အခိအုရေတံခွန်ကြီး (秋保大滝) သည် ဂျပနိုင်ငံ၊ မိယဂိစီရင်စု၊ ဆင်းဒိုင်မြို့၊ တိုင်းဟခုရပ်ကွက်တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ နိုင်ငံရှိ သဘာဝအလှအပနေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ [၁][၂]ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။

အခိအုရေတံခွန်ကြီး
秋保大滝 (အခိအုအိုးတခိ)
အခိအုရေတံခွန်ကြီး သည် Miyagi Prefecture တွင် တည်ရှိသည်
အခိအုရေတံခွန်ကြီး
အခိအုရေတံခွန်ကြီး သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အခိအုရေတံခွန်ကြီး
တည်နေရာTaihaku-ku, Sendai, Miyagi Prefecture, Japan
ကိုဩဒိနိတ်38°16′29.7″N 140°36′10.5″E / 38.274917°N 140.602917°E / 38.274917; 140.602917
စုစုပေါင်း အမြင့်55 m
ပျမ်းမျှ အလျား6 m

အကြောင်းအရာ ပြင်ဆင်ရန်

ရေတံခွန်သည် နတိုရိမြစ်၏ အထက်ပိုင်းတွင် တည်ရှိသည်။ Zaō Quasi အမျိုးသားဥယျာဉ်၊ ဖုတခုချိကျိုခိုခုစီရင်စုဥယျာဉ် (Futakuchi Kyokoku Prefectural Park ) စသည့်နှစ်ခုစလုံးနှင့် ဤရေတံခွန်သည် နယ်နိမိတ်ချင်း စပ်ဆက်လျက်ရှိသည်။ ရေတံခွန်သည် အမြင့် ၅၅ မီတာ (ပေ ၁၈၀) နှင့် အကျယ် ၅ မီတာ (၁၆ ပေ) ရှိသည်။ သမိုင်းမှတ်တမ်းများအရ ရေတံခွန်ကို ဟဲအန်ခေတ် (Heian) အစောပိုင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး အင်းနင်း (Ennin) က တွေ့ရှိခဲ့သည်။ အင်းနင်းသည် ဒဲဝစီရင်စုတွင် ယာမဒဲရ ကျောင်းတော်ကို ရှာဖွေရာမှ ရေတံခွန်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၁၈၂၅ ခုနှစ်တွင် Fudō Myōō ကို ရည်စူးကာ ဗုဒ္ဓဘာသာကျောင်းတော်ငယ်တစ်ခုကို ရေတံခွန်အခြေ၏ အနီးအနားတွင် တည်ဆောက်ခဲ့သည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. 秋保大滝Agency for Cultural Affairs။ 10 February 2012 တွင် ပြန်စစ်ပြီး။
  2. Akiu OtakiSendai။ 10 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2012 တွင် ပြန်စစ်ပြီး။