မျက်မှောက်ခေတ်တွင် ရုပ်ပြောင်ကာတွန်းများ ခေတ်စားလာသည့်အလျောက် နိုင်ငံရေး ရုပ်ပြောင် ကာတွန်းရေးဆွဲသူတို့တွင် ဒေးဗစ်လိုး (ခရစ် ၁၈၉၁ - ၁၉၆၃)သည် အလွန်ထင်ရှားပေသည်။ ဒေးဗစ် လိုးသည် နယူးဇီလန်နိုင်ငံဒန်နီဒင်မြို့၌ ၁၈၉၁ ခုနှစ် ဧပြီလတွင် ဖွား မြင်သည်။ ဦးစွာ၌ နယူးဇီလန်နှင့် ဩစတြေးလီးယားနိုင်ငံများတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လန်ဒန်မြို့သို့ ရွှေ့ ပြောင်းလာခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် လန်ဒန်မြို့၌ ထုတ်ဝေသော စတားအမည်ရှိ သတင်းစာတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးရေးဆွဲသော ရုပ်ပြောင်ကာတွန်းများမှာ အလွန်သရုပ်ပေါ်သဖြင့် ထင်ရှားကျော်စောလေသည်။ ၁၉၂၇ ခုနှစ်တွင် လော့ဗီဗားဗရွတ်ပိုင် အီးဗနင်းစတင်းဒတ် သတင်းစာတိုက်၌ ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးသည် ထင်ရှားသော နိုင်ငံပြုသုခမိန် တို့၏ ထူးခြားပေါ်လွင်နေသော အချက်များကို သူရေးဆွဲသောရုပ်ပြောင်များ ဖြင့် သရုပ်ပေါ်စေ၏။ အထူးသဖြင့် ကာနယ်ဗလင့် အမည်တပ်သည့် ဗြိတိသျှ ကွန်ဆားဗတစ် နိုင်ငံရေးသမား၏ ရုပ်ပြောင်သည် ဒေးဗစ်လိုး၏ လက်စွမ်းကို အကဲခတ်နိုင်စေသော ရုပ်ပြောင်အဖြစ်ထင်ရှားသည်။ ဒေးဗစ် လိုးသည် ရုပ်ပြောင်ရေးဆွဲရုံမကဘဲ ခေတ်ပေါ်ရုပ်ပြောင်သမိုင်းစာအုပ်ကိုလည်း ရေးသားပြုစုခဲ့လေသည်။ဒေးဗစ်လိုးသည် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)