လေယာဉ် ဦးခန်းသည် လေယာဉ်ပျံ၏ ရှေ့ပိုင်းတွင် ရှိပြီး လေယာဉ်မှူးများက လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ရာ နေရာဖြစ်သည်။ ယနေ့ခေတ် လေကြောင်းလိုင်းကြီးများ၏ လေယာဉ်ဦးခန်းများမှာ လူစီးသည့် အပိုင်းမှ ခွဲခြားထားလေ့ ရှိသည်။ လေယာဉ်ဦးခန်းမှ တဆင့် လေယာဉ် ကုန်းပေါ်တွင် ရှိနေစဉ်ဖြစ်စေ လေထဲတွင် ရှိနေသော အခါ ဖြစ်စေ လေယာဉ်ကို ထိန်းချုပ်နိုင်သည်။

ပြင်သစ် လေကြောင်းလိုင်းမှ အဲယားဘတ်စ် အေ ၃၁၉ လေယာဉ် ပြင်သစ်နိုင်ငံ ချားလ်ဒီဂေါ လေဆိပ်တွင် ဆင်းသက်စဉ် လေယာဉ် ဦးခန်းတွင် ရိုက်ကူးထားသော ဗွီဒီယို

လေယာဉ်ဦးခန်းများတွင် ပျံသန်းမှု အထောက်အကူ ကိရိယာများ ပါဝင်ပြီး ၎င်းတို့ကို ကိရိယာ ခလုပ်ခုံပေါ်တွင် တပ်ဆင်ထားလေ့ ရှိကာ လေယာဉ်မှူးများ လေယာဉ်ကို ပျံသန်းမောင်းနှင်ရာတွင် အသုံးပြုသော မောင်းနှင်ကိရိယာများလည်း ရှိသည်။ လေကြောင်းလိုင်း အများစုတွင် လူစီးသည့် အခန်းနှင့် လေယာဉ်ဦးခန်းကို တံခါးဖြင့် ခွဲခြားထားကြသည်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အပြီးတွင် လေယာဉ်ဦးခန်းများအား အကြမ်းဖက်သမားများ မဝင်ရောက်နိုင်ရန် အသေအချာ ကာကွယ်ထားလေ့ ရှိကြသည်။

ပိုလက် လေကြောင်းလိုင်းမှ အန်တိုနော့ဗ် အေအင်န်-၁၂၄ ၏ ဦးခန်း
အဲယားဘတ်စ် A380 ၏ ဦးခန်း။ အဲယားဘတ်စ် လေယာဉ် အတော်များများတွင် ကွန်ပျူတာစနစ်နှင့် အီလက်ထရွန်းနစ် ထိန်းချုပ်မှုများ ပါဝင်ပြီး အီလက်ထရွန်းနစ် ဒိုင်ခွက်များ တပ်ဆင်ထားသည့် ဦးခန်းမျိုး ဖြစ်သည်။ လက်ကိုင်ကို အီလက်ထရွန်းနစ် လက်ကိုင်ဖြင့် ပြောင်းလဲတပ်ဆင်ထားသည်။
ဆွစ်ဇာလန်မှ HB-IZX Saab 2000 လေယာဉ်၏ ဦးခန်း
ရော်ဘင် DR400/500
၁၉၃၆ de Havilland Hornet Moth ၏ ဦးခန်း