သိမ်းကျား
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Accipitriformes
မျိုးရင်း: Accipitridae
မျိုးရင်းသေး: Circinae
မျိုးစု: Circus
မျိုးစိတ်:
C. melanoleucos
ဒွိနာမ
Circus melanoleucos
(Pennant, 1769)

သိမ်းကျား (အင်္ဂလိပ်: Pied Harrier) သည် အက်ဆီပီတြီဒီး မျိုးရင်းဝင် သားရဲငှက် (ခေါ်) သားကောင်ဖမ်းငှက်တစ်မျိုးဖြစ်ပြီး ဆပ်ကပ် မယ်လန်နိုလူးကို့စ် မျိုးစိတ်ဖြစ်သည်။ သိမ်းကျားများသည် ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ကြသည့် ငှက်မျိုးဖြစ်ပြီး သားပေါက်ချိန်ကာလများတွင် ရုရှားအရှေ့ပိုင်း အေမွာ ချိုင့်ဝှမ်းဒေသ၊ တရုတ်ပြည် အရှေ့မြောက်ပိုင်းဒေသနှင့် မြောက်ကိုရီးယားဒေသများတွင် အုပ်စုလိုက် တွေ့ရလေ့ရှိသည်။ ၎င်းသည် သားရဲငှက်ဖြစ်သောကြောင့် သားပေါက်ရာသီ မဟုတ်သည့်ကာလများတွင် တစ်ကောင်ချင်းစီသာတွေ့ရလေ့ရှိပြီး ဆောင်းရာသီကာလများ၌ ပါကစ္စတန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံအထိတိုင်အောင် ကျယ်ပြန်စွာ ကျက်စားလေ့ရှိသည်ကို တွေ့ရသည်။[၂]


ကိုးကား ပြင်ဆင်ရန်

  1. BirdLife International (2012). "Circus melanoleucos". IUCN Red List of Threatened Species 2012. IUCN. 
  2. BirdLife International (2009) Species factsheet: Circus melanoleucos. Downloaded from http://www.birdlife.org on 13/1/2010