ဝါဒ ဆိုသည်မှာ ကိုးကွယ်ဘာသာအယူများဒဿနိကဗေဒဝါဒဖော်ရေးရာ (politics)စာပေဂီတ စသည့် နယ်ပယ်ကဏ္ဍတမျိုးမျိုး၌ လည်းကောင်း၊ နယ်ပယ်များ ချုံငုံဆက်စပ်၍ လည်းကောင်း၊ မည်သည့်အချက်မှာ အရေးကြီး၍ မည်သို့သော အယူအဆနှင့် အကောင်အထည်ဖော်မှုများ ရှိအပ်သည်ဟု ထင်မြင်ယူဆချမှတ်သော အတွေးစုများ ဖြစ်သည်။ ထိုသို့ အယူဝါဒတခုခု သက်ဝင်ထောက်ခံသူကို ဝါဒီ ဟု ခေါ်သည်။

ယုံကြည်ကိုးကွယ်မှုနှင့် ဆက်ဆိုင်သည်တို့နှင့် အုပ်စုကြီးများ ခွဲကြည့်ခြင်း ပြင်ဆင်ရန်

နတ်ဘုရားစု ဝါဒမျိုး (Polytheism) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နတ်ဘုရားစု ဝါဒ

သာဓကအားဖြင့် ရှေးဂရိ လောကအယူစု (ancient Greek Mythology)ရှေးရောမ လောကအယူစု (ancient Romam Mythology) စသည်တို့ပါဝင် ပေမည်။
ကမ္ဘာဂြိုဟ်သို့ လိုအပ်သည့် အနွေးဓာတ် ပေးနေသည့် နေကျောက်ခေတ်လူသားတို့အဖို့ အံ့ဖွယ်လွှမ်းမိုးမှု ရှိဟန်တူသော မိုးကြိုးလေမုန်တိုင်း စသည့် သဘာဝ အင်အားစုသဖွယ်တို့ကို အချို့လူစုမြို့ရွာများ၏ အယူအဆ၌ နတ်ဘုရား အသီးသီးသဖွယ် ရည်စူး ပူဇော်ကြသည့် နတ်ဘုရားစုဝါဒမျိုး (Polytheims) မှာ ရှေးအကျဆုံးသော ကိုးကွယ်ယုံကြည်မှု ပုံစံဖြစ်မည်ဟု အချို့ကလည်း ခန့်မှန်းကြ၏။
ယေဘုယျအားဖြင့်၊ ဤ နတ်ဘုရားဝါဒီများ (polytheists) ၏ ယုံကြည်မှု ပုံစံမှာ ဤ ကမ္ဘာလောကကြီးအတွင်း အဖြစ်အပျက်များနှင့် လူသားတို့၏ ကြမ္မာဇာတ်ကြောင်းကို မသေမျိုး နတ်ဘုရားများနှင့် နတ်သမီးများ (immortal gods and goddesses) က လွှမ်းမိုးထိန်းချုပ်သည်ဟု ဖြစ်နိုင်၏။

တစ်ဆူဖန်ဆင်း ဝါဒမျိုး (Monotheism) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တစ်ဆူဖန်ဆင်း ဝါဒ

ကမ္ဘာတဝှမ်းရှိ အထင်ကရ အေဗရာဟမ်ပျိုး ကိုးကွယ်မှုများ ဖြစ်သည့် ဇိုရိုအက်စ်တာ ဝါဒဂျူးဝါဒခရစ္စယာန်ဝါဒအစ္စလာမ်ဝါဒ တို့က သာဓကများ ဖြစ်ပေမည်။
အကြမ်းဖျင်းအားဖြင့်၊ ဤ လောကကြီးနှင့် လူသားတို့ကို တစ်ဆူတည်းသော ဖန်ဆင်းရှင်က ဖန်ဆင်းထားခြင်း ဖြစ်ပြီး၊ လူသားတို့၏ လုပ်ရပ်များ ကောင်းခြင်း-ဆိုးခြင်း မှန်ခြင်း-မှားခြင်း နှင့် တမလွန်၌ ရရှိမည့်အကျိုးဆက်တို့ကို ၎င်းဖန်ဆင်းရှင်က (တမန်တော်တို့မှတဆင့် ဖြစ်စေ) ပြဌာန်းသတ်မှတ်ပေးပြီး ဖြစ်သည်၊ ၎င်းဖန်ဆင်းရှင်ကသာ လူသားတိုင်း၏ ပူဇော်မှုကို အတုမဲ့ ခံယူထိုက်သည် ဟူသည်မျိုး ယုံကြည်ချက်တို့ဖြင့် တစ်ဆူဖန်ဆင်းဝါဒ (Monotheims) တမျိုးမျိုး ဖွဲ့စည်းတတ်၏။

ဖန်ဆင်းရှင်မဲ့ ဝါဒမျိုး (Atheism) ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖန်ဆင်းရှင်မဲ့ ဝါဒ

