လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အာရှတိုက်ရဲ့ မီဒီယာ နည်းပညာတိုးတက်မှုကို ရုပ်မြင်သံကြားက အစပြုလို့သိရှိခဲ့ပြီးဖြစ်ပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌါနများနဲ့ဝေးကွာ လွန်းလှတဲ့ ရုပ်မြင်သံကြားဖမ်းယူမရရှိနိုင်တဲ့ နေရာဒေသများမှာ ဂြိုဟ်တုရုပ်မြင်သံကြားကနေ ရုပ်ပုံများကိုဖမ်းယူကြည့်ရှုနိုင်ကြပါပြီ။

အင်တာနက်ရေဒီယို

ဝေးလံခေါင်သီလှတဲ့နေရာဒေသမှာနေထိုင်နေတဲ့ ရုပ်မြင်သံကြား ပရိသတ်တို့အတွက် အလွန်ကျေးဇူးများလှတဲ့ နည်းပညာ တိုးတက်မှု တစ်ခုပဲဖြစ် ပါတယ်။ အရင်အချိန်တွေက လူကြိုက်များခဲ့တဲ့ ရေဒီယို ရဲ့ နေရာမှာ ရုပ်မြင်သံကြားက လွှမ်းမိုး နေရာ ယူလာပါပြီ။ ဒါပေမယ့် လည်း အာရှတိုက်ရဲ့ နေရာဒေသအတော်များများမှာ ရေဒီယိုဟာ သောတရှင် ပရိသတ်များ အကြားမှာ နည်းပညာအသစ် ၊ တင်ဆက်မှုအသစ် တွေနဲ့ရေပန်းစားဆဲရှိ နေပါတယ်။

အသံလွှင့်ဌာနတွေက အာရှတိုက်ရဲ့ ကျေးလက်ဒေသများအတွင်းတင်ဆက်မှုအစီအစဉ်တွေကို တိုးတက်ကျယ်ပြန့်လာအောင် လုပ်ဆောင်လာကြပါတယ်။ အသံလွှင့်ဌါနဟာ ကျေးလက်နေ လူတန်းစားအတွက် အရေးပါတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ အသံလွှင့်ဌာန နဲ့ ကျေးလက်သောတရှင် ပရိသတ်တို့ရဲ့ အပြန်အလှန်ရင်းနှီးမှုကို အမေးအဖြေကဏ္ဍ များမှာ နားဆင်နိုင်ပါတယ်။ ဒီလိုနည်း အားဖြင့် ကျေးလက်နေပြည်သူလူထုနဲ့ အစိုးရသူတို့ အကြားအတုန့် အပြန်ဆက်သွယ်ရေး ဖြစ်ပေါ် လာစေပြီးရင်းနှီးနွေးထွေးလာစေပါတယ်။

ဝေးလံသီခေါင်လှသော တောင်တန်းဒေသ နေလူများအဖို့ရေဒီယိုဟာ အရေးပါတဲ့ ဖျော်ဖြေမှု တစ်ခုဖြစ်တဲ့အပြင် သတင်းအချက်အလက်များကို နားဆင်ဖို့ ဗဟုသုတရစေ တဲ့အရာတစ်ခုပဲဖြစ် ပါတယ်။ ဒါ့ကြောင့်ရေဒီယိုအသံလွှင့်လုပ်ငန်းဟာ တောင်သူလယ်သမားများ၊ ကျေးလက်နေ လူတန်းစားတို့အတွက် အသိအမြင် ဗဟုသုတပေးတဲ့ လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။

အရေးကြီးတဲ့ မိုးလေဝသ ခန့်မှန်းချက်များကို သိရှိစေနိုင်ဖို့အတွက် တောင်သူလယ်သမားများ ၊ တံငါသည်များဟာ ရေဒီယိုကိုပဲ အားထားနေရပါတယ်။ ဈေးနှုန်းချိုသာခြင်း၊ သွားလေရာ သယ်ဆောင်သွားနိုင်ခြင်းတို့ကြောင့် ရေဒီယိုဟာ အာရှတိုက်ရဲ့ ကျေးလက်ဒေသ အနှံ့အပြားမှာ လူကြိုက်များနေပါတယ်။ ရေဒီယိုအသံလွှင့်လုပ်ငန်းများလည်း ပိုမိုကျယ် ပြန့်လာခဲ့ပါ တယ်။ တောင်သူလယ်သမားများအား စိုက်ပျိုးရေးနည်းပညာများကိုရေဒီယိုမှတဆင့် အသံလွှင့် ပို့ချ ပေးခြင်း အစီအစဉ်ဟာ တောင်သူ လယ်သမားများအတွက် များစွာ အကျိုး ကျေးဇူးဖြစ်ထွန်း စေ ပါတယ်။

