လာအို-မြန်မာ ဆက်ဆံရေး

နှစ်နိုင်ငံ ဆက်‌ဆံရေး

လာအို-မြန်မာဆက်ဆံရေး သည် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော လာအိုနှင့် မြန်မာတို့၏ ရှည်လျားရှုပ်ထွေးသော ဆက်ဆံရေးဖြစ်သည်။ မြန်မာနိုင်ငံသည် ဗီယင်ကျန်း တွင် သံရုံးရှိပြီး လာအိုက ရန်ကုန်၌ သံရုံးရှိသည်။

လာအို-မြန်မာ ဆက်ဆံရေး
Myanmar နှင့် Laos တို့၏ တည်နေရာများပြ မြေပုံ

မြန်မာ

လာအို

သမိုင်းနှင့် ခေတ်သစ်ဆက်ဆံရေး ပြင်ဆင်ရန်

ထေရဝါဒကိုးကွယ်ပုံချင်း တူသော်လည်း ၁၆ ရာစုမှစပြီး နှစ်နိုင်ငံစစ်ပွဲများ ဆင်နွှဲသည်။ အများစုမှာ မြန်မာဘက်မှ ပြည်ထောင်မင်းတို့က ကျူးကျော်ခြင်း ဖြစ်သည်။ တောင်ငူမင်းဆက်သည် ဘုရင့်နောင်အုပ်ချုပ်ချိန်အတွင်း လာအိုကို သိမ်းပိုက်ခဲ့သည်။[၁] ဇယဇေဋ္ဌာဓိရာဇ်သည် လင်းဇင်းပြည်ကို ဦးစီးကာ ဗမာတို့အား ခုခံသည်။[၂] တောင်ငူမင်းဆက် ပြိုကွဲသွားသည့်အခါ လာအိုတို့ ပြည်ကို ပြန်ပိုင်သည်။

မြန်မာများသည် ကုန်းဘောင်မင်းဆက်တွင် ဒုတိယအကြိမ် လာသိမ်းသည်။ လင်းဇင်းတို့ ယခုတစ်ကြိမ်လည်း ထပ်မတိုက်နိုင်ပြန်။[၃] တရုတ်တို့နှင့် တိုက်ပြီးနောက် မြန်မာတို့ အင်အားနည်းသည့်အခါ လင်းဇင်းက ပဏ္ဍာဆက်ရန် ငြင်းလိုက်သည်။ မြန်မာတို့လည်း လာမတိုက်တော့။

၁၉ ရာစုတွင် မြန်မာက ဗြိတိသျှကိုလိုနီ၊ လာအိုက ပြင်သစ်ကိုလိုနီ အသီးသီး ဖြစ်လာသည်။ ထိုအချိန်မှစ၍ အဆက်အဆံ မရှိတော့။ ထို့ပြင် ဗီယက်နမ်စစ်ပွဲဖြစ်ခြင်းကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး မရှိခဲ့ပေ။ ၁၉၉၀ ပြည့်လွန်နှစ်များမှစပြီး လာအိုနှင့်မြန်မာ နိုင်ငံခေါင်းဆောင်များ တရားဝင် အလည်အပတ်ခရီး စသည်။

ပူးပေါင်းဆောင်ရွက်မှု ပြင်ဆင်ရန်

၁၉၉၀ ခုနှစ်များမှစ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခဲ့သည်။

၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကြား ပထမဆုံး တရားဝင်ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ခဲ့သည်။[၄] နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ကြိုးစားခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Hays၊ Jeffrey။ TOUNGOO DYNASTY (1510–1752) - Facts and Details။ 17 April 2019 တွင် ပြန်စစ်ပြီး။
  2. Woolf၊ Alex (21 September 2017)။ The History of the World။ Arcturus Publishing။ ISBN 978178888021317 April 2019 တွင် ပြန်စစ်ပြီး – via Google Books။
  3. Stuart-Fox၊ Martin (6 February 2008)။ Historical Dictionary of Laos။ Scarecrow Press။ ISBN 978081086411517 April 2019 တွင် ပြန်စစ်ပြီး – via Google Books။
  4. The Friendship Bridge between Laos and Myanmar is officially opened။ 17 April 2019 တွင် ပြန်စစ်ပြီး။
  5. Southivongnorath၊ Souknilundon (2 February 2018)။ Laos, Myanmar to enhance cooperation in finance, banking။ 18 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 April 2019 တွင် ပြန်စစ်ပြီး။