အန်နေလ် ဒီရူဘိုင် အန်ဘာနီ (မွေးနေ့ ၁၉၅၉ ခုနှစ် ဇွန်လ ၄ ရက်) ဩဇာညောင်းသည့် အန္ဒိယ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး အကြီးဆုံးပုဂ္ဂလိကပိုင်ကုမ္ပဏီ ပေါင်းစု တစ်ခုဖြစ် သော Reliance Anil Dhirubhai Ambani Group ၏ ဥက္ကဋ္ဌ ဖြစ်သည်။

အန်နေလ် အမ်ဘာနီ
အန်နေလ် အမ်ဘာနီ
မွေးသက္ကရာဇ် ဇွန် ၄ရက်၊ ၁၉၅၉

နိုင်ငံသား အိန္ဒိယ
လူမျိုး အိန္ဒိယ
ပညာရေး မွန်ဘိုင်းတက္ကသိုလ်ပင်န်ဆဲလ်ဗန်နီးယား တက္ကသိုလ်
အလုပ်အကိုင် Anil Dhirubhai Ambani Group ၏ ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလျံ
ကြင်ဖော် တီနာမူနင်
တွဲဖက် မူခက်ရှ် အမ်ဘာနီ(အကို)
သားသမီး ၂ယောက်

အန်နေလ် ၏ အကိုကြီး မူခက်ရှ် အမ်ဘာနီ ၏ ဥစ္စာဓနပိုင်ဆိုင်မှုမှာ ဒေါ်လာ၂၉ ဘီလျံ ရှိပြီးအခြားကုမ္ပဏီတစ်ခုဖြစ်သော Reliance Industries ကိုပိုင်ဆိုင်သည်။ ၂၀၁၀ခုနှစ်တွင်ရရှိသောစာရင်းများအရ မုကက်ရှ်အမ်ဘာနီ၊ လက်ရှ်မီမိတယ်လ် နှင့် အဇင်မ်ပရမ်ဂျီ တို့၏နောက်တွင် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံဖြင့် အိန္ဒိယ၏ စတုတ္ထမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်ရပ်တည်လျက်ရှိသည်။ သူသည် ပန်ဇယ်လ်ဗေးနီးယားတက္ကသိုလ်ရှိ ဝှါတန်ကျောင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်။ ထို့ပြင် သူသည် ကန်ပါရှိ အိန္ဒိယနည်းပညာတက္ကသိုလ်နှင့် အမီဒါဘတ်ရှိ စီမံခန့်ခွဲမှုတက္ကသိုလ် တို့တွင်လည်း အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်။

စင်ထရယ်လျှပ်စစ်ထိန်းညှိရေးကော်မရှင်၏ ဗဟိုအကြံပေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ခဲ့သည်။ ၂၀၀၅ခုနှစ် မတ်လ ၂၆ရက်တွင်ထိုအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဂန္ဓီနာဂါးမြို့ရှိ (DA-llCT) အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

ကွယ်လွန်သူဖခင်ကြီး Dhirubhai Ambani တည်ထောင်ခဲ့သော ရီလိုင်းယန့်စ် (Reliance) ကုမ္ပဏီတွင် ၁၉၈၃ခုနှစ်မှ စတင်၍ တွဲဖက် အမှုဆောင်အရာရှိချုပ်(စီအီးအို) အဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး အိန္ဒိယ၏ အရင်းရှင်ဈေးကွက်တွင် ငွေကြေး(ဘဏ္ဍာရေး)ဆိုင်ရာ နည်းလမ်းသစ်များကို စွန့်ဦးလုပ်ကိုင်ခဲ့ခြင်းကြောင့် သူ၏ထူးချွန်မှုကို အသိအမှတ်ပြုကြသည်။

ဥပမာအားဖြင့် - သူသည် ကမ္ဘာ့ငွေချေးလက်မှတ်များ၊စာချုပ်များကို ရောင်းချ၍ နိုင်ငံတကာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုကို ဦးဆောင်ခဲ့သော ပထမဆုံးအိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူ၏ဦးဆောင်မှုဖြင့် ရီလိုင်းယန့်စ်ကုမ္ပဏီသည် ၁၉၉၁ ဝန်းကျင်မှစတင်၍ နိုင်ငံတကာ ငွေကြေး ဈေးကွက်သို့ ဒေါ်လာ၂ ဘီလျံ ဖြင့် ဝင်ရောက်ခဲ့ပြီးနောက် ၁၉၉၇ခုနှစ်တွင် နှစ်တရာ ရန်ကီးစာချုပ် ကိစ္စရပ်ဖြင့် ကုမ္ပဏီသည် ထိပ်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို “ငွေကြေးဈေးကွက်၏မှော်ဆရာ” ဟု သတ်မှတ်ခဲ့ကြသည်။

