ဝှန်ဟိုမြစ်သည် တရုတ်နိုင်ငံတွင် ယန်စီမြစ်မှလွဲလျှင် အရှည်ဆုံး မြစ်ဖြစ်၍ အလျားမိုင် ၂၆ဝဝ ခန့်ရှိသည်။ တိဗက်ပြည်ရှိ တောင်တန်း များတွင် မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းပြီးလျှင် ပင်လယ်ဝါထဲသို့စီး ဝင်သည်။ မြစ်အထက်ပိုင်းတစ်လျှောက် သုံးပုံးနှစ်ပုံသည် တောင်များကို ဖြတ်သန်းလာ၍ ကုန်းမြင့်ပိုင်းကို လွန်သောအခါ မြေပြန့်လွင်ပြင်တစ် လျှောက် စီးဆင်းသည်။ ဝှန်ဟိုမြစ်သည် အထက်ပိုင်းတွင် ရေစီးသန်၍ အောက်ပိုင်းတွင် ရေတိမ်သောကြောင့် ရေကြောင်းခရီးလမ်းအဖြစ် အသုံး မဝင်ချေ။ မြေဝါဒေသကို ဖြတ်သန်းစီးဆင်းလာရ၍ တိုက်စားသယ်ဆောင်ခဲ့ သော နုံးမြေဝါကြောင့် ရေသည် ဝါ၏။ သို့ဖြစ်၍ ဝှန်ဟိုမြစ်ကို မြစ်ဝါ ဟူ၍လည်းကောင်း၊ ထိုမြစ်စီးဝင်သောပင်လယ်ကို ပင်လယ်ဝါဟူ၍လည်း ကောင်း အမည်မှည့်ခေါ်ကြသည်။

မြေပြန့်တွင် ရေစီးနှေးလာသောအခါ နုံးမြေသည် အနည်းထိုင် လေသည်။ ထိုသို့အားဖြင့် မြစ်အောက်ခင်းသည် တစ်စတစ်စ မြင့်တက ်လာသောကြောင့် မြစ်ရေလျှံမည့်ဘေးမှ ကာကွယ်ရန် မြစ်ကမ်းတစ်လျှောက် တွင် တာတမံများကို ဆောက်လုပ်ရသည်။ သို့ရာတွင် အချိန်ကာလ ဠကာ လတ် သော် ထိုတာတမံတို့သည် ရေအားကိုမခံနိုင်သဖြင့် ကျိုးပေါက်လေသည်။

ထိုအခါ မြစ်တစ်ဖက်တစ်ချက်ရှိ ပတ်ဝန်းကျင်အရပ်တို့တွင် ရေလွှမ်းမိုး သဖြင့် လူပေါင်းမြောက်မြားစွာတို့၏ အသက်အိုးအိမ် ဆုံးရှုံးခဲ့ကြရသည်။ ရှေးအခါကစ၍ မကြာခဏ ရေလွှမ်းမိုးခြင်းဘေး ဆိုက်ရောက်တတ်သော ကြောင့် ဝှန်ဟိုမြစ်ကို တရုတ်ပြည်၏ သေမင်းတမန် ဟူ၍ခေါ်စမှတ်ပြု ကြသည်။ ကျိုးပေါက်သည့်တာရိုးကို မပြင်ဘဲထားလျှင်လည်း ပင်လယ်ထဲ သို့ စီးဝင်ရာမြစ်ကြောင်းပြောင်းလေ့ရှိသည်။

၁၈၁၅ ခုနှစ် မတိုင်မီက ဝှန်ဟိုမြစ်သည် ရှန်တန်ကျွန်း ဆွယ်တောင်ဘက်မှ ပင်လယ်ထဲသို့ စီးဝင်ခဲ့သည်။ ထိုနှစ်တွင် မြစ်ကြောင်း သည် ကျွန်းဆွယ်မြောက်ဘက်သို့ လွှဲပြောင်းစီးဆင်းလေသည်။ ယင်းသ ို့ဖြစ် သောကြောင့် ယခင်က စိုက်ပျိုးလုပ်ကိုင်ရန်အတွက် ရေလုံလောက်စွာရှိ သော တောင်ပိုင်းမြစ်ဝှမ်းတွင် ရေပြတ်ခဲ့ရလေသည်။ မြောက်ပိုင်းမြစ်ဝှမ်းသစ်တွင် လည်း သဲနုံးများကြောင့် ချက်ချင်းစိုက်ပျိုး၍ မဖြစ်နိုင်ချေ။ ကျိုးပေါက်သော တာကိုလည်း ၁၅ နှစ်ကြာမျှ ပြင်ဆင်ရသည်။

၁၈၈၇ ခုနှစ်တွင်တစ်ကြိမ် မြစ်ရေလျှံသောကြောင့် စတုရန်းမိုင် ပေါင်း ၅ဝဝဝဝ မျှ ရေလွှမ်းမိုးခြင်းခံရသဖြင့် လူပေါင်းတစ်သန်းကျော် သေ ဆုံး၍ ရွာပေါင်းများစွာ ပျက်စီးခဲ့လေသည်။ ယင်းသို့ မြစ်ဝ အကြိမ်ကြိမ် ပြောင်း၍ စီးဆင်းလေ့ရှိသည်ဖြစ်ရာ မြစ်ဝဟောင်းနှင့် မြစ်ဝသစ်တို့သည် တစ်ခါတစ်ရံ မိုင် ၅ဝဝ မျှအထိပင် ကွာဝေးတတ်သည်။

တရုတ် - ဂျပန်စစ်ပွဲ(ခရစ် ၁၉၃၇ - ၁၉၄၅)အတွင်းက တရုတ် တို့သည် တာတမံများကို ချိုးဖောက်၍ ချီတက်လာသော ဂျပန်တပ်ကို ဟန့်တားခဲ့သည်။ ထိုကြောင့် မြစ်ကြောင်းလည်း အသစ်ပြောင်း၍ စီးဆင်းလေ သည်။ ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂ၏အကူအညီဖြင့် ကျိုးပေါက်သော တာတမံများကို ပြင်ဆင်ခြင်းအားဖြင့် မြစ်ကြောင်းဟောင်းအတိုင်း ပြန်၍ စီးဆင်းခဲ့ကြလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)