အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

အာဖဂန်နစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် ၂၀ ရာစုအစပိုင်းမှစ၍ အာဖဂန်နစ္စတန်နိုင်ငံ၏ အလံပေါ်တွင် ပါဝင်လာခဲ့သည်။ အထိမ်းအမှတ်တံဆိပ်၏ နောက်ဆုံးသော ပုံတွင် အာရပ်ဘာသာစကားဖြင့် Shahada ကို ရေးထိုးထားသည်။ ထိုစာသား၏ အောက်တွင် မုခ်ပေါက်(Mihrab)နှင့် တရားဟောစင်မြင့်(Minbar) တို့ပါဝင်သော ဗလီပုံပါရှိသည်။[၁] ဗလီကိုတွဲလျက် အာဖဂန်နစ္စတန်နိုင်ငံ၏ အလံကို လွှင့်ထူထားသည်။ ဗလီ၏ အောက်၌ ရေးထိုးထားသောစာမှာ နိုင်ငံ၏ အမည်ဖြစ်သည်။ ဗလီအား ဂျုံနှံတို့ဖြင့် ဝန်းရံထားပြီး ၎င်းအောက်တွင် ဗြိတိသျှလက်အောက်မှ အာဖဂန်နစ္စတန်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ခုနှစ်ဖြစ်သော ဟိုက်ဂျရီနေပြက္ခဒိန်နှစ် ၁၂၉၈ ခုနှစ် (ဂရီဂေါရီးယန်းပြက္ခဒိန်၌ ၁၉၁၉ ခုနှစ်)ကို ရေးထိုးထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အသေးစိတ် အချက်အလက်များ
အသုံးပြုသူအာဖဂန်နစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ
စတင်အသုံးပြုခြင်း၂၀၁၃
အရံများဂျုံ
​ဆောင်ပုဒ်لَا إِلٰهَ إِلَّا ٱلله مُحَمَّدٌ رَسُولُ ٱلله
(shahada)

သမိုင်းတွင်အသုံးပြုခဲ့သော တံဆိပ်များ ပြင်ဆင်ရန်

ဆက်လက်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်