အတ္တရံတံတားသည် မွန်ပြည်နယ်မော်လမြိုင်မြို့နယ်တွင် တည်ရှိသော တံတားတစ်စင်းဖြစ်သည်။ ကွန်ကရစ်ထောက်တိုင်များဖြင့် မထားကာ သံမဏိဆိုင်းကြိုးများဖြင့် ဆိုင်းထားသော တံတားတစ်စင်း ဖြစ်သည်။ တံတားသည် ၁၄၂၀ ပေရှည်လျားပြီး ၂၄ ပေကျယ်ကာ သတင်းထုတ်ပြန်ချက်များအရ ၅၈၀.၆ မီလီယံကျပ်ငွေ ကုန်ကျသည်။[၁] ထိုတံတားကို မွန်ပြည်နယ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦစီမံကိန်းများထဲမှ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁][၂]

အတ္တရံတံတား
ကိုဩဒိနိတ် 16°28′25″N 97°40′16″E / 16.473613°N 97.67113°E / 16.473613; 97.67113ကိုဩဒိနိတ်: 16°28′25″N 97°40′16″E / 16.473613°N 97.67113°E / 16.473613; 97.67113
သယ်ဆောင်မှုနှစ်လမ်းသွား၊ လူသွားလမ်းနှစ်လမ်းပါ
ဖြတ်သန်းမှုအတ္တရံမြစ်
တည်နေရာမော်လမြိုင်မြို့နှင့် Zartapyin
အမည်အတ္တရံတံတား
ပြုပြင်ထိန်းသိမ်းသူပို့ဆောင်ရေးဝန်ကြီးဌာန
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိကြိုးတံတား(ပန်ကာဒီဇိုင်း)
စုစုပေါင်းအရှည်၁,၄၂၀ ft (၄၃၀ m)
အကျယ်ကားလမ်း ၂ ခု၊ လူသွားလမ်း ၂ ခု
အကျယ်ဆုံး တံတားအခန်း၅၉၀ ft (၁၈၀ m)
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၉၉၅
လုပ်ငန်းပြီးဆုံးချိန်၁၉၉၈
ဖွင့်လှစ်သည့်နေ့၁၉၉၈ မတ်လ
စာရင်းအင်း
နေ့စဉ်ယာဉ်အသုံးပြုမှုunknown

တံတားကို ၁၉၉၈ မတ်လတွင် ၅၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဖွင့်လှစ်ပေးခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်