အယ်လ်အန်ဂျီ (LNG)

သဘာဝဓာတ်ငွေ့ကို သိုလှောင်ရန်နှင့် သယ်ယူရန် အရည်အဖြစ်သို့ ပြောင်းလဲထားခြင်း

စီအန်ဂျီ ကဲ့သို့ အသုံးပြုနိုင်သော အခြား ဓာတ်ငွေ့မှာ အယ်လ်အန်ဂျီ ဖြစ်သည်။ အယ်လ်အန်ဂျီ၏ ဓာတုသင်္ကေတမှာ CH5 ဖြစ်သည်။ နိုင်ငံအတော်များများမှ အ လားအလာကောင်းသော လောင်စာဓာတ်ငွေ့ရည်အဖြစ် သတ်မှတ်ကြသည်။ ၎င်းသည် သိုလှောင်နိုင်မှုတွင် အားသာချက်များ ရှိနေသည်။ စီအန်ဂျီ ထက် အနည်းငယ် ပိုမို သန့်စင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်နှင့် အခြား မလိုလားအပ်သော ဓာတ်များကို အရည်ပြုလုပ်စဉ်ကပင် ထုတ်ဖယ်လိုက်ပြီး ဖြစ်သည်။

အယ်လ်အန်ဂျီ ဓာတ်ငွေ့သည် သဘာဝဓာတ်ငွေ့အမျိုးအစား ဖြစ်ပြီး သန့်စင်စေရန်နှင့် ဟိုက် ဒရိုကာဗွန် မြင့်မားစေရန် အထူး လုပ် ငန်းစဉ်များဖြင့် ထုတ်လုပ်၍ ဓာတ်ငွေ့ရည်အဖြစ် ပျမ်းမျှ - ၁၆ဝ စင်တီဂရိတ်အပူချိန်တွင် ဖိသိပ်၍ အထူးပြုလုပ်ထားသော သိုလှောင်စည်များတွင် ထည့် သွင်းထားခြင်းဖြစ်သည်။ ၎င်းတို့ သည် သဘာဝဓာတ်ငွေ့ အနေ အထားထက် ထုထည်အားဖြင့် ၆ဝဝ ပုံ ပုံလျှင် တစ်ပုံသာ ဖြစ် သည်။ သို့မှသာ ခရီးရှည်များ အတွက် လုံလောက်သော စွမ်း အင် သုံးစွဲမှုကို ရရှိမည်ဖြစ်သည်။ ထို့အပြင် သဘာဝ ဓာတ်ငွေ့များ ကို ပိုက်လိုင်းများဖြင့် သယ်ပို့ရ သည်ထက် အရည်အဖြစ် ပြောင်း လဲ၍ သင်္ဘောများဖြင့် တင်ဆောင် သယ်ပို့နိုင်ပါသည်။


အယ်လ်အန်ဂျီ ဓာတ် ငွေ့ ရည် ကို ဓာတ်ဆီ သို့မဟုတ် ဒီဇယ်လောင် စာဆီများဖြင့် စွမ်းအင်တူညီ သည်ဟုဆိုနိုင်သော်လည်း ထုတ် လုပ်မှုစရိတ် မြင့်မားနေပါသည်။ ထို့အပြင် အအေးခန်း ဆလင်ဒါ များဖြင့်သိုလှောင်ရသည့်အတွက် လည်း စရိတ်မြင့်မားပါသည်။ သို့ဖြစ်၍ စီးပွားဖြစ် အသုံးပြုရန် အားနည်းချက်များ ရှိနေသည်။ အယ်လ်အန်ဂျီ စက်ရုံများသို့ ပေးပို့လိုက် သည့် သဘာဝဓာတ်ငွေ့မှ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့်အခြား အအေးခံရာတွင် အဆင်မပြေနိုင် သည့် သတ္တုဓာတ်များကို ဖယ် ရှားပေးရသည်။ သင်္ဘော တင်ပို့ ရာတွင်လည်း အထူးပြုလုပ်ထား သော ဆိပ်ခံများကို အသုံးပြုရ သည်။ တစ်နည်းအားဖြင့် အဆို ပါ ဆိပ်ကမ်းများသို့ ဓာတ်ငွေ့ များအဖြစ် ပိုက် လိုင်း များ မှ တစ်ဆင့် ပို့ပေးပြီး သင်္ဘောတင် ရန် အအေးခံရပြန်သည်။ သို့ဖြစ် ၍ ပြင်ဆင် ပြောင်းလဲရသည့် စရိတ်များ ကြီး မြင့် နေ သည်။ အဆိုပါ အားနည်းချက်ကို မကြာ မီနှစ်များက ပြုပြင်နိုင်ခဲ့ပါသည်။


ကျွမ်းကျင်သူ အများစုက အယ်လ်အန်ဂျီ ဓာတ်ငွေ့သည် ဓာတ်ငွေ့ ရည်အဖြစ် ပြောင်းလဲစဉ်ကပင် လွင့်စဉ်မှုများ ရှိသည်။ ဆိုလို သည်မှာ အလွန် အငွေ့ပြန်သော သဘောရှိသည်။ ဓာတ် ငွေ့ ရည် တွင်လည်း ထိုသို့ ပျံ့နှံ့မှုများ ရှိသည်ဟု သဘော တူ ညီ ကြ သည်။ သို့ဖြစ်၍ ခရီးရှည် သယ် ပို့မှုများတွင် အန္တရာယ် ရှိသည်ဟု ဆိုကြသည်။ သို့သော် ယနေ့ တိုင် ဓာတ်ငွေ့ရည်တင် သင်္ဘော များတွင် အဆိုပါ အန္တရာယ် ဖြစ် ပွား မှု မျိုး မကြုံရသေးပါ။ ဓာတ်ငွေ့ရည် ပြုလုပ်သော စက်ရုံ တွင် ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့ပါ သည်။

အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ချက် ပြင်ဆင်ရန်

စီအန်ဂျီ ဓာတ်ငွေ့ထက် ပို၍ ဈေးကြီးသော်လည်း စွမ်းအင် ပိုမို သာလွန်၍ သန့်စင်မှုနှင့် ကာဗွန် ဒိုင်အောက်ဆိုက် အထွက်နှုန်း လည်း အနိမ့်ဆုံးဖြစ်သည်။ ၎င်း တွင် ဆာလ်ဖာအောက်ဆိုက်၊ ပြာ၊ အနယ်အနှစ်များနှင့် အလေ အလွင့် ထွက်ရှိမှုများ မရှိသ လောက် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၂)၂၀၀၅-ခုနှစ်၊ နိုဝင်ဘာလ