ဤလောကကြီးနှင့် အတွင်းရှိ အရာရာကို ဖန်ဆင်းသူ တန်ခိုးရှင် တဦးဦး၊ တဆူဆူမျှ မရှိဟု ယုံကြည်မှုကို အခြေခံသည့် အယူအဆအစုအဝေးတိုင်းကို ဖန်ဆင်းရှင်မဲ့ ဝါဒ (Atheism) ဟု ခေါ်နိုင်၏။ ဗုဒ္ဓဝါဒဂျိန်းဝါဒ စသည်တို့ကို ကျင့်သုံးလျက် "ဖန်ဆင်းရှင် မရှိ"ဟု ယုံကြည်သူသည်လည်း ဖန်ဆင်းရှင်မဲ့ ဝါဒီ (atheist) မြောက်သည့်နှင်နှင် ဗုဒ္ဓဝါဒ နှင့် ဂျိန်းဝါဒတို့ကို ပယ်လျက် "ဖန်ဆင်းရှင် မရှိ"ဟု ယုံကြည်သူသည်လည်း ဖန်ဆင်းရှင်မဲ့ ဝါဒီ (atheist) မြောက်တုံ၏။ (ထို့ကြောင့် atheist ကို "ဘာသာမဲ့" ဟု ဘာသာပြန် မမှားသင့်ပေ။)
ဖန်ဆင်းရှင်မဲ့ဝါဒ ကျသည်ချင်းသာ တူလျက်၊ အခြားဝါဒအမည်များလည်း လိုသလို တပ်ရမည့် ကိုယ်ပိုင် ယူဆချက် ယုံကြည်ချက်တို့ကို လိုက်၍ လောကကြီး၏ လည်ပတ်ပုံ ဒဿနိကအမြင်တို့ အလျှိုလျှို ကွဲပြားသွားမည် ဖြစ်၏။

ဖန်ဆင်းမသိ ဝါဒမျိုး (Agnostics) ပြင်ဆင်ရန်

ဤလောကဖန်ဆင်းရှင် ရှိ-မရှိကို မိမိ ယခုမသိ၊ သို့မဟုတ် မိမိတို့ မည်သည့်အခါမျှ မသိနိုင် ဟု ယုံကြည်မှုမျိုးကို ဖန်ဆင်းမသိ ဝါဒ (Agnostics) ဟု ခေါ်နိုင်၏။

တမလွန်နှင့် ပတ်သက်၍ ပြင်ဆင်ရန်

  • (ဟိန္ဒူဝါဒဗုဒ္ဓဝါဒ စသည့်) သံသရာအယူရှိသော အယူဝါဒများ၌ မည်သည့် ရှင်သန်ဘဝမျိုးကမှ ထာဝရမဟုတ်ဘဲ သာမန်အားဖြင့် သေဆုံးလိုက်၊ မွေးဖွားလိုက် လည်ပတ်နေသည်ဟု ယုံကြည်သည်က ယေဘုယျဖြစ်၏။ (ဟိန္ဒူဝါဒတွင်မူ ဘဝဟောင်းခန္ဓာမှ ဘဝသစ်ခန္ဓာသို့ အတိအလင်း ရွေ့လျှောက်စီးကူးသည့် အသက်လိပ်ပြာ သဘော ပါဝင်၍၊ မြန်မာအများစုက ထို "အတ္တ"ကောင် အသက်လိပ်ပြာ ကို "ဝိဉာဉ်" ဟု ပါဠိပျက် အနက်လွဲစွာ အသုံးတွင်လျက် ရှိ၏။ ဗုဒ္ဓဝါဒတွင်မူ ထိုသို့ ခန္ဓာပြင်ပသို့ ထွက်ကာ ဘဝကူးတည်မြဲသည့် "အတ္တ"ကောင်ထည်သဘော အသက်လိပ်ပြာ မပါဝင်ချေ။ ထို့အတွက်ကြောင့် အနတ္တဝါဒ ဟု အချို့ ခေါ်ကြခြင်း ဖြစ်၏။)
  • (ခရစ္စယာန်ဝါဒအစ္စလာမ်ဝါဒ စသည့်) လူ့တစ်ဘဝ ယူဆယုံကြည်ပုံများ၌ ဤကမ္ဘာလောကသို့ လူ့တစ်ဘဝအဖြစ် ရှင်သန်နေထိုင်ပြီးနောက် လုပ်ရပ်အကောင်းအဆိုးတို့အပေါ် မူတည်လျက် တမလွန်သည် ကောင်းကင်ဘုံလော၊ ငရဲလော ကွဲပြားတည်မြဲသွားမည်ဟု ယုံကြည်သည်က ယေဘုယျဖြစ်တတ်၏။

ဝါဒဖော် ရေးရာ (Politics) ပြင်ဆင်ရန်

စသည်ဖြင့်လည်း ခွဲခြားနိုင်သည်။

ဒဿနိကဗေဒမှ ပြင်ဆင်ရန်