သံလိုက်ရထား (Maglev trains) သည် ယနေ့ရထားများ၏ အနာဂတ်ကို ပြောင်းလဲပစ်ရန် တီထွင်ထားသော သံလိုက်ဓာတ်အားသုံး ရထားများပင်ဖြစ်သည်။ သံလိုက်ရထားများနှင့် ယနေ့ရထားများ ကွာခြားချက်မှာ သံလိုက်ရထားတွင် ကီးများ မပါရှိခြင်းဖြစ်သည်။ ယင်းတို့တွင် ရထားတစီးလုံးကို သံလိုက်ဓာတ်အားဖြင့် သံလမ်းပေါ်သို့ မ,တင်ပေးပြီး သံလိုက်စက်ကွင်းအချင်းချင်း ပွတ်တိုက်စေကာ ရထားကို မောင်းနှင်ခြင်းဖြစ်သည်။ သံလိုက်စက်ကွင်းများ၏ ပွတ်တိုက်မှုသည် အလွန်လျင်မြန်လှသောကြောင့် ရထားသည် လေထဲတွင် လွင့်နေသည်ဟုထင်ရအောင် မြန်ဆန်သောအရှိန်ဖြင့် ရွေ့လျားသွားလေသည်။ ရွေ့လျားနေစဉ်တွင်လည်း ယိမ်းခြင်း၊ ယိုင်ခြင်း၊ စောင်းခြင်း၊ ဆောင့်ခြင်းမရှိ၊ အလွန်ငြိမ်သည်ဟု သိရသည်။ ရထား၏အရှိန်မှာ တနာရီလျှင် ကီလိုမီတာ ၄၀ဝ (၂၄၈-မိုင်) နှုန်းထက် ပိုမြန်သည်။ ထိုရထားများကို ဂျပန်နှင့် ဂျာမနီနိုင်ငံတို့က ဦးစွာ တည်ဆောက်ခဲ့သည်။ ယခုအခါ ထိုရထားများထက် ပိုမိုမြန်ဆန်သည့် တနာရီလျှင် ကီလိုမီတာ ၈၀ဝ (၄၉၆-မိုင်) နှုန်းထက် ပိုသည့် ရထားများကို ထပ်မံတီထွင်လျက်ရှိသည်။ [၁]

နိုဝင်ဘာလ၂၀၀၅ ခုနှစ်တွင် စမ်းသပ်မောင်းနှင်နေသော JR-Maglev၊ ရာမနရှိ၊ ဂျပန်နိုင်ငံ
သံလိုက်ရထား၏ လုပ်ဆောင်မှု

ကိုးကား ပြင်ဆင်ရန်

  1. The Best Ever Book of Questions and Answers.