရအဖွဲ့ အတွင်းက ဖဆ-ဆိုရှယ်များ ရဲ့ သဘောထား မမှန်ကန်မှုကြောင့် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲ သွားရရုံမက တချို့ပုဂ္ဂိုလ်များ တောခိုသူပုန် ဘဝရောက်သွားရပြီး နိဂုံးချုပ် သွားရပါတယ်။ (ဥပမာ ဗိုလ်လရောင်၊ ဗိုလ်ညွန့်မောင်၊ ဗိုလ်အောင်ညွန့် စတဲ့ပြည်သူ့ရဲဘော်များ တောခိုသွားရသလို ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်ရန်အောင် တို့လည်း တောခို သွားရပါတယ်။ မည်သည့် လက်ဝဲ ညီညွတ်ရေး လှုပ်ရှားမှု မှ မလုပ်ဆောင် နိုင်ခဲ့ပါ)။

မှတ်စု ပြင်ဆင်ရန်

A.^ ဗိုလ်ရန်အောင်၊ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းတို့ကို တကယ်ထောင်က လွှတ်ပေးခဲ့တာကတော့ ဇူလိုင်-၁၈ ရက်နေ့မှာ ဖြစ်ပါတယ်။

ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။