အကုသိုလ်စေတနာ ၁၂-ပါးသည် အကုသိုလ်ကံမည်၏။ ဥဒ္ဓစ္စစေတနာ ကြဉ်သော အကုသိုလ်စေတနာ ၁၁-ပါးသည် အပါယ်ဘုံ၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေ၏။ ပဝတ္တိအခါ၌ အလုံးစုံသော အကုသိုလ် စေတနာ ၁၂-ခုသည် ကာမဘုံ ရူပဘုံ၌ ထိုက်သည့်အားလျော်စွာ အကုသလဝိပါက် ၇-ပါးကိုဖြစ်စေ၏။ ဥဒ္ဓစ္စ အကုသိုလ်စေတနာသည် ပဋိသန္ဓေကျိုးကို မပေးနိုင်။[၁] ထိုအကုသိုလ်ကံသည် ကံ၏ ဖြစ်ကြောင်း ကမ္မဒွါရအားဖြင့် ကာယကံ, ဝစီကံ, မနောကံဟု သုံးမျိုးပြားသည်၊ ထိုတွင် ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ သုံးပါးကို အကုသိုလ် ကာယကံဟု ခေါ်သည်။ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ လေးပါးကို အကုသိုလ် ဝစီကံဟု ခေါ်သည်။ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ သုံးပါးကို အကုသိုလ် မနောကံဟု ခေါ်သည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. (ဝိဘာဝိနီ၊၁၇၈-၉။)
  2. (သင်္ဂဟ၊၃၄။)
  3. တိပိဋကအဘိဓာန် အတွဲ-၅