လတ်တလောဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများအပေါ် မူတည်ပြီး သင့်လျော်တဲ့ အချိန်မှာ အချိန်ကိုက် ထုတ်လွှင့်ပေးတာ ဖြစ်တာကြောင့် ကျေးလက်နေပြည်သူတို့အတွက် ရေဒီယို ဟာ ရုပ်မြင်သံကြားထက်ပိုလို့ ကျေးဇူးများလှပါတယ်။ ရေဒီယိုဟာ သတင်း အချက် အလက် များကို လျင်မြန်စွာရနိုင်သော ၊ အဖိုးနှုန်းချိုသာသော ဖျော်ဖြေရေးကဏ္ဍ တစ်ခု ဖြစ်ပါတယ်။ အဆင့်မြင့်ပညာရပ်များကို မဆည်းပူရရှာသော ၊ အဆင့်မြင့် ပညာရပ်များကို မတတ်မြောက်သော တောင်သူလယ်သမားများ အတွက် အင်တာနက် ၊ ရုပ်မြင်သံကြားစသော အခြားသော ဆက်သွယ်ဖျော်ဖြေရေးများထက် ရေဒီယိုဟာ ပိုလို့အကျိုးများတာမလွဲပါဘူး။

ယခုလက်ရှိအချိန်အခါမှာ ဝေးလံသီခေါင်လှတဲ့နေရာ ဒေသများအထိ အင်တာနက်ဟာ ထိုးဖောက်ဝင်ရောက်လာခဲ့ပါပြီ။ ကျေးလက်ဒေသများမှာ အင်တာနက်ကဖေး များလည်း ရှိတန် သလောက်ရှိနှင့်နေခဲ့ပြီးပါပြီ။ ရေဒီယိုအတွက် အင်တာနက်ရဲ့ အရေးပါပုံကိုလည်း အထင်အမြင် သေးလို့မရပါဘူး။ ရေဒီယိုအသံလွှင့်လုပ်ငန်းများမှာ အင်တာနက်ကလည်း ပါဝင်ပတ်သက်နေပါပြီ။ ဥပမာတစ်ခုပြောရရင် သီရိလင်္ကာနိုင်ငံရဲ့ Kotmale Community Radio ( KCR) ဟာ အင်တာနက်မှ အတင်းအချက်အလက်များကို စုဆောင်းပြီး ကျေးလက် နေပြည်သူတို့ကို ပြန်လည်အသံလွှင့်ပေးနေပါတယ်။

သောတရှင်တို့က မေးလိုတဲ့မေးခွန်းများကို အသံလွှင့်ဌာနဆီကို စာတိုက်မှသော် လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း မေးမြန်းကြပြီး အသံလွှင့် ဌာနမှတာဝန်ရှိ သူ များက မေးခွန်းများကို အင်တာနက်မှာ အဖြေရှာပြီး ပြန်လည်အသံလွှင့်ပေးခြင်းဖြင့် အင်တာနက် မှာသာရရှိနိုင်သော သတင်းအချက်အလက်များကို ကျေးလက်နေပြည်သူတို့ ရေဒီယိုမှ တဆင့် နား ထောင်နိုင်ကြပါပြီ။ သောတရှင်တို့အား KCR အသံလွှင့်ဌာနသို့ လာရောက် လည်ပတ် ရန်တိုက်တွန်းထားပြီး သောတရှင်တို့ ကိုယ်တိုင် အင်တာနက် အသုံးပြုပြီး သတင်းအချက်အလက်များ ရယူနိုင်ရန်လည်းကူညီစီစဉ်ပေးထားပါတယ်။ လျှပ်စစ်မီးမရနိုင်တဲ့နေရာဒေသ များ ကိုအင်တာနက်မရောက်ရှိနိုင်သေးတာကြောင့် အခုလို အင်တာနက်ရေဒီယို ဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပြီး ဝေးလံလှသော ဒေသများမှပြည်သူတို့အတွက် အလွန်တရာ ကျေးဇူးများ သော လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။

ကိုးကား ပြင်ဆင်ရန်