လိပ်စွန်
(အင်္ဂလိပ်: Hawksbill sea turtle)
လိပ်စွန် (Eretmochelys imbricata)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Testudines
မျိုးစဉ်သေး: Cryptodira
Superfamily: Chelonioidea
မျိုးရင်း: Cheloniidae
မျိုးရင်းသေး: Cheloniinae
မျိုးစု: Eretmochelys
Fitzinger, 1843
မျိုးစိတ်:
E. imbricata
ဒွိနာမ
Eretmochelys imbricata
မျိုးစိတ်ခွဲများ

E. imbricata bissa (Rüppell, 1835)
E. imbricata imbricata (လင်းနီးယပ်၊ ၁၇၆၆)

လိပ်စွန်များကို တွေ့ရှိရသည့် ဒေသများ
Synonyms

လိပ်စွန် (Hawksbill sea turtle) သည် ပင်လယ်လိပ်မျိုးဖြစ်ပြီး Cheloniidae မျိုးရင်းဝင်ဖြစ်သည်။ လိပ်စွန်ကို ပါဏဗေဒအလိုအရ “အိရက်မာရှယ်လေ အင်ဘရီခေတာ (Eretmochelys imbricata)” ဟု အမည်ပေးထားသည်။

လိပ်စွန်သည် Eretmochelys မျိုးစု၏ တစ်ခုတည်းသော ရှင်သန်ကျန်ရစ်သည့် မျိုးစိတ်လည်းဖြစ်သည်။ လိပ်စွန်မျိုးစိတ်တွင် အတ္တလန္တိတ်မျိုးစိတ်ခွဲ နှင့် အင်ဒို-ပစိဖိတ်မျိုးစိတ်ခွဲဟူ၍ မျိုးစိတ်ခွဲနှစ်မျိုးရှိပြီး ကမ္ဘာတဝှမ်းလုံးရှိ သမုဒ္ဒရာများနှင့် ကမ်းခြေဒေသများတွင် ကျင်လည်ကျက်စားကြသည်။

လက်ရှိအချိန်တွင် လိပ်စွန်များအား မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ ပင်လယ်လိပ်မျိုးစိတ်အဖြစ် IUCN မှ ထိန်းသိမ်းကာကွယ်ရေး အဆင့်သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း သစ်တောဦးစီးဌာန မှ “လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍[၂] ဥပဒေဖြင့် ကာကွယ်ထားသည်။

ကမ္ဘာပေါ်ရှိ လိပ်စွန်ရှိရာ ဒေသများ

ကိုးကား ပြင်ဆင်ရန်

  1. "Eretmochelys imbricata" (2008). IUCN Red List of Threatened Species 2008. IUCN. doi:10.2305/IUCN.UK.2008.RLTS.T8005A12881238.en. 
  2. CITES (ဇွန်လ ၂၀၁၂). "တောရိုင်းတိရစ္ဆာန်များ၏ ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းများ" (in မြန်မာဘာသာ) (PDF). CITES ကွန်ဗင်းရှင်း နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များ လက်စွဲစာစောင် (MOECA/ FD/ NWCD - CITES): စာ (၃၀ ~ ၃၆). သစ်တောဦးစီးဌာန.