အာဆင်နယ် အမျိုးသမီးဘောလုံးအသင်း

အာဆင်နယ် အမျိုးသမီးဘောလုံးအသင်း(အင်္ဂလိပ်: Arsenal Women Football Club) သည် အင်္ဂလန်နိုင်ငံမှ အမျိုးသမီးဘောလုံးအသင်း ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ်အမျိုးသမီးဘောလုံးလောက၏ အအောင်မြင်ဆုံးအသင်းဖြစ်သည်။

အာဆင်နယ်
အသင်းအမည်အာဆင်နယ် အမျိုးသမီးဘောလုံးအသင်း
အခြားအမည်The Gunners
တည်ထောင်နှစ်၁၉၈၇; ၃၇ နှစ် အကြာက (၁၉၈၇)Arsenal Ladies F.C.အဖြစ်
အိမ်ကွင်းMeadow Park
Borehamwood၊Hertfordshire
(လူဝင်ဆံ့မှု: ၄၅၀၂ (1,700 seated))
ပိုင်ရှင်Ivan Gazidis
ဥက္ကဋ္ဌClare Wheatley
မန်နေဂျာJoe Montemurro
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၈၇ ခုနှစ်တွင် Arsenal Ladies Football Club အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ သူတို့၏ ပထမဆုံးဖလားအနေဖြင့် ၁၉၉၁-၁၉၉၂ Women's League Cup ရရှိမှုဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် Women's Premier League ကို တန်းတက်ခဲ့သည်။ ထိုနှစ်တွင် အသင်းကို အပျော်တမ်းအသင်းမှ Semi-pro အဆင့်ပြောင်းလဲပြီး လစာများပေးခဲ့သည်။ အိမ်ကွင်းနှင့်ဝတ်စုံကို အမျိုးသားအသင်းနည်းတူ အသုံးပြုခဲ့သည်။ ၂၀၁၀ ခုနှစ်အရောက်တွင် ၁၇ ရာသီအတွင်း ချန်ပီယံ ၁၂ ကြိမ်၊ ဒုတိယ ၃ ကြိမ် ရပ်တည်ခဲ့သည်။ တန်းတက်တက်ခြင်း ချန်ပီယံဖြစ်ခဲ့သောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ၂၀၀၄ မှ ၂၀၁၀ အထိ ချန်ပီယံ ၇ ကြိမ်ဆက်တိုက်ရရှိခဲ့ပြီး ချန်ပီယံဘွဲ့ကို အရှည်ကြာဆုံး ထိန်းသိမ်းနိုင်သော အသင်းဖြစ်လာသည်။

၂၀၁၆ အပြီးတွင် အက်ဖ်အေဖလား ၁၄ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၁၀ ကြိမ် ရရှိခဲ့သည်။ ထို ၂ ခုကို တစ်နှစ်ထဲ ပူးတွဲချန်ပီယံအဖြစ် ၈ကြိမ် (၉၂-၉၃၊ ၉၄-၉၅၊ ၀၀-၀၁၊ ၀၃-၀၄၊ ၀၅-၀၆၊ ၀၆-၀၇၊ ၀၇-၀၈၊ ၀၈-၀၉) လိဂ်ဖလားအပါအဝင် ပြည်တွင်းဖလားချန်ပီယံ ၄ ကြိမ်တို့ ဖြစ်သည်။

၂၀၀၆-၂၀၀၇ ရာသီသည် အသင်း၏ အအောင်မြင်ဆုံးရာသီ ဖြစ်ခဲ့သည်။ ပြည်တွင်းဖလား ၃ လုံးအပြင် ချန်ပီယံလိဂ်ပါ ရယူနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ဖလားရခဲ့သော ပထမဆုံးအင်္ဂလန်ကလပ် ဖြစ်လာသည်။ ထို့အပြင် ကွန်မြူနတီဒိုင်း၊ london county FA women's cup တို့ကိုပါ ရယူခဲ့သည်။ တစ်ရာသီအတွင်း ရယူနိုင်မည့် ဖလား ၆ လုံးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုရာသီ၏ လိဂ်ပြိုင်ပွဲပေါင်း ၂၂ ပွဲကို ၁၀၀% အပြည့်အနိုင်ရပြီးစုစုပေါင်း ၁၁၉ ဂိုးသွင်းယူပြီး ပေးဂိုး ၁၀ ဂိုးသာပေးခဲ့ရသည်။ ထိုနှစ်တွင် professional အသင်း ဖြစ်လာသည်။ အားကစားသတင်းထောက်များကပေးသော ကော်မတီဆုကို ပါရခဲ့သည်။

