စတားစီးတီးသန်လျင်

(သန်လျင် Star City မှ ပြန်ညွှန်းထားသည်)

စတားစီးတီးသန်လျင် (အင်္ဂလိပ်: StarCity Thanlyin သို့မဟုတ် StarCity) သည် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်တွင် တည်ရှိသည်။ ကြီးမားသော အိမ်ရာစီမံကိန်းပရောက်ဂျက်တစ်ခုဖြစ်ပြီး ဦးသိမ်းဝေ (ခေါ်) Serge Pun ပိုင်ဆိုင်သည့် Serge Pun and Associates (SPA) မှ တည်ဆောက်ထားသည်။ [၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

စတားစီးတီးသန်လျင်၏ Zone A အခန်းပေါင်း ၅၃၀ ကို ၂၀၁၄ ဇန်နဝါရီလအတွင်း ရောင်းချခဲ့သည်။ ၎င်းအခန်းများမှာ လူလတ်တန်းစားများအတွက် ရည်ရွယ်သည်။ [၂]

အခန်းပေါင်း ၁,၀၄၃ ပါဝင်သော စတားစီးတီးသန်လျင် ၏ ဒုတိယ Phase ဖြစ်သည့် Zone B ကို ၂၀၁၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် စတင်တည်ဆောက်ခဲ့သည်။​ ၎င်းပရောက်ဂျက်သည် အမေရိကန်ဒေါ်လာ ၉၄ သန်းတန်ကြေးရှိပြီး၊ ရိုးမအုပ်စုပိုင် SPA Project Management Pte. Ltd နှင့် စင်ကာပူနိုင်ငံမှ Dragages Singapore Pte Ltd (DSPL) တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်။ [၃]

အကျယ်အဝန်း ပြင်ဆင်ရန်

ပရောဂျက်ဧရိယာ ဧက ၄၀၀ ကျယ်ဝန်းပြီး လူဦးရေ ၂၅,၀၀၀ အတွက် နေထိုင်နိုင်ရန်ရည်ရွယ်သည်။ [၄]

ပံ့ပိုးထားမှုများ ပြင်ဆင်ရန်

နိုင်ငံတကာကျောင်းတစ်ကျောင်း၊ ဂေါ်ဖ်ကွင်းတစ်ခုနှင့် ရန်ကုန်မြို့သို့ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုများပါဝင်သည်။ [၅] အိုလမ်ပစ်အရွယ်အစား ရေကူးကန်အပါအဝင် အားကစားနည်း (၁၀) မျိုးကစားနိုင်သည့် စုစုပေါင်း ၄၅,၀၀၀ စတုရန်မီတာကျယ်ဝန်းသော StarCity Sport Club ကို ၂၀၂၂ တွင်ဖွင့်လှစ်ခဲ့သည်။ [၆]

၂၀၂၁ နောက်ပိုင်းအခြေအနေ ပြင်ဆင်ရန်

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံ၏စီးပွားရေးအခြေအနေအပေါ် သက်ရောက်မှုများစွာရှိခဲ့သော်လည်း စတားစီးတီးသန်လျင်၏အခန်းများ ဝယ်လိုအားမြင့်မားနေပြီး ၂၀၂၁ ခုနှစ်ဇွန်လအထိ ဝင်ငွေ ၃၁ ရာခိုင်နှုန်း တိုးပွားလာသည်။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. https://sbr.com.sg/residential-property/in-focus/see-whos-building-94m-development-in-myanmars-star-city, See who's building a $94m development in Myanmar's Star City, Singapore Business Review
  2. https://asia.nikkei.com/Business/Myanmar-developer-building-luxury-residences-for-natives, Myanmar developer building luxury residences for natives, Motokaza Matsui, Nikkei Asia
  3. https://sbr.com.sg/residential-property/in-focus/see-whos-building-94m-development-in-myanmars-star-city, See who's building a $94m development in Myanmar's Star City, Singapore Business Review
  4. https://www.forbes.com/sites/simonmontlake/2013/08/28/golden-return-serge-pun-constructs-a-real-estate-empire-in-myanmar/?sh=3302d9f22321, Golden Return: Serge Pun Constructs A Real-Estate Empire In Myanmar, Simon Montlake , forbes.com
  5. https://asia.nikkei.com/Business/Myanmar-developer-building-luxury-residences-for-natives, Myanmar developer building luxury residences for natives, Motokaza Matsui, Nikkei Asia
  6. StarCity Spot Club, https://www.starcityyangon.com/lifestyle/
  7. စစ်အာဏာသိမ်းထားသော်လည်း ဇိမ်ခံအိမ်ခြံမြေ ရောင်းအားတက်, Myanmar Now, https://myanmar-now.org/mm/news/8074/