အရေး သို့မဟုတ် ရေးသားခြင်းသည် သင်္ကေတ သို့မဟုတ် လက္ခဏာများအသုံးပြု၍ အက္ခရာနှင့်ဆိုင်သော အနုပညာတစ်ခုအတွင်း ဘာသာစကား၏ ကိုယ်စားပြုခြင်းဖြစ်သည်။ (ရေးသားခြင်းစနစ်ဟုလည်း သိရှိကြသည်။) ၎င်းသည် ဥမင်လိုင်ခေါင်းပုံ ဆွဲခြင်းနှင့် ပန်းချီဆွဲခြင်းကဲ့သို့သော ရုပ်ပုံဖော်ပြခြင်းမှ ခွဲခြမ်းထားပြီးသည့်ပြင် မက္ကနက်တစ် အော်ဒီယိုတိပ်ကဲ့သို့သော အက္ခရာမပါသော မီဒီယမ်များမှတဆင့် သင်္ကေတမဟုတ်သော ဘာသာစကား၏ ထိန်းသိမ်းခြင်းတစ်ခုဖြစ်သည်။ ထို့ပြင် မြင်လွယ်သော မီဒီယမ်တစ်ခုတွင် သင်္ကေတများအစုတစ်ခုကို အသုံးပြု၍ မှတ်တမ်းတင်ခြင်း အနုပညာတစ်မျိုးဖြစ်သည်။ ၎င်းသင်္ကေတများအားလည်း ရေးနိုင်၊ ဖတ်နိုင်ရမည်ဖြစ်သည်။

ဘီစီ ၁၆၀၀ ခန့်က ရေးသားထားသော် ကျူရွက်ပေါ်ရှိ အီဂျစ်စာပေ၊ ၎င်းသည် ကမ္ဘာ့ရှေးအကျဆုံးသော စာပေတစ်ခုအဖြစ်ကျန်ရှိနေသည့်အချက်အလက်

စာလုံးတစ်ခုအား မြင်လွယ်သော စနစ်တစ်ခုတွင်လည်းအသုံးပြုကြသည်။ ပုံမှန်အားဖြင့် တိုင်းပြည်တစ်ခုတွင် ပညာတတ်လူများသည် တူညီသော ဘာသာကို မှတ်တမ်းတင်ရန် တူညီသော အရေးအသားစနစ်ကိုအသုံးပြုကြသည်။ ထို့ပြင် ရေးနိုင်၊ ဖတ်နိုင်စွမ်းရှိခြင်းသည် စာတတ်ရန်ဖြစ်သည်။ ရေးသားခြင်းသည် စကားပြောခြင်းမှ ကွဲပြားပြီး စာဖတ်သူသည် မျက်မှောက်အချိန်တွင် ရှိနေရန်မလိုအပ်ချေ။ ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏ နေရာအနှံ့အပြား၊ လွန်ခဲ့သည့် အချိန်မြောက်မြားစွာမှ ရေးသားထားခဲ့သည်များကို ဖတ်နိုင်ကြသည်။ ရေးသားခြင်းသည် အချိန်နှင့် ခြားနားခြင်းများကို ကျော်လွန် ဖြတ်သန်းနိုင်သည်။ ၎င်းသည် အသိပညာဗဟုသုတများကို သိမ်းဆည်းထားပြီး ဆက်သွယ်ပေးနိုင်သည်။ ရေးသားခြင်းသည် လူပတ်ဝန်းကျင်၏ တီထွင်မှုများအထဲမှ အကြီးမားဆုံးသောတီထွင်မှုကြီး တစ်ခုလည်းဖြစ်သည်။ လူအများသည် မြို့ရွာများ တည်ထောင်ပြီး၊ စိုက်ပျိုးရေးများ စတင်ပြီးမှသာလျှင် ၎င်းကို တီထွင်ခဲ့ကြသည်။ အရှေ့အလယ်ပိုင်း၏ အရေးအသား မှတ်တမ်းများသည် ဘီစီ ၃၃၀၀ ခန့်ရှိပြီးဖြစ်၍ ၎င်းသည် နှစ်ပေါင်း ၅၀၀၀ ကျော်ပြီးဖြစ်သည်။ စာရွက်မတိုင်ခင် အချိန်က ရေးသားစရာ ပစ္စည်းအမျိုးမျိုးအား တည်ထွင်လာခဲ့ကြသည်။ ရွံ့စေးများ၊ ကျူ၊ သစ်သားနှင့် ကျောက်ပြားများအပြင် တိရစ္ဆာန်အရေခွံများကို အသုံးပြုရေးသားခဲ့ကြသည်။ ရောမခေတ်တွင် ဖယောင်းပြားများပေါ်တွင် ရေးခြစ်ခဲ့ကြပြီး ၎င်းသည် ယာယီမှတ်တမ်းနှင့် သတင်းအချက်အလက်များ ပေးပို့ရန်အတွက် အလွန်အသုံးဝင်သောကြောင့် လူအတော်ကြိုက်ကြသည်။ နောက်ပိုင်း တီထွင်မှုတစ်ခုအဖြစ် တရုတ်တို့၏ စက္ကူတီထွင်မှုမှာ ရှေ့ဆက်ရန် အကြီးဆုံးသော အဆင့်အဖြစ် ရောက်လာခဲ့သည်။

ယနေ့ခေတ်၌ မည်သည့် မျက်နှာပြင် အတော်များများပေါ်တွင်မဆို ပုံနှိပ်နိုင်သည့် နည်းပညာများတိုးတက်လာသော်လည်း အသုံးအများဆုံးမှာ စက္ကူဖြစ်သည်။ ရုပ်မြင်သံကြား စက်များနှင့် ရုပ်ရှင်ရုံများကဲ့သို့သော ဖျော်ဖြေမှုအပိုင်းများ၊ ကွန်ပျူတာမျက်နှာပြင်များတွင် အရေးအသားကို ပြသရန်အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့် စုတ်တံ၊ မှင်တံ သို့မဟုတ် ခဲတံများကဲ့သို့သော လက်ကိုင်ကိရိယာဖြင့် ရေးသားခြင်းများပြုလုပ်နိုင်သည်။ ထို့ထက် ထို့ထက်ပို၍ကား စာလုံးများကို ကွန်ပျူတာ ကီးဘုတ်များဖြင့် ပြုလုပ် ရယူနိုင်ကြပြီးဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်