၂၀၀၇-၂၀၀၈ ချန်ပီယံလိဂ်၊ ကွာတားဖိုင်နယ်တွင် အိုလံပီယာကော့ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။ လိဂ်ဖလားဗိုလ်လုပွဲတွင်လည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ၅ နှစ်ဆက်ထိန်းထားခဲ့ပြီး ၂၂ ပွဲတွင် ပွဲ ၂၀ နိုင်ပြီး ၂ ပွဲသရေကျခဲ့သည်။ အက်ဖ်အေချန်ပီယံလည်း ဖြစ်ခဲ့သည်။ ၂၀၀၈-၂၀၀၉ ရာသီတွင် အဲဗာတန်အသင်းကို ရှုံးနိမ့်ပြီး ၂၀၀၃ မှ ၂၀၀၉ အထိ ပရီးမီးယားလိဂ် ၅ ရာသီဆက်တိုက် ၁၀၈ ပွဲ ရှုံးပွဲမရှိစံချိန် ပျက်ခဲ့ရသည်။ ထို့အပြင် ၂၀၀၅ နိုဝင်ဘာမှ ၂၀၀၈ ဧပြီအထိ ၅၁ ပွဲဆက်တိုက် အနိုင်ရခဲ့ပြန်သည်။ နိုင်ပွဲဆက်မှုပျက်ခဲ့သော်လည်း ထိုနှစ်တွင် ပြည်တွင်းဖလား ၃ လုံးကို စတုတ္ထအကြိမ်အဖြစ် ရယူခဲ့သည်။ ထိုရာသီအပြီးတွင် အသင်း၏ အအောင်မြင်ဆုံးနည်းပြကြီး ဗစ်အေကာ အနားယူခဲ့သည်။ သူ့နေရာကို တိုနီဂါဗေ့စ်က တက်ခံခဲ့ပြီး ၈ လအကြာ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြင်ပဖိအားများပြားလှ၍ အနားယူခဲ့သည်။ သူ့နေရာကို အရံနည်းပြ လော်ရာဟာဗေးက ဆက်ခံကာ တိုနီမှာ အရံအသင်းနည်းပြ ဖြစ်လာသည်။

နောက်တစ်လတွင် အင်္ဂလန်နိုင်ငံ အမျိုးသမီးဘောလုံးအဖွဲ့ချုပ် (FA WSL) က အင်္ဂလန်နိုင်ငံ အမျိုးသမီးဘောလုံးလောက တည်ထောင်သူအဖွဲ့အနေဖြင့် စာရင်းသွင်းခဲ့သည်။ FA WSL အထိမ်းအမှတ်ပွဲကို ၂၀၁၁ နွေရာသီတွင် ကျင်းပခဲ့ပြီး အာဆင်နယ်ကပင် ၃ နှစ်ဆက်တိုက် အနိုင်ရခဲ့သည်။ နည်းပြ ဟာဗေးက အာဆင်နယ်၏ ၈ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလား (သူ၏ပွဲဦးထွက်ဖလား)ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရခဲ့သည်။

WSL ဖလား၊ အင်ဖ်အေဖလား၊ continental ဖလားတို့ကို ၂၀၁၁ တွင် ရယူခဲ့သည်။

၃ နှစ်အကြာ ၂၀၁၃ တွင် ဟာဗေးအနားယူပြီး နောက်ထပ်အမျိုးသမီးနည်းပြ ရှယ်လေကာက တာဝန်ယူခဲ့သည်။ အက်ဖ်အေဖလား ၂ ကြိမ်၊ continental ဖလားတစ်ကြိမ် ရခဲ့သည်။ ၂၀၁၃ ရာသီတွင် ပရီးမီးယားလိဂ်တွင် တတိယနေရာသာ ရခဲ့သည်။ ၂၀၁၄ ရာသီ၏ အစ ၄ ပွဲတွင် တစ်မှတ်သာရခဲ့ပြီး ချန်ပီယံလိဂ်မှ စောလျင်စွာထွက်ခဲ့ရ၍ ရှယ်လေကာ ထွက်ခဲ့ရသည်။

