အာဆီယံဘောလုံးအဖွဲ့ချုပ်

အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[၁]

အာဆီယံဘောလုံးအဖွဲ့ချုပ်
ASEAN Football Federation
(AFF)
AFF အမှတ်တံဆိပ်
ဖွဲ့စည်းခြင်း၃၁ ဇန်နဝါရီ ၁၉၈၄[၁]
အမျိုးအစားအားကစားအဖွဲ့ချုပ်
ဌာနချုပ်မလေးရှားနိုင်ငံ ပီတလင်း ဂျာယားမြို့ ဆလန်ဂေါ
အဖွဲ့ဝင်များ
အဖွဲ့ဝင်၁၂နိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ ဗိုလ်ချုပ် ကီအတ် စာမတ်[၂]
ဝက်ဘ်ဆိုဒ်aseanfootball.org/v3/

၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယားလာအိုမြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။

၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။

ဥက္ကဋ္ဌများ ပြင်ဆင်ရန်

ဥက္ကဋ္ဌ တာဝန်ထမ်းနှစ်
  အိတ်ချ်.ကာဒိုနို ၁၉၈၄–၁၉၉၄
  ဗီဂျစ် ကတ်ကော ၁၉၉၄–၁၉၉၆
  တန်ကူ တန် စရီဒါတို' ဆယ်ရီအာမက် ရစ်သာအူဒင် ၁၉၉၆–၁၉၉၈
  စူလ်တန်ဟာဂျီ အာမက်ရှား ၂၀၀၇–၂၀၁၉
  ဗိုလ်ချုပ် ကီအတ် စာမတ် ၂၀၁၉–၂၀၂၃

အဖွဲ့ဝင်များ ပြင်ဆင်ရန်

AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။

ကုဒ် အဖွဲ့ချုပ် ပါဝင်သည့်ခုနှစ်
AUS   ဩစတြေးလျ ၂၀၁၃
BRU   ဘရူနိုင်း ၁၉၈၄
CAM   ကမ္ဘောဒီးယား ၁၉၉၆
IDN   အင်ဒိုနီးရှား ၁၉၈၄
LAO   လာအို ၁၉၉၆
MAS   မလေးရှား ၁၉၈၄
MYA   မြန်မာ ၁၉၉၆
PHI   ဖိလစ်ပိုင် ၁၉၈၄
SIN   စင်ကာပူ ၁၉၈၄
THA   ထိုင်း ၁၉၈၄
TLS   အရှေ့တီမော ၂၀၀၄
VIE   ဗီယက်နမ် ၁၉၉၆

ယှဉ်ပြိုင်မှုများ ပြင်ဆင်ရန်

နိုင်ငံတကာ ပြင်ဆင်ရန်

အာဆီယံ​ဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။

ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

ကလပ် ပြင်ဆင်ရန်

ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။

ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။

လက်ရှိချန်ပီယံများ ပြင်ဆင်ရန်

အဆင့်သတ်မှတ်ချက်များ ပြင်ဆင်ရန်

Elo အဆင့်သတ်မှတ်ချက် ပြင်ဆင်ရန်

အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။

AFF AFC Elo နိုင်ငံ အဆင့်သတ်မှတ်ချက် +/−*
1 4 48   ဩစတြေးလျ 1673   4
2 15 111   ဗီယက်နမ် 1370   8
3 20 129   ထိုင်း 1326   17
4 33 154   အင်ဒိုနီးရှား 1224   7
5 24 172   ဖိလစ်ပိုင် 1131   2
6 32 173   မလေးရှား 1127   2
7 34 177   စင်ကာပူ 1106  
8 26 186   မြန်မာ 1054  
9 36 204   ကမ္ဘောဒီးယား 839   7
10 41 222   လာအို 689   1
11 44 227   အရှေ့တီမော 637  
12 43 229   ဘရူနိုင်း 619  

Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။

အမျိုးသမီးလက်ရွေးစင်အသင်းများ ပြင်ဆင်ရန်

ပေးအပ်သောဆုများ ပြင်ဆင်ရန်

အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။

အာဆီယံချစ်ကြည်ရေးဆု ပြင်ဆင်ရန်

နှစ် လက်ခံရရှိသူ
၂၀၁၃   စူလ်တန်ဟာဂျီ အာမက်ရှား
၂၀၁၆   ဦးဇော်ဇော်

AFF အကောင်းဆုံးအဖွဲ့ချုပ်ဆု ပြင်ဆင်ရန်

နှစ် အဖွဲ့ချုပ်
၂၀၁၃   မြန်မာ
၂၀၁၅   မြန်မာ
၂၀၁၇   ဗီယက်နမ်
၂၀၁၉   အင်ဒိုနီးရှား

AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု ပြင်ဆင်ရန်

နှစ် လက်ရွေးစင်အသင်း (အမျိုးသား) လက်ရွေးစင်အသင်း (အမျိုးသမီး)
၂၀၁၃   စင်ကာပူ   ဗီယက်နမ်
၂၀၁၅   ထိုင်း   ထိုင်း
၂၀၁၇   ထိုင်း   ထိုင်း
၂၀၁၉   ဗီယက်နမ်   ထိုင်း

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား) ပြင်ဆင်ရန်

နှစ် အမည် ကလပ်
2013   ရှာရီးလၲ အီရှတ်ခ်   LionsXII
2015   ချာနာသစ် စုန်ခရာစင်   ဘီအီးစီ တယ်ရိုဆာစနာ
2017   ချာနာသစ် စုန်ခရာစင်   မွန်သောင်ယူနိုက်တက်
2019   ငုယင်ကွမ်ဟိုင်း   ဟနွိုင်း

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး) ပြင်ဆင်ရန်

နှစ် အမည် ကလပ်
2013   ဒေါင်သီခူသရင်   ဟိုချီမင်းစီးတီး I W.F.C.
2015   နီဆာ ရွန်ယန်   မြောက်ဘန်ကောက်တက္ကသိုလ်
2017   ဝါရာပွန် ဘွန်စင်း   ဘီဂျီ-ဘန်းဒစ်အေးရှား
2019   ပစ်စာမိုင်း ဆွမ်စိုင်း   ချုံဘူရီအားကစားကျောင်း

AFF အကောင်းဆုံးလူငယ်ကစားသမားဆု ပြင်ဆင်ရန်

နှစ် အမည် ကလပ်
2013   ကီယိုဗီယမ်ဖက် လစ်သီဒက်   အက်ဇ်ရာ
2015   အောင်သူ   ရတနာပုံ
2017   ဒွန်ဗန်ဟောင်   ဟနွိုင်း
2019   ဆူဖာနတ် မူအန်သာ   ဘူရီရမ်ယူနိုက်တက်

AFF အကောင်းဆုံးဖူဆယ်အသင်းဆု ပြင်ဆင်ရန်

နှစ် ဖူဆယ်လက်ရွေးစင်အသင်း
2013   ထိုင်း
2015   ထိုင်း
2017   ထိုင်း
2019   ထိုင်း

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ AFF - The Official Website Of The ASEAN Football Federation။ About AFF (20 March 2015)။ 20 March 2015 တွင် ပြန်စစ်ပြီး။
  2. Maj Gen Khiev Sameth is the new AFF president။ AFF (17 March 2019)။ 25 June 2019 တွင် ပြန်စစ်ပြီး။