အရူပါဝစရ ကုသိုလ်စေတနာ ၄-ပါးသည် အရူပါဝစရ ကုသိုလ်ကံမည်၏၊ ထိုကံ ၄-ပါးတို့သည် အစဉ်အတိုင်းပင် အရူပ ၄-ဘုံ၌ ပဋိသန္ဓေ, ပဝတ္တိကျိုးကို ပေး၏။[၁] ဈာန်တရားတို့၌ ယှဉ်သောဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသဟူသော အဓိပတိတရား ၄-ပါးတို့တွင် တပါးပါးသည် အမြဲအဓိပတိတပ်၏၊ ဈာန်ရသောအခါ အဓိပတိတပ်သောတရား အားနည်းနေလျှင် ပရိတ္တဈာန်ဖြစ်၏။ အဓိပတိတပ်သောတရားက အလယ်ရှိလျှင် မဇ္ဈိမဈာန်ဖြစ်၏၊ အဓိပတိတပ်သော တရားက ထက်မြက်လျှင် ပဏီတဈာန်ဖြစ်၏။[၂] [၃]

ကိုးကား ပြင်ဆင်ရန်

  1. (သင်္ဂဟ၊၃၆။)
  2. (ဝိဘာဝိနီ၊၁၈၅။)
  3. တိပိဋကအဘိဓာန် အတွဲ-၅