အစ်ခန်ဒါ မာ့ခ်မူဒေါ့ဗ် ကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရုရှားပြည်အခြေစိုက် ဥဇ္ဇဘက်ကစ္စတန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အစ်ခန်ဒါ မာ့ခ်မူဒေါ့ဗ်
အစ်ခန်ဒါ မာ့ခ်မူဒေါ့ဗ်
မွေးသက္ကရာဇ် ၁၉၆၃

လူမျိုး ဥဇဘက်ကစ်စတန်ရှရှား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလျံ
သားသမီး တစ်ဦး

အကျဉ်းချုပ် ပြင်ဆင်ရန်

သူသည် ထူးခြားလျှို့ဝှက်သော ဥဇ္ဇဘက်စီးပွားရေးသမားများထဲမှ တစ်ယောက်ဖြစ်သည်။ Bukhara တွင်မွေးဖွားခဲ့ပြီး Tashkent တွင်နေထိုင်၍ အရှေ့တိုင်းလေ့လာမှုပညာဖြင့် ဒေသခံတက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် သူ၏ အာရေဗျဘာသာကျွမ်းကျင်မှုကို အသုံးချနိုင်သော လစ်ဗျားနှင့်အီရတ်ရှိ ဆိုဗီယက်စစ်တပ်ဆိုင်ရာ အဖွဲ့အစည်းများစွာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပထမဆုံးသော စီးပွားရေး ခြေလှမ်းအစသည် ရုရှားနိုင်ငံတွင် အကြီးဆုံး သတ္တုရောင်းဝယ်ရေးများ ဖြစ်ခဲ့ကြသည့် Chernoys နှင့် Reuben ညီအစ်ကိုများ၏ Trans-World အဖွဲ့နှင့်အတူ ဖြစ်သည်။ ယခုအခါ Makhmudov သည် Uralskaya Gorno-Metallurgicheskaya Kompaniya (UGMK)၏ အဓိကပိုင်ရှင်ဖြစ်သည်။ ထိုကုမ္ပဏီသည် ရုရှားတွင် စတုတ္ထအကြီးဆုံးသော သံဓာတ်မပါသည့် သတ္တုဗေဒဆိုင်ရာကုမ္ပဏီဖြစ်သောကြောင့် ရုရှား၏ ဒုတိယအကြီးဆုံးသော ကြေးနီထုတ်လုပ်ပေးနိုင်သူဖြစ်သည်။

သူ၏ တွဲဖက်လုပ်ကိုင်သူနှင့်အတူ Makhmudov သည် ရုရှားဘာသာဖြင့် Business Week ကိုထုတ်ဝေသည့် Izdatelskiy Dom Rodionova (Rodionov ထုတ်ဝေရေးလုပ်ငန်း)တွင်လည်း ၅၀% ပိုင်ဆိုင်မှုများရှိသည်။ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်များအရ Iskander Makhmudov သည် ရုရှားနိုင်ငံ၏ ၁၅ ယောက်မြောက် အချမ်းသာဆုံး စီးပွားရေးသမားဖြစ်ပြီး ၈၆ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သည်။

ပုဂ္ဂိုလ်ရေးမှတ်တမ်း ပြင်ဆင်ရန်

သူသည် လျှို့ဝှက်စွာနေထိုင်တတ်ပြီး သူ၏ အဓိကရင်းနှီးမြှုပ်နှံမှုများရှိသော Kuzbassrazrezugol မိုင်းတွင်းကဲ့သို့ပင် သူ့အကြောင်းများကို အမှောင်ချကာ ပိတ်ဆို့ထားသူဖြစ်သည်။ သူ၏ အဓိက ဝင်ငွေရလုပ်ငန်းများမှာ Urals မိုင်းတွင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည်။

အပိုဆောင်းကြည့်ရှုစရာများ ပြင်ဆင်ရန်

Forbes Magazine