၂၀၁၄ ဇွန်လ ၁ ရက်တွင် အက်ဖ်အေဖလားရခဲ့သည်။ အမျိုးသားအသင်း၏ အက်ဖ်အေဖလားရယူအပြီး ၂ ပတ်အကြာတွင် ရယူခဲ့၍ အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ အက်ဖ်အေဖလား တစ်ပြိုင်နက် ရခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဇူလိုင်လတွင် Arsenal Women Football Club အဖြစ် အမည်ပြောင်းခဲ့သည်။

ကစားသမားများ ပြင်ဆင်ရန်

 

လက်ရှိကစားသမားစာရင်း ပြင်ဆင်ရန်

As of 12 July 2018.[၁]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1   GK Sari van Veenendaal
3   DF Emma Mitchell
6   MF Leah Williamson
7   MF Daniëlle van de Donk
8   MF Jordan Nobbs
9   FW Danielle Carter
10   MF Kim Little
11   FW Vivianne Miedema
12   DF Jessica Samuelsson
No.   နေရာ   ကစားသမား
15   FW Katie McCabe
16   DF Louise Quinn
17   FW Lisa Evans
18   GK Pauline Peyraud-Magnin (fr)
19   MF Lia Walti
20   MF Dominique Janssen
21   DF Tabea Kemme
22   MF Viktoria Schnaderbeck
23   FW Beth Mead

အောင်မြင်မှုများ ပြင်ဆင်ရန်

ပြည်တွင်း ပြင်ဆင်ရန်

၂၀၁၁၊ ၂၀၁၂[၂]
၁၉၉၂-၁၉၉၃၊ ၁၉၉၄-၁၉၉၅၊ ၁၉၉၆-၁၉၉၇၊ ၂၀၀၀-၂၀၀၁၊ ၂၀၀၁-၂၀၀၂၊ ၂၀၀၃-၂၀၀၄၊ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆၊ ၂၀၀၆-၂၀၀၇၊ ၂၀၀၇-၂၀၀၈၊ ၂၀၀၈-၂၀၀၉၊ ၂၀၀၉-၂၀၁၀[၂]
၁၉၉၂-၁၉၉၃၊ ၁၉၉၄-၁၉၉၅၊ ၁၉၉၇-၁၉၉၈၊ ၁၉၉၈-၁၉၉၉၊ ၂၀၀၀-၂၀၀၁၊ ၂၀၀၃-၂၀၀၄၊ ၂၀၀၅-၂၀၀၆၊ ၂၀၀၆-၂၀၀၇၊ ၂၀၀၇-၂၀၀၈၊ ၂၀၀၈-၂၀၀၉၊ ၂၀၁၀-၂၀၁၁၊ ၂၀၁၂-၂၀၁၃၊ ၂၀၁၃-၂၀၁၄၊ ၂၀၁၅-၂၀၁၆[၂]
၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈[၂]
၁၉၉၁-၁၉၉၂၊ ၁၉၉၂-၁၉၉၃၊ ၁၉၉၃-၁၉၉၄၊ ၁၉၉၇-၁၉၉၈၊ ၁၉၉၈-၁၉၉၉၊ ၁၉၉၉-၂၀၀၀၊ ၂၀၀၀-၂၀၀၁၊ ၂၀၀၄-၂၀၀၅၊ ၂၀၀၆-၂၀၀၇၊ ၂၀၀၈-၂၀၀၉[၂]
၂၀၀၀ (shared) ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၈[၂]

ဥရောပ ပြင်ဆင်ရန်

ကောင်တီ ပြင်ဆင်ရန်

၁၉၉၄-၁၉၉၅၊ ၁၉၉၅-၁၉၉၆၊ ၁၉၉၆-၁၉၉၇၊ ၁၉၉၉-၂၀၀၀၊ ၂၀၀၃-၂၀၀၄၊ ၂၀၀၆-၂၀၀၇၊ ၂၀၀၇-၂၀၀၈၊ ၂၀၀၈-၂၀၀၉၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၀-၂၀၁၁[၂]

ကိုးကား ပြင်ဆင်ရန်