အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ)

အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ) သည် မွန်ပြည်နယ် ရှိတံတားတစ်စင်း ဖြစ်သည်။ တံတားသည် သံမဏိ သံပေါင်၊ သံကူ ကွန်ကရစ်ကြမ်းခင်းတံတားအမျိုးအစား ဖြစ်သည်။[၁][၂]

တံတားအချက်အလက်များ ပြင်ဆင်ရန်

အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ) သည် သံမဏိ သံပေါင်ခုံး‌ ပေါ်မှ သံမဏိကြိုးဆိုင်းထားသည့် တံတား ဖြစ်သည်။ကျိုက်မရောလမ်းမကြီး

အတိုင်းအတာများ ပြင်ဆင်ရန်

တံတား၏ အရှည်သည် ၂၁၀၉ ပေ၊ အကျယ် ၃၁ ပေ ၂ လက်မ ရှိသည်။ ရေလမ်းကင်းလွတ်အမြင့်သည် ၄၆ ပေ ဖြစ်ပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ပေ ၃၆၀ ရှိသည်။ တံတားတည်ဆောက်ရာတွင် ကုန်ကျစရိတ်မှ

အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ)
 

ာ ကျပ်သန်း ၁၈၀၀၀ ဖြစ်သည်။ အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားသည် ကျိုက်မရော မြို့နယ် ကျိုက်မရော- စံပယ်ဂူ- ကော့ပနော လမ်းပိုင်း

ကျိုက်မရောမြို့အရှေ့ဘက် နှစ်မိုင် လေးဖာလုံ အကွာတွင်တည်ရှိပါသည်။ အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင်အခမ်းအနားဖြင့် တံတားအား ဖွင့်လှစ်ခဲ့ပါသည်။ တံတားအမျိုးအစားသည် ပင်မတံတား သံမဏိ သံပေါင်ခုံးတံတား။ ခုံးတံတား၊ ချဉ်းကပ်တံတား ချ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ၊ သံကူကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီးတံတားအရှည် ၂၁၁၃ ပေ ၂ လက်မ၊ တံတားအကျယ် ၃၄ ပေ ၆ လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၄၆ ပေ၊ရေလမ်းကင်းလွတ်အကျယ် ပေ ၃၆၀ နှင့် တံတားခံနိုင်ဝန် တန် ၆၀ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၄) မှ တာဝန်ယူတည်ဆောက်ခဲ့ကာ တံတား၏စီမံကိန်းတန်ဖိုးမှာ ငွေကျပ်သန်းပေါင်း ၁၈၀၀၀ ရှိသည်။ အဆိုပါတံတားမှ မော်လမြိုင်- ကျိုက်မရောမြို့မှတစ်ဆင့် တရနာ- ဘုရားကုန်းလမ်းသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် မုဒုံ- မြဝတီလမ်းမှတစ်ဆင့်ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့လည်းကောင်း၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့လည်းကောင်းဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။[၁][၂]

ဖွင့်လှစ်ခြင်း ပြင်ဆင်ရန်

တံတားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဖွင့်လှစ်ခဲ့သည်။[၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ https://burma.irrawaddy.com/news/2018/09/14/169754.html
  2. ၂.၀ ၂.၁ ၂.၂ ပြည်မြန်မာသတင်းစာ။ ၅ နိုဝင်ဘာ ၂၀၂၀။ pp. ၁၀။