သူနှင့် သူ့အစ်ကိုတို့၏ ပဲ့ကိုင်မှုဖြင့် ရီလိုင်းယန့်စ် ကုမ္ပဏီသည် ယခုအခါတွင် အိန္ဒိယ၏ အထည်အလိပ်၊ ရေနံ၊ရေနံထွက်ဓာတုပစ္စည်းများ၊စွမ်းအင်နှင့် တယ်လီဆက်သွယ်ရေး တို့တွင် ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သူ၏အလုပ်လုပ်သက်တစ်လျှောက်တွင် နာမည်ကျော်ကြားသူများစွာနှင့် သိကျွမ်းခဲ့ပြီး ထိုနာမည်ကျော်များထဲတွင် အိမ်ထောင်သက် ၁၅နှစ် ကျော်ကြာပြီဖြစ်သော သူ၏ဇနီးသည်လည်း ပါဝင်သည်။

သူသည်ကျော်ကြားသောရုပ်ရှင်သရုပ်ဆောင်များဖြစ်သည့် Amitabh Bachchan (အမီတာဘာချမ်း)နှင့် Subrata Roy(စပ်ရာတာရွိုင်း) တို့၏ ရင်းနှီးသောသူငယ်ချင်းလည်း ဖြစ်သည်။ သူ၏အဓိကအောင်မြင်မှုများထဲတွင် ဖျော်ဖြေရေးစက်မှုဇုန်ဖြစ်သော အက်ဒ်လက်ဘ်စ်ကို ဝယ်ယူခဲ့ခြင်းလည်းပါဝင်သည်။ အက်ဒ်လက်ဘ်စ်သည် ရုပ်ရှင်ထုတ်လုပ်ရေးမှစ၍ အိန္ဒိယ၏ တစ်ခုတည်းသောဒူးမ်ရုပ်ရှင်ရုံကို ပိုင်ဆိုင်သည့် မာလ်တီပလက်စ် ကုမ္ပဏီထံသို့ ရုပ်ရှင် ဖြန့်ချိရေးအထိလုပ်ကိုင်သည်။ ထိုအက်ဒ်လက်ဘ်စ်ကို စတီဗင် စပိဘတ်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၈၂၅သန်းတန် သဘောတူညီမှုရခဲ့သည် ဟုကြေညာခဲ့သည်။

လက်တားစ်ကေဂျီတွင်းမှ ဂက်စ်အထောက်အပံ့ကိစ္စအတွက် သူ၏အစ်ကိုနှင့် အကြီးအကျယ် သဘောထားကွဲလွဲမှုဖြစ်ခဲ့သည်။ ၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းချိန် ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၃၂.၅သန်း အရှုံးပေါ်ပြီးနောက် ကမ္ဘာ့အကြီးဆုံး အရှုံးပေါ်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ရာ ၂၀၀၉ခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံး ၃၄ ယောက်စာရင်းပါဝင်ခြင်းမရှိခဲ့ချေ။

လုပ်ကြံရန်ကြံစည်ခံရခြင်း ပြင်ဆင်ရန်

၂၀၀၉ခုနှစ် ဧပြီလ ၂၂ရက်နေ့တွင် သူ၏ ၁၃ယောက်စီး ရဟတ်ယာဉ် VT-RCL(a Bell 412) ၏ဂီယာဘောက်စ်အောက်တွင် ရဟတ်ယာဉ်ပျက်ကျစေရန်အတွက်ရည်ရွယ်၍ ထည့်ထားသော ကျောက်တုံး ကျောက်ခဲလေးများကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂီယာဘောက်စ်သည် မြေပြင်မှ ၁၀ပေအမြင့်တွင်ရှိနေသော်လည်း ထိုကျောက်စရစ်ခဲလေးများနှင့် ကျောက်တုံးများကို ဂီယာဘောက်စ်၏ Filler cap ထဲတွင် ထည့်ထားသည်ကို တွေ့ရသည်။

ရီလိုင်းယန့်စ်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်း လီမိတက်၏ လေယာဉ်မှူးကြီးဖြစ်သော ကပ္ပတိန် အာအန် ဂျော့ရှ်က မကျေနပ်သဖြင့် မွန်ဘိုင်းရဲအရာရှိချုပ်ရုံး၊ မဟာရာစ်တြာဝန်ကြီးချုပ်ရုံး၊ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ ပူးတွဲ ရဲမင်းကြီးရုံးနှင့် ဆန်တာခရုစ်စခန်းများသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ ထိုပစ္စည်းများကို ရဟတ်ယာဉ် မွန်ဘိုင်းလေဆိပ်တွင် ရပ်နားထားစဉ် ဘဟာရက်ဘော့ချ်ဆိုသူ လေကြောင်းဆိုင်ရာနည်းပညာရှင်တစ်ဦးမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘော့ချ်၏အလောင်းကို ၂၀၀၉ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် ဗေးလ်ပါးလ်နှင့် အာဒီးရီးအကြားရှိ မွန်ဘိုင်းရထားလမ်းပေါ်တွင် တွေ့ရှိခဲ့ကြသည်။ သူနှင့်အတူ စာတစ်စောင်ကိုလည်းရှာဖွေ တွေ့ရှိခဲ့ကြသည်။

ရထားလမ်းတာဝန်ကျရဲများက ဘော့ချ်ကို ချာ့ချ်ဂိတ်သို့သွားသော မြို့ပတ်အမြန်ရထားမှ တက်ကြိတ်သွားသည် ဟုဆိုကြသည်။ ဘော့ချ်၏ထိုမသင်္ကာဖွယ်ရာ သေဆုံးမှုကြောင့် အမ်ဘာနီကို သူ၏စီးပွားပြိုင်ဘက်များက လုပ်ကြံရန်ကြိုးစားခဲ့သည် ဆိုသောကောလဟာလများလည်း အများအပြားထွက်ပေါ်လာခဲ့သည်။ ရင်ခွဲစစ်ဆေးချက်များအရ ဘော့ချ်သည် အရိုးများကြေသွားသောဒဏ်ရာကြောင့် ဦးနှောက်တွင်း သွေးထွက်လွန်ပြီး ရှော့ခ်ရကာ သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ ဘော့ချ်အိပ်ကပ်ထဲမှ တွေ့ရှိခဲ့ရသောမာရသီစကားဖြင့် ရေးထားသောစာတွင် “ကျွန်တော်ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အဲဒီနေ့မှာ ရီလိုင်းယန့်စ်က လူတွေကျွန်တော့်ကို လာတွေ့ပြီး ကျွန်တော့်ကို စကားတချို့ပြောတယ်။

ကျွန်တော်သူတို့ကို ဘာမှမပြောလိုက်ပါဘူး။ သူတို့ထဲက တစ်ယောက်ကကျွန်တော့်ဖုန်းနံပါတ်ကို ယူသွားတယ်။ နောက်ပြီးမှ ဖုန်းဆက်ပြောမယ်လို့ ပြောသွားတယ်။ သူတို့တွေ ကျွန်တော့်ကို အသုံးချနေတယ်လို့ ခံစားရတယ်။ ကျွန်တော် တစ်ညလုံးစဉ်းစားပြီး ဒီစာကိုရေးလိုက်တာပါ။ အားလုံးကို ကျွန်တော့်အပြစ်လို့ပုံချကြတော့မယ် လို့ထင်တာပဲ၊ စစ်ဆေးမှုက လမ်းကြောင်းမှန်ပေါ်ရောက်ပြီး အဖြစ်မှန်တွေပေါ်ထွက် ဖို့မျှော်လင့်ရတာပဲ။” ဟုရေးသားထားသည်။ စုံစမ်းစစ်ဆေးသူများကမူ ဘော့ချ်၏သေဆုံးမှုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမဟုတ်ပဲ မတော်တဆမှုဟု ကောက်ချက်ချခဲ့သည်။ ရဟတ်ယာဉ်ကို ပြုပြင်ထိန်းသိမ်းရေးပြုလုပ်ခဲ့သော အဲဝေါ့ခ်စ်အိန္ဒိယအင်ဂျင်နီးယားရင်းကုမ္ပဏီကမူ အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ ဝန်ထမ်းများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

ရရှိခဲ့သော ဂုဏ်ထူးဆောင်ဆုများနှင့် အသိအမှတ်ပြုဘွဲ့များ ပြင်ဆင်ရန်

  • ၂၀၀၉ ခုနှစ် မတ်လတွင် လက်ရှိအိန္ဒိယ၏ ဩဇာရှိပုဂ္ဂိုလ်များစာရင်းတွင် တတိယမြောက်အဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။
  • ၂၀၀၆ ခုနှစ် တိုင်းမ်းစ်အော့ဖ်အိန္ဒိယ (တီအန်အက်စ်) စစ်တမ်းတွင် တစ်နှစ်တာ စီးပွားရေးပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
  • ဂုဏ်သိက္ခာကြီးမားသောဆုတစ်ဆုဖြစ်သည့် ပလက်တ်စ် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆု ချီမြှင့်သော တစ်နှစ်တာလုံးအတွက် အကောင်းဆုံး စီအီးအို(အမှုဆောင်ချုပ်) ဆုကို ၂၀၀၄ခုနှစ်တွင်ရရှိခဲ့သည်။
  • ၂၀၀၃ခုနှစ် စက်တင်ဘာလတွင် ထင်ပေါ်ကျော်ကြားသော အမ်တီဗွီ လူငယ်အဖြစ်ရွေးချယ်ခံခဲ့ရသည်။
  • ၂၀၀၂ခုနှစ်တွင် ဘုံဘေစီမံခန့်ခွဲရေးအသင်းမှ ချီးမြှင့်သောဆယ်စုနှစ်စွန့်ဦးတီထွင်ပုဂ္ဂိုလ်ဆုကို ရရှိခဲ့သည်။
  • ၂၀၀၁ခုနှစ် ဒီဇင်ဘာလတွင် ရီလိုင်းယန့်စ်ကိုကမ္ဘာ့ စီးပွားရေးနယ်ပယ်အသီးသီးတွင် ဦးဆောင်ကုမ္ပဏီဖြစ်စေရန် ခေါင်းဆောင်နိုင်ခဲ့မှုအတွက် ဝှါတန်အိန္ဒိယစီးပွားရေး ဆွေးနွေးဖလှယ်ပွဲတွင် ပထမဆုံးအကြိမ် အဖြစ် ချီးမြှင့်ခဲ့သော ဝှါတန်ကျောင်းသားဟောင်းများ ဆုကို ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည်။
  • ၁၉၉၇ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယနာမည်ကြီး စီးပွားရေးမဂ္ဂဇင်းတစ်ခုဖြစ်သော ဘစ်ဇနက်စ် အိန္ဒိယမှ ချီးမြှင့်သော ၁၉၉၇ခုနှစ်အတွက် အကောင်းဆုံးစီးပွားရေးလုပ်ငန်းရှင်ဆုကို ရရှိခဲ့သည်။

ကိုယ်ရေးကိုယ်တာဘဝ ပြင်ဆင်ရန်

အနေးလ်အမ်ဘာနီသည် ဂူဂျာရတီ အိန္ဒိယလူမျိုးဖြစ်သည်။ အိန္ဒယဘောလီးဝုဒ်ရုပ်ရှင်မင်းသမီး တီနာမူနင်မ်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ယောက် အန်မိုးလ်နှင့် အန်ရှုလ်တို့ကို ထွန်းကားခဲ့သည်။ သူသည် မွန်ဘိုင်းမာရသွန်ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ သူသည် ကိုကာကိုလာချန်ပီယံရှစ်၏ အားပေးသူဖြစ်ကာ နယူးကာဆယ်ယူနိုက်တက်၏ ပရိသတ်ဖြစ်ပြီး ၂၀၀၈ခုနှစ် စက်တင်ဘာလတွင်းက ၎င်းဘောလုံးအသင်းကို ဝယ်ယူရန်အလွန်နီးစပ်ခဲ့သည်။ ၂၀၀၄ခုနှစ် ဇွန်လတွင်ဆာမာ့ဂျ်ဝါဒီပါတီ ၏ထောက်ခံမှုဖြင့် အိန္ဒိယ ပါလီမန် ရာ့ဂျပ်ရ ဆက်ဘ်ဟ ( အထက်လွှတ်တော်)၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးအဖြစ်အရွေးခံခဲ့ရသည်။ သူသည် နေ့စဉ် နံနက် ၄ နာရီတွင် အိပ်ယာမှထလေ့ရှိသည်။ သတင်းထူးများကို စစ်ဆေးပြီးနောက် အပြေးလေ့ကျင့်သည်။ သူသည်နေ့စဉ် ရေ၆လီတာသောက်လေ့ရှိပြီး အိန္ဒိယအစားအစာတစ်မျိုးဖြစ်သော ပက်ဗ်ဘဟဂျီ စားရသည်ကို ကြိုက်သည်။

ခရီးသွားလာမှု ပြင်ဆင်ရန်

၂၀၀၁ခုနှစ်အတွင်းက ဝယ်ယူထားသော Bell 412 အမျိုးအစား ၁၃ယောက်စီး ရဟတ်ယာဉ်တစ်စီးကို ပိုင်ဆိုင်သည်။

အင်္ဂလိပ်ပရီးမီးယားလိဂ် ပြင်ဆင်ရန်

အဲဗာတန်ကလပ်ကို ဝယ်ယူရန် အတွက်တာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့မဆွေးနွေးမီ နယူးကာဆယ်ယူနိုက်တက် ကိုဝယ်ယူရန် ကြိုးစားခဲ့သေးသည်။ ကလပ်၏ ဒက်စ်တီနေးရှင်း ကက်ဘီကစားကွင်း စီမံကိန်းပျက်ပြားခဲ့ရာမှ ဥက္ကဋ္ဌ ဘီလ်ကန်ရိုက်က သူ၏အစုရှယ်ယာများအားတက်ကြွစွာရောင်းချရန် ကတိပေးခဲ့ရာ အန်ဘာနီသည် အဲဗာတန်ကလပ်ကို ဝယ်ယူရန် ပြန်လည်စိတ်အားထက်သန်ခဲ